စ/ဆုံး
ဖြူလွလွ ဖေဖော်ဝါရီလအလွန် အဝါရောင်မတ်လရဲ့နွေဦးရာသီပင်လယ်ပြင်ကြီးက သူ့ကိုယ်ထဲမှာသိမ်းဆည်းထားတဲ့ မပူမအေး၊ ခပ်နွေးနွေးရေပြင်ကျယ်ကြီးကို အသုံးချပြီး ကျွန်တော်အပါအဝင် ဂေါ်ရင်ဂျီကမ်းခြေကို ရောက်လာတဲ့သူတိုင်းကို ဆွဲငင်ညို့ယူခေါ်ဆောင်နေတယ်။ ဂေါ်ရင်ဂျီကျွန်းဆိုတာ ဧရာဝတီတိုင်း၊ငရုတ်ကောင်းမြို့ကလေးကနေ လှေနဲ့တစ်ဆင့် ဆက်သွားရတဲ့ ကမ်းခြေကျွန်းလေး။ တစ်ခြား ကမ်းခြေတွေမှာလို ဟိုတယ်တွေကို တစ်နေရာထဲ စီတန်းဆောက်ထားတာမျိုးမဟုတ်ဘဲ ကျွန်းရဲ့တောင်ဘက်အခြမ်းနဲ့ မြောက်ဘက်အခြမ်း နှစ်ခြမ်းစီမှာ သပ်သပ်စီခွဲပြီး ဆောက်ထားကြတာ။
တောင်ဘက်အခြမ်းမှာတော့ ဟိုတယ်တွေ၊ ဘန်ဂလိုတွေအများကြီးရှိပေမဲ့ မြောက်ဘက်အခြမ်းမှာတော့ကျွန်တော်တို့ ဟိုတယ်တစ်ခုပဲရှိတယ်။ ကျွန်းရဲ့ပထဝီမြေပြင်အနေအထားအရလည်း ဒီဘက်အခြမ်းက ဟိုတယ်တွေ အများကြီးဆောက်ဖို့ မလွယ်လှဘူး။ ဒါပေမဲ့ ရေကူးဖို့ကမ်းခြေတွေနဲ့ ကြည်လင်နေတဲ့စိမ်းပြာပြာရေပြင်ကျယ်တွေကိုတော့ ဒီဘက်အခြမ်းမှာပိုပြီး တွေ့ရလွယ်တယ်။ ဒီဘက်အခြမ်းမှာ ရေပိုသန့်ရတဲ့အကြောင်းရင်းက လူလာတာနည်းလို့လည်းပါမယ်။ လူတွေဆိုတာက ကမ္ဘာကြီးရဲ့ဘက်တီးရီးယားမဟုတ်တဲ့ ဗိုင်းရပ်စ်တွေလေ။
ငွေရေးကြေးရေးအနေနဲ့ဆိုရင်တော့ ကျွန်တော်တို့ဟိုတယ်ကဈေးပိုကြီးတယ်လို့ ပြောလို့ရမယ်။ ကျွန်းရဲ့နေရာကောင်းမှာ တစ်သီးတည်းဖွင့်ထားတာဆိုတော့ တစ်ခြား ရွေးချယ်စရာရှိတဲ့ဟိုတယ်တွေထက် နည်းနည်းတော့ ဈေးပိုများတာပေါ့။ ဟိုတယ်ဘေးက ကမ်းစပ်အတိုင်းလျှောက်သွားရင် လူသူအရောက်အပေါက်နည်းတဲ့ ဖွေးဖွေးလှုပ်နေတဲ့သဲတွေ ဖြန့်ခင်းထားတဲ့ သောင်ပြင်ကမ်းခြေလေးတွေရှိကြတယ်။ ကျွန်းလယ်နားလောက်မှာရှိတဲ့ ရွာထဲကလူတွေက ညဆိုဒီဘက်ကိုမလာကြဘူး။ ဧည့်သည်တွေလည်း ညဘက်ဆို ဒီဘက်ထွက်လာခဲတယ်။
ဒီနေရာကနေတစ်ဆင့် တောင်ဘက်စူးစူးက ခြုံတွေအပင်တွေကို ဖြတ်ထွက်လိုက်ရင် နောက်ထပ်ကမ်းစပ်လေးတစ်ခု ရှိသေးတယ်။ အဲဒိနေရာက သိပ်လှတယ်။ ဒါပေမဲ့တော်ရုံတန်ရုံတော့ မသွားကြတာများတယ်။ နေ့ဘက်တောင် လမ်းကျွမ်းကျင်မှ သွားတတ်တာဆိုတော့ ညဘက်သွားဖို့ဆိုတာ တော်ရုံတန်ရုံမစဉ်းစားကြတော့ဘူးလေ။ အဲဒါကြောင့် ကျွန်တော်ကတော့ ဒီဘက်ကမ်းစပ်လေးမှာပဲ ကျက်စားဖြစ်တာ များတယ်။ လူသူအရောက်အပေါက်နည်းပါတယ်ဆိုတဲ့ ကမ်းစပ်လေးကဘယ်လောက်ပဲလှလှ ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေအတွက်တော့ မတန်လှဘူးလားလို့။
လှိုင်းသံတွေက ဝေါခနဲတစ်ဖြတ်၊ ဝုန်းခနဲတစ်ဖြတ် အချင်းချင်းတိုက်ဖြတ်ဆူညံနေကြတယ်။ ပင်လယ်ဆားငန်ရေနံ့က မဖိတ်ခေါ်ဘဲအတင်းဝင်လာပေမဲ့ ဧည့်ခံချင်စရာ၊ နှစ်လိုဖွယ်ဧည့်သည်တစ်ယောက်လို နှာခေါင်းထဲတိုးဝင်လာတယ်။ သဲသောင်ပြင်ပေါ်မှာ ဒူးနှစ်ချောင်းကိုကပ်ပြီးထောင်ကာထိုင်ရင်း လက်နှစ်ဖက်ကိုကျောနောက်မှာ ထောက်ချ၊ မျက်နှာကို အပေါ်မော့ပြီး ပင်လယ်လေတွေကို တဝကြီးရှူပလိုက်တယ်။ မျက်လုံးတွေကို မှိတ်ထားပြီး ပင်လယ်ရဲ့ရနံ့၊ လှိုင်းလုံးတွေရဲ့အသံထဲ စီးမျောပစ်လိုက်တယ်။ ပင်လယ်ပြင်ကြီးက သဘာဝရဲ့ဂစ်တာကြီးတစ်လုံးသာဆိုရင် ရေလှိုင်းတွေက တီးခတ်ပေးတာခံရမယ့် သံစဉ်ကြိုးတွေဖြစ်မယ်။
အတွေးတွေကိုခါချ၊ ပစ္စုပ္ပန်ကိုရှေးရှုပြီး၊ အပေါ်ရှပ်အင်္ကျီကိုချွတ်ကာ အနားကကျောက်ဆောင်တစ်ခုပေါ်ပစ်တင်လိုက်တယ်။ ဂျင်းဘောင်းဘီကိုပါ ချွတ်ချလိုက်တော့အောက်မှာ ပေါင်အလယ်မရောက်တရောက်အတွင်းခံအပွသားလေးက လေအတိုက်မှာလွင့်ပြီး ကိုယ်ပေါ်မှာကပ်နေတယ်။ ဂျင်းဘောင်းဘီကို ခုနကျောက်ဆောက်ပေါ်ပဲ ပစ်တင်လိုက်တယ်။ ညရဲ့ အမည်းရောင်ကို ခေတ္တငှားယူသုံးစွဲထားတဲ့ ညိုမြမြသဲပြင်ကြီးကိုဖြတ်ပြီး ပင်လယ်ထဲဖြေးဖြေးချင်း ဆင်းလိုက်တယ်။ ပူနွေးတဲ့ခြောက်သွေ့မှုတို့ရဲ့ အဆုံးသတ်မှာ ပထမဆုံးခံစားမိတာက စိုစွတ်စွတ်သဲပြင်အောက် အိခနဲ၊ အိခနဲ မြုပ်မြုပ်ဝင်သွားတဲ့ ခြေဖဝါးတွေ။ ရှေးခေတ်တရုတ်ကချေသည်တွေလို နွဲ့နှောင်းကာ ရစ်ပါတ်တက်လာတဲ့ ရေတွေကခြေဖဝါးကနေတစ်ဆင့် ခြေမျက်စိအထိ ရောက်လာတယ်။ ဖြည်းဖြည်းချင်း၊ ဖြည်းဖြည်းချင်း ကျွန်တော့်တစ်ကိုယ်လုံးကို ရစ်ပွေ့ထွေးယူသွားတယ်။ ပင်လယ်ကြီးရဲ့ အပွေ့နဲ့အတူ ကိုယ်ကိုစောင်းပြီး ပင်လယ်ထဲ ထိုးစိုက်ချလိုက်တယ်။
စေးကပ်ကပ် ပင်လယ်ရေတွေက မျက်နှာပေါ်ဖွာခနဲ လွင့်စင်ထွက်သွားတယ်။ လက်နှစ်ဖက်ကို တစ်ဖက်ပြီးတစ်ဖက် ရှေ့ကိုဆန့်ထုတ်ရင်း ခြေဖဝါးနှစ်ဖက်ကိုရေပြင်တွေမှာ ရိုက်ခတ်ကာ ပင်လယ်ပြင်ကြီးဆီ တစ်စထက်တစ်စ တိုးဝင်သွားတယ်။ အကြမ်းဖက်မှုကို ကလူကျီစယ်အသွင်ဟန်ဆောင်ထားတဲ့ လှိုင်းလုံးကြီးတွေပုတ်ထုတ်လိုက်ရင်တော့ ကမ်းစပ်ဘက်ပြန်ရောက်လာတယ်။ ဘယ်လိုပဲ ပင်လယ်ပြင်ကြီးက တွန်းထုတ်နေပါစေကျွန်တော်ကတော့ အချိန်တန်ရင် ပင်လယ်ထဲပြန်တိုးဝင်သွားတာပဲ။ ပင်လယ်ပြင်ထဲမှာ ဟိုဘက်၊ ဒီဘက် ကူးသန်းရင်း နောက်ဆုံးမောလာတဲ့အခါမှ ကမ်းခြေဘက်ကို ပြန်ကူးလာလိုက်တော့တယ်။
သဲသောင်ပြင်ပေါ်မှာ ခဏလှဲရင်း ကောင်းကင်ကြီးကိုကြည့်မိတော့ လကြီးက နည်းနည်းလေးပဲ့နေတာကလွဲလို့ ထိန်နေတာပဲ။ ပါလာတဲ့ တဘတ်အပါးလေးနဲ့ ခေါင်းကရေတွေကို နည်းနည်းခြောက်သွားအောင် သုတ်လိုက်တယ်။ မျက်နှာနဲ့ ကိုယ်အပေါ်ပိုင်းကိုသုတ်ပြီးတော့ ရေစိုပြီး ကပ်နေတဲ့ ဘောင်းဘီတိုလေးကို ချွတ်ချလိုက်တယ်။ ခြေထောက်၊ ပေါင်နဲ့ တင်ပါးတွေကို တဘက်အပါးလေးနဲ့သုတ်လိုက်တော့ ရေတွေလုံးလုံးပြောင်မသွားပေမဲ့ ကိုယ်ပေါ်မှာ နည်းနည်းလောက်ပဲ ကျန်တော့တယ်။ တရှပ်ရှပ် ပေနေတဲ့သဲတွေက နည်းနည်းတော့ စိတ်ရှုပ်စရာကောင်းပေမဲ့ အကျင့်ဖြစ်နေလို့လားမသိဘူး။ သိပ်တော့ အာရုံထဲမထားမိဘူး။ ရေမကူးခင်က ကျောက်ဆောင်ပေါ်ပစ်တင်လိုက်တဲ့ ဂျင်းဘောင်းဘီကိုပြန်ဝတ်၊ ရှပ်အင်္ကျီကို ပုခုံးပေါ်ကောက်တင်လိုက်ပြီး ခဏလောက်ပြန်ထိုင်ရအောင်လှည့်ကြည့်လိုက်တော့ သောင်ပြင်ပေါ်မှာလူတစ်ယောက်။
ခပ်တည်တည်ပဲ ကျွန်တော့်ကိုကြည့်နေတာ။ သူ့အရပ်က တော်တော်ရှည်တယ်။ ဟာဝိုင်အီရှပ်အင်္ကျီရယ်၊ ဘောင်းဘီတိုလေးရယ်နဲ့။ ဘောင်းဘီက တိုလွန်းတော့ပေါင်ရင်းနားအထိတောင် ရောက်နေတယ်။ အရာဝတ္ထုတွေကို အရိပ်တွေအသွင်နဲ့ သဲကွဲစွာမြင်နိုင်ပေမဲ့ ပုံစံတစ်ခုချင်းကို အသေးစိတ်၊ ခွဲခြမ်းစိတ်ဖြာဖို့ရာမစွမ်းသာတဲ့ လရောင်အောက်မှာ သက်လတ်ပိုင်းလူတစ်ယောက်ရဲ့ပုံစံကို ရေးတေးတေးသရုပ်ဖော်မိတယ်။ မေးရိုးခပ်ကားကားနဲ့ ပါးရိုးကျတဲ့ပုံကိုကြည့်ရတာတော့ ချောတဲ့သူမဟုတ်တောင်၊ ကြည့်လို့ကောင်းတဲ့ ရုပ်မျိုးဖြစ်မယ်။ ဒါပေမဲ့သူ့ရဲ့မျက်လုံးတွေက အမှောင်ရိပ်ကိုအားပြုကာ စူးစူးရဲရဲ တောက်ပနေကြတယ်။ သူကြည့်နေတဲ့ပုံက ကိုယ်ကတောင်ပြန်ပြီး ရှို့တိုးရှန်းတန်းဖြစ်ရမယ့် အနေအထားမှာရှိတယ်။
သူကသောင်ပြင်ပေါ်မှာ ဒူးနှစ်ချောင်းထောင်ပြီး သဘာဝတရားကြီးကို ရှုစားနေသလိုလို၊ အေးအေးချမ်းချမ်းနဲ့။ ကျွန်တော်ဘယ်တုန်းကမှ သူ့ရှေ့မှာ တစ်ကိုယ်လုံးချွတ်ပြီး အဝတ်မလဲခဲ့တဲ့အတိုင်းပဲ။ ဒါမှမဟုတ် ကျွန်တော့်ကို သဘာဝတရားကြီးရဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ပဲ ယူဆလိုက်တာလား။ ကျွန်တော်ကြည့်နေတာမြင်သွားတော့ သူကမေးတစ်ချက်ဆတ်ကာ ပြုံးပြတယ်။ ကျွန်တော်ကတော့ သူများအဝတ်လဲတာကို မရှက်မရွံ့ကြည့်နေရဲတဲ့၊ ကြက်သီးထချင်စရာကောင်တစ်ကောင်ကို ပြုံးပြချင်စိတ်အလျင်းမရှိ။ ဒါပေမဲ့ ဒီလိုလူတစ်ယောက်အတွက် စိတ်အနှောက်အယှက်ဖြစ်ရလောက်အောင်လည်း ညကလှလွန်းနေတယ်။
သူနဲ့ ခပ်လှမ်းလှမ်းမှာ သွားထိုင်ပြီး ပင်လယ်လေတွေကိုတဝကြီးရှူချရင်း ခဏကြာတော့သဲသောင်ပြင်ပေါ်ခြေပစ်လက်ပစ် လှဲချလိုက်တယ်။ ရေကူးထားတာ ပင်ပန်းနေတဲ့အရှိန်နဲ့ မျက်လုံးတွေက မှေးစင်းလာတယ်။ အိပ်ပျော်သွားတာ ခဏပဲကြာမှာပါ။ ဒါပေမဲ့ ကျွန်တော်ပြန်နိုးလာတော့ ကျွန်တော့်အဝတ်ဗလာကိုယ်ပေါ်မှာ ဟာဝိုင်အီရှပ်တစ်ထည်ကို လွှားခြုံထားတယ်။ ဆတ်ခနဲဘေးဘီကို ထကြည့်ကြည့်တော့ ဘယ်သူမှမတွေ့တော့ဘူး။
ရှပ်အင်္ကျီက ချွေးနံ့ရယ်၊ ရေမွှေးနံ့တစ်မျိုးမျိုးရယ် ရောနေတဲ့အနံ့ ထွက်နေတယ်။ လူတိုင်းမှာ မတူညီတဲ့ကိုယ်သင်းနံ့တွေ ရှိတယ်တဲ့။ ဒီလူရဲ့ အငွေ့အသက်တွေ ကျန်ခဲ့တာပဲဖြစ်မယ်။ ရှပ်အင်္ကျီကို ကောက်ဝတ်လိုက်ပြီး ဟာဝိုင်အီရှပ်လေးကို ပခုံးပေါ်ပစ်တင်လိုက်တယ်။ အခုမှ နည်းနည်းချမ်းလာ သလိုလို။ သောင်ပြင်တစ်လျှောက် လမ်းလျှောက်ရင်း ဟိုတယ်ဘက်ကို ပြန်လာခဲ့လိုက်တယ်။ လေတိုက်လိုက်တိုင်း ပုခုံးပေါ်က ရှပ်အင်္ကျီကနေအနံ့တစ်မျိုး နှာခေါင်းထဲကိုတိုးတိုးဝင်လာတယ်။ တစ်ချက်တော့ ရှိုက်ပြီးရှူကြည့်လိုက်မိတယ်။
မျက်စိနှစ်လုံးကို အားယူဖွင့်ပြီး ကုတင်ဘေးက စင်လေးပေါ်တင်ထားတဲ့ စားပွဲတင်နာရီအဝိုင်းလေးကို လှမ်းကြည့်လိုက်တော့ လက်တံတွေက ၇နာရီစွန်းစွန်းကို ညွှန်ပြနေကြတယ်။ တောင်ပေါ်ကနေ ဖျာပြီးကျလာတဲ့ နေရာင်တစ်ချို့က မှန်ပြတင်းပေါက်ကိုဖြတ်ပြီး အခန်းထဲမှာ နေရာယူစပြုနေပြီ။ ဒီအချိန်ဆို ဖေဖေနဲ့ မေမေ မနက်စာစားနေကြလောက်ပီ။ တတ်နိုင်သမျှ ဖေဖေနဲ့ကော၊ မေမေနဲ့ပါ မျက်နှာချင်းဆိုင်ချင်စိတ် အလျင်းမရှိ။ သူ့တို့မျက်လုံးထဲမှာ ကျွန်တော်က မဆုံးနိုင်တဲ့ အတားအဆီးတွေရဲ့ တမာန်တော်။ လူကြီးတွေနဲ့ အဆင်ပြေပြေ မဆက်သွယ်နိုင်သေးတဲ့ ဆယ်ကျော်သက်အရွယ်မို့လို့ ဒီလိုတွေ စွတ်စွဲပြောနေတာလို့ ထင်ကောင်းထင်ကြလိမ့်မယ်။ အဲဒိလိုဖြစ်ရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ ဝမ်းနည်းစရာကောင်းစွာပဲ အမှန်တရားက ကျွန်တော်ရဲ့ထင်မြင်ယူဆချက်နဲ့ မအပ်စပ်ဘဲ ဓမ္မဓိဌာန်ကျကျတည်ရှိနေခဲ့တယ်။
အချိန်တစ်ချို့ကနေ ထွက်ပြေးဖို့ ကုတင်ပေါ်မှာပဲ ဖုန်းကိုဖွင့်ပြီး ဟိုပွတ်၊ ဒီပွတ် ပွတ်ဆွဲနေလိုက်တယ်။ ၇နာရီခွဲလောက်မှ သွားတိုက်၊ မျက်နှာသစ်ပြီး အပြင်ထွက်လာတော့ ဖေဖေကအိမ်မှာမရှိတော့ဘူး။ ဘန်ဂလိုတွေဘက် စနည်းနာဖို့ရယ်၊ ဟိုတယ်ကိစ္စလုပ်စရာရှိတာတွေ လုပ်ဖို့ရယ်အတွက် ထွက်သွားတာထင်တယ်။
မေမေက တစ်ယောက်တည်း ပန်းကန်တွေဆေးနေရင်း ကျွန်တော့်ကိုတွေ့တော့
"ထမင်းကြော် ထားတယ်။ စားလိုက်အုံး။ စားပြီးရင် ရွာထဲမှာ ဂဏန်း ၁ပိဿာလောက် သွားဝယ်ပေးအုံး။ ပိုက်ဆံစားပွဲပေါ်မှာ တင်ထားတယ်"
"ဟုတ်"
ကျွန်တော် တစ်ခွန်းပြောပြီး စားပွဲပေါ်ကပိုက်ဆံကို ဘောင်းဘီအိတ်ထဲ ထည့်လိုက်တယ်။ ပြီးတော့ စားစရာရှိတာစားရင်း ထမင်းစားပွဲရှေ့က ပြတင်းပေါက်ကနေ အပြင်ကို ငေးနေလိုက်တယ်။ ထမင်းစားပွဲက ပင်လယ်ဘက်ကို လှည့်ထားတာဆိုတော့ ပြတင်းပေါက်ကနေကြည့်လိုက်ရင် ကျောက်ဆောင်တွေကို တဝုန်းဝုန်းရိုက်ခတ်နေတဲ့ လှိုင်းလုံးတွေရယ်၊ စိမ်းဖျော့ဖျော့ရောင် မနက်ခင်း ပင်လယ်ပြင်ကြီးရယ်ကို မြင်နေရတယ်။ နေရောင်ပါးပါးလေးက ဇာပဝါစလေးတစ်စကို ပင်လယ်ပြင်ကြီးတစ်ခုလုံး လွှမ်းခြုံပေးထားသလိုမျိုး အေးချမ်းစွာနဲ့ ကျက်သရေရှိနေတယ်။
မေမေက ပန်းကန်ဆေးပြီးတာနဲ့ လက်သုတ်ပြီး မီးဖိုချောင်က ထွက်သွားတယ်။ ဟိုတယ်မီးဖိုချောင်ကို သွားမလို့လား မသိဘူး။ ဟိုတယ်မီးဖိုချောင်က ဟိုတယ်ဘန်ဂလိုလေးတွေနားမှာ သပ်သပ်အဆောင်လေးတစ်ခုနဲ့။ ဟိုတယ်ထမင်းစားခန်းကလည်း မီးဖိုချောင်နားမှာပဲ။ နှစ်ခုလုံးက ပင်လယ်ဘက်ကို စောင်းသွားတဲ့ တောင်ကုန်းရဲ့ ဆင်ခြေလျှောဘက်အခြမ်းမှာ ဆောက်ထားတာ။ အဲဒါကြောင့် ဘန်ဂလိုတွေကနေ ထမင်းစားခန်းကိုလာချင်ရင် ဆင်ခြေလျှောလှေကားထစ်လေးတွေကနေတစ်ဆင့် ဆင်းရတယ်။ ထမင်းစားခန်းက ကျောက်ဆောင်ကြီးပေါ်မှာ လေးဘက်လေးတန်အပွင့်နဲ့ဇရပ်ပုံစံမျိုး ဆောက်ထားတာ။
ပင်လယ်ဘက်အခြမ်းကနေ အောက်ကို လှမ်းကြည့်လိုက်ရင် ကျောက်ဆောင်မတ်မတ်ကြီးတွေရယ်။ ကျောက်ဆောင်တွေကို လာတိုက်နေတဲ့ရေတွေရယ်ကို မြင်ရတယ်။ တစ်ဝူးဝူးတိုက်ခတ်နေတဲ့လေကြောင်းက ထမင်းစားဇရပ်လေးမှာ အမြဲဧည့်ခံနေလေ့ရှိတယ်။ မိုးရာသီဆိုရင် မိုးစက်မှုန်လေးတွေက လေကြောင်းနဲ့အတူ ဖွားဖွားလေး စင်နေတတ်တယ်။ မိုးနံ့နဲ့အတူ မျက်နှာပေါ်ကိုအေးခနဲ၊ အေးခနဲ ဖြာကျလာတတ်တဲ့မိုးရေစက်တွေက အေးစက်စက် လေလှိုင်းတွေကြားမှာ အရာအားလုံးကိုမေ့ပျောက်သွားစေတယ်။
ပင်လယ်ဘက်ကို မျက်နှာမူပြီး အရပ်မျက်နှာယူဆလိုက်မယ်ဆိုရင် ဘယ်ဘက်အခြမ်းမှာ မီးဖိုချောင်အဆောင်လေး။ ညာဘက်အခြမ်းမှာတော့ ကျောက်ဆောင်အစွန်းပေါ်မှာ သီးသန့်ဆောက်ထားတဲ့ ဘန်ဂလိုလေးရှိတယ်။ အဲ့ဒိဘန်ဂလိုလေးက ချစ်စရာတော်တော်ကောင်းတယ်။ ရထားတွဲလေးတစ်ခုကို ကျောက်ဆောင်ပေါ်တင်ပေးထားသလိုပဲ။ ဟိုတယ်က တောင်ကုန်းပေါ်မှာ ဘန်ဂလိုလေးတွေကို ဟိုတစ်စုဒီတစ်စုစီဆောက်ထားတဲ့ပုံစံမျိုး။ တောင်ကုန်းဆိုပေမဲ့ သိပ်မမြင့်ပါဘူး။ ခပ်နိမ့်နိမ့်လေးပါ။ လှေကားအတိုင်း အဆင်းအတက်လုပ်ရင် ခဏလေးပါပဲ။
စားသောက်ပြီးတော့ ပန်းကန်ဆေးပြီး အောက်ဆင်းလာလိုက်တယ်။ အောက်မှာရပ်ထားတဲ့ ဆိုင်ကယ်ကိုသော့ဖွင့်ပြီး ဆိုင်ကယ်မောင်းလို့ရတဲ့နေရာအထိ တွန်းလာရတယ်။ ဆိုင်ကယ်စီးလို့ရတဲ့နေရာရောက်မှ စက်နှိုးပြီး မောင်းထွက်လိုက်တယ်။ မနက်ခင်း ပင်လယ်လေတွေကလည်း အရသာတစ်မျိုးပဲ။ လေထုကိုထိုးခွဲရင်း ကျွန်တော့ဆံပင်တွေက လေပြင်ထဲမှာလွင့်မျောနေတယ်။ ကျွန်တော့ဆံပင်ပုံစံက ယောက်ျားလေးတစ်ယောက်အတွက် နည်းနည်းရှည်တဲ့အထဲမှာပါမယ် ထင်တယ်။ နောက်ပြီးလှိုင်းတွန့်ပုံစံလိုမျိုး နည်းနည်းလေးကောက်တယ်။
ပင်လယ်စာရောင်းတဲ့ ဒိုင်ဆီရောက်တော့ ဈေးရောင်းတဲ့အဘိုးကြီးက ဂုန်းတွေကိုအိတ်ကြီးထဲကနေ ဗုံးတစ်ဗုံးထဲ ပြောင်းထည့်နေတယ်။ ကျွန်တော်က
"အဘ။ ဂဏန်း တစ်ပိဿာလောက် လိုချင်လို့"
"ရွေးအုံးမလား"
"မရွေးတော့ဘူး အဘ။ အဆင်ပြေတာသာ ထည့်ပေးလိုက်တော့"
"အေး အေး။ ခဏစောင့်အုံး"
ခဏနေတော့ အိတ်ကြီးတစ်လုံးနဲ့ ဂဏန်းတွေ ကျွန်တော့ကို လှမ်းပေးတယ်။ အိတ်ကြီးကို လက်တစ်ဖက်ကလက်လွှဲယူပြီး နောက်တစ်ဖက်က ပိုက်ဆံလက်ထဲထည့်ပေးလိုက်တယ်။
"အဘ ဒီမှာပိုက်ဆံ"
"အေး အေး။ မင်းအမေကိုလည်း ပြောလိုက်အုံး။ အဆင်မပြေတာရှိရင် ပြောလို့"
"ဟုတ်ကဲ့ အဘ။ သွားမယ်နော်"
ဟိုတယ်တော့ မပြန်ချင်သေးဘူး။ ကမ်းခြေဘက်တစ်ပါတ်လောက် ဆိုင်ကယ်နဲ့ပါတ်လိုက်အုံးမယ်။ တောင်ဘက်ကမ်းခြေက တော်တော်ရှည်တယ်။ သဲသောင်ပြင်တွေလည်း အကျယ်ကြီး။ ကမ်းခြေတစ်လျှောက်မှာလည်း ဟိုတယ်တွေအများကြီးပဲ။ သောင်ပြင်ပေါ်မှာ ဆိုင်ကယ်စီးချင်လည်း အဆင်ပြေတယ်။ အလည်လာတဲ့သူတွေက ဆိုင်ကယ်တွေငှားပြီး အဲ့ဒိသောင်ပြင်ပေါ်မှာ စီးတတ်ကြတယ်။
ကမ်းခြေတစ်နေရာရောက်တော့ လူတစ်ချို့ စုစုစုစုနဲ့ အလုပ်ရှုပ်နေကြပုံပဲ။ ကျွန်တော်စက်ရပ်ပြီး ခပ်လှမ်းလှမ်းကနေ လှမ်းကြည့်နေလိုက်တယ်။ မှန်တွေ။ ဆလိုက်မီးတွေနဲ့။ သောင်ပြင်ပေါ်မှာလည်း ထီးတွေနဲ့၊ တစ်ချို့ကလည်း ခုံလေးတွေနဲ့ ထိုင်နေကြတယ်။ လူတစ်ယောက်က လက်ထဲမှာ စာရွက်တစ်ရွက်ကိုင်ပြီး ကိုယ်စီအလုပ်ရှုပ်နေကြတဲ့အုပ်စုတွေဆီ တစ်စုပြီးတစ်စု ကပ်ကပ်သွားပြီး တွတ်တွတ်တွတ်တွတ်ပြောလိုက်၊ ပြန်ထွက်လာလိုက်နဲ့။ ကျွန်းပေါ်က ကလေးတစ်ချို့ကလည်း အနားမှာ သူတို့အုပ်စုလေးတွေနဲ့သူတို့ အကဲခတ်နေကြတယ်။
စပ်စုချင်စိတ်နဲ့ ဆိုင်ကယ်ကိုတွန်းပြီး သူတို့နားကို ဖြည်းဖြည်းချင်း လျှောက်သွားကြည့်လိုက်တယ်။ တစ်ယောက်မျက်နှာ တစ်ယောက်မြင်နိုင်လောက်တဲ့ အကွာအဝေးရောက်တော့မှ မိတ်ကပ်ပြင်နေကြတဲ့သူတွေရော၊ စက်ပစ္စည်းတွေ ဆင်နေကြတဲ့သူတွေရောကို သေချာမြင်ရတော့တယ်။
စာရွက်တွေကိုင်ပြီး ဟိုလှန်ဒီလှန်လုပ်နေတဲ့လူကိုလည်း အခုမှပဲ သတိထားမိတော့တယ်။ ညကလူပဲ။ မျက်မှောင်ကုတ်ပြီး ဘာတွေပြောနေသလဲတော့ မသိ။
ဒူးနားထိရောက်တဲ့ စတိုင်ပန်လိုဘောင်းဘီမျိုးကို အပေါ်က အဖြူရောင်တီရှပ်အင်္ကျီနဲ့။ အပြာရောင်လျှာထိုးအုပ်ထုပ်တစ်လုံးက ခေါင်းပေါ်ခပ်စူးစူးဖြာကျနေတဲ့ နေရောင်ကို အံ့တုနေတယ်။ အသားက ခပ်ဖြူဖြူ။ ဒါပေမဲ့ ဖျော့တော့နေတဲ့ အဖြူရောင်မျိုးမဟုတ်ဘဲ ကြေးနီရောင်ဘက်သန်းတဲ့ ဝါစပ်စပ်၊ နီတီတီအဖြူရောင်မျိုး။ ခြေထောက်တွေကသွယ်ပြီး ကျစ်လျစ်နေတယ်။ ကိုယ်ပေါ်မှာ ကွက်တိကျနေတဲ့တီရှပ်ကြောင့် လက်တံရှည်ရှည်တွေရဲ့အဆုံးမှာ ကြွက်သားတစ်ချို့ရှိနေတာသိသာတယ်။
ကျွန်တော်ကြည့်နေတုန်းမှာပဲ ဆတ်ခနဲ ခေါင်းထောင်လာပြီး ပါတ်ဝန်းကျင်ကိုဝေ့ကြည့်ရင်း ကျွန်တော့ကိုတွေ့သွားပုံပေါ်တယ်။ တစ်ယောက်ယောက် ကိုယ့်ကိုကြည့်နေရင် အလိုလိုခံစားမိတယ်ဆိုတဲ့ လူတွေပြောကြတဲ့ ဆဌမအာရုံဆိုတာ များလား။ လူမိသွားသလို တစ်ကိုယ်လုံး ဖျန်းခနဲ ဖြစ်သွားတယ်။ သူက မျက်မှောင်ကြုတ်နေရာကနေ ချက်ချင်းပဲပြုံးပြတယ်။ shit ချောလိုက်တာ။ ညက သေချာမမြင်လိုက်ရတဲ့မျက်နှာက ခုမှ တော်တော်ဆွဲဆောင်မှုရှိမှန်း သတိထားမိတယ်။ သူက ပြုံးပြရုံတင်မက ကျွန်တော့ဆီကို တစ်လှမ်းချင်း လျှောက်လာတယ်။ ချက်ချင်းပဲ ဆိုင်ကယ်ကိုကွေ့ပြီး မောင်းထွက်လိုက်တယ်။ ဆိုင်ကယ်ပေါ်မှာ လေတဟူးဟူးနဲ့ စီးလာရင်း ခဏနေမှအခန်းထဲက ဟာဝိုင်အီရှပ်ကို သွားသတိရတယ်။ အင်္ကျီပြန်တောင်းမလို့ နေမယ်။ မျက်မှောင်တစ်ချက်ကုတ်ရင်း အရှက်လွန်ပြီးပြန်ပြေးလာတဲ့ ကိုယ့်နဖူးကိုယ်ပဲ ရိုက်ချလိုက်မိတော့တယ်။ ကိုယ့်အဖြစ်ကိုယ် စဉ်းစားရင်း တစ်လမ်းလုံး ပြုံးစိစိနဲ့၊ နည်းနည်းတော့ ရှက်စရာကောင်းတယ်လေ။
လေတိုက်ရာကနေ လန်သွားတဲ့စာရွက်တွေကို လက်နဲ့ ပြန်ဖိချရင်း ဖတ်လက်စ စာကြောင်းကိုပြန်ရှာ နေရတယ်။ ထမင်းစားတဲ့အဆောင်လေးက နေ့လည်ဘက်ထမင်းစားချိန်ကျော်ရင် လူမရှိတော့ အေးအေးဆေးဆေးဝတ္ထုတစ်အုပ်အုပ် ဖတ်နေလို့ရတယ်။ အောက်ကိုလှမ်းကြည့်လိုက်တော့ ကျောက်ဆောင်တွေကို ရေလှိုင်းတွေက ဝေါခနဲ၊ ဝေါခနဲ ရိုက်ခတ်နေကြတယ်။ ခပ်လှမ်းလှမ်းက ဖေဖေဖုန်းပြောနေတဲ့အသံကို ကြားနေရတယ်။ အခန်း booking တင်နေတာဖြစ်မယ်။
"ဟုတ်ကဲ့ နှစ်ယောက်နော်။ ဪ ဟုတ်။ တစ်ခန်းစီနော်။ check in က ၁၂နာရီဆိုတော့ အဲ့နောက်ပိုင်း လာလို့ရပါတယ်။
ဘိုကင်တင်တဲ့သူ နာမည်လေးတစ်ချက်လောက်။
ကိုဟန်ငြိမ်းနိုင်နော်? ဟုတ်ကဲ့ပါ။"
ဖေဖေက ဖုန်းပြောပြီးတာနဲ့ ကျွန်တော့ဘက်ကို လျှောက်လာပြီး
"၁နာရီလောက်ကျရင် ဧည့်သည် ၂ယောက် လာမယ်။ တစ်ပါတ်လောက်တည်းမယ် ထင်မယ်။ အဲဒါကူစရာရှိရင် ကူရအောင် ဒီမှာပဲ နေအုံး"
"ဟုတ်။ ဟုတ်ကဲ့"
ပင်လယ်လေ တဖြူဖြူးအောက်မှာ ဇိမ်ခံရင်း စိတ်ကဝတ္ထုစာအုပ်ထဲ ပြန်ရောက်သွားတယ်။ အချိန်ကုန်လို့ ကုန်သွားမှန်းတောင် မသိလိုက်။ လူသံတွေကြားတော့မှ သတိပြန်ဝင်လာတယ်။ အနားမှာ ကြွေကျထားတဲ့ သစ်ရွက်ခြောက်လေးတစ်ရွက်ကိုကောက်ပြီး စာအုပ်ကြားထဲညှပ်ထားလိုက်တယ်။ ပြီးတော့ ချက်ချင်းပဲ လော်ဘီလုပ်ထားတဲ့ ဘန်ဂလိုလေးဆီ ခပ်သုတ်သုတ် လျှောက်သွားလိုက်တယ်။
ကျောပေးထားတဲ့ ယောက်ျားနှစ်ယောက်ကို ဖေဖေကအခန်းသော့တစ်ချောင်းစီ ပေးနေတယ်။ ဘေးမှာက အထုပ်အပိုးတစ်ချို့နဲ့။ ကျွန်တော့ကိုမြင်တော့ ဖေဖေက
"သားရေ။ ဒီအထုပ်အပိုးတွေ သွားပို့ပေး လိုက်ပါအုံး။ C1 နဲ့ B2 နှစ်ခန်း"
"ဟုတ်"
ဖေဖေ့အပြောကြောင့် လူနှစ်ယောက်က ကျွန်တော့ဘက်ကို လှည့်ကြည့်တယ်။ သူရော ကျွန်တော်ရော ခဏမင်သက်သွားတယ်။ ဒီလူပဲ။ ဒီနေ့ပါနဲ့ဆို ဆုံတာ ၃ခါရှိပြီ။ သူက ပြုံးပြတယ်။ သူ့အပြုံးက အရင်လိုပဲ။ သူ့ရဲ့ အပြင်အဆင်တွေကတော့ ပြောင်းလဲနေတယ်။ သပ်သပ်ရပ်ရပ်နဲ့ စတိုင်ကျကျ ဖီးထားတဲ့ ဆံပင်ရယ်၊ ကိုယ်ပေါ်မှာ ချပ်ချပ်ရပ်ရပ်ဝတ်ထားတဲ့ ရှပ်အင်္ကျီအပြာနုရောင်ပေါ်မှာ အရောင်နည်းနည်းပိုရင့်တဲ့ အပြာရောင်အစင်းသေးသေးလေးတွေ ခပ်ကျဲကျဲစိတ်ထားတဲ့အကွက်လေးနဲ့ ကြည့်လို့ကောင်းနေတယ်။ ဘောင်းဘီကတော့ ဟိုတစ်နေ့က တွေ့ခဲ့သလို ဒူးနားထိရောက်တဲ့ ဘောင်းဘီမျိုး။ သူနဲ့အတူ လူတစ်ယောက် ပါသေးတယ်။ အသက် မတိမ်းမယိမ်းလောက်ပဲ ဖြစ်မယ်။ မျက်မှန်တပ်ထားပြီး အသားခပ်လတ်လတ်နဲ့။
သူက မျက်မှန်နဲ့တစ်ယောက်ကို
"မင်း အရင်သွားလိုက်ပါလား။ ငါဒီနားမှာ တစ်ချက်လောက်ကြည့်ပြီးမှ အခန်းထဲဝင်မလို့"
ပြီးတော့ ကျွန်တော့်ဘက်ကို လှည့်ပြီး
"သူ့ကို အရင် အခန်းဆီ လိုက်ပိုပေးလိုက်ပါ။ သူ့ကို ပို့ပြီးမှ အကို့ကိုလိုက်ပို့လိုက်"
"ဟုတ်။ ရပါတယ်။"
မျက်မှန်နဲ့လူ လက်ထဲက သော့ကိုလှမ်းကြည့်လိုက်ပီး
"အကိုက C1 နော်။"
"အေး။ ဟုတ်တယ်။ ညီ"
သူ့ရဲ့ အထုပ်တွေကို သယ်ရင်း
"ကျွန်တော့် နောက်က လိုက်ခဲ့လိုက်နော် အကို"
"အေး။ အေး။"
ဧည့်သည်ကို C1 ခေါ်သွား၊ အခန်းထဲ အထုပ်အပိုးတွေထည့်ပေးခဲ့ပြီး လော်ဘီပြန်လာတော့ သူက မရှိတော့။ အထုပ်တွေကတော့ လော်ဘီထဲမှာ။ အပြင်ထွက်ပြီး ဟိုဟိုဒီဒီ လှမ်းကြည့်လိုက်တော့ ခုနက ကျွန်တော်စာအုပ်ဖတ်နေတဲ့ ထမင်းစားခန်းရဲ့ ဝရံတာလက်ရန်းပေါ် လက်နှစ်ဖက်ကိုထောက်ချပြီး ပင်လယ်ဘက်ကိုမျှော်ကြည့်နေတယ်။
သူ့ဆီကို လျှောက်သွားပြီး
"အကို့ အထုပ်တွေ နေရာချပေးရတော့ မလား"
သူက ကျွန်တော့ဘက်ကိုလှည့်ကြည့်ပြီး ပြုံးပြတယ်။ပြီးတော့ ဘာမှမပြောသေးဘဲ ခဏနေတော့မှ
"အင်း။ ကူညီပါအုံး"
လော်ဘီထဲကို အတူပြန်လာပြီးတော့ အထုပ်အပိုးတွေ သယ်လိုက်တယ်။ တစ်ချို့ဟာတွေတော့ သူ့ဖာ့သာသယ်တယ်။ အခန်းရှေ့ရောက်တော့ ကျွန်တော်က
"သော့လေး ခဏပေးပါအုံး။ ကျွန်တော်သော့အပို မယူခဲ့မိလို့"
ဘောင်းဘီအိတ်ထဲက သော့ကိုထုတ်ပြီး ကျွန်တော့်ကိုကမ်းပေးတယ်။ သော့ဖွင့်ပြီးဝင်လိုက်တော့ အမွှေးနံ့ဖျန်းထားတဲ့အနံ့က စူးခနဲထွက်လာတယ်။ ကျွန်တော်က ဒီလိုအနံ့မျိုးတွေ သိပ်မကြိုက်။ မှန်တံခါးတွေက ခန်းဆီးကာထားပေမဲ့ အထဲကို အလင်းရောင်တစ်ချို့ ဝင်နေတယ်။ မီးဖွင့်လိုက်တော့ တစ်ခန်းလုံး လင်းထိန်သွားတယ်။ ကျကျနနခင်းထားတဲ့ စပရိန်မွေ့ရာအဖြူရောင် ဘေးမှာ ပစ္စည်းတစ်ချို့တင်ရအောင် Night Stand လေးတစ်ခု၊ Night Stand ပေါ်မှာ ညဘက်ထွန်းချင်ထွန်းရအောင် ဝါကျင့်ကျင့် မီးအိမ်လေးတစ်လုံး။ တံခါးပေါက်နားကအဝတ်လှန်းဖို့ တန်းပေါ်မှာ သန်ဘက်အဖြူတစ်ချို့ တင်ထားတယ်။ အခန်းထောင့်မှာတော့ ရေခဲသေတ္တာအသေးလေး တစ်လုံး။
ပစ္စည်းတွေနေရာချပေးပြီးတော့ ကျွန်တော်က
"ဘာလိုသေးလဲ မသိဘူး"
"ဘာမှတော့ မလိုပါဘူး။ သိချင်တာတော့ ရှိတယ်"
"ဟုတ်ကဲ့။ ဘာများသိချင်လို့လဲ မသိဘူး"
သူက ကျွန်တော့်မျက်နှာကို သေချာကြည့်, မျက်လုံးချင်းဆုံပြီးတော့
"ဟိုတစ်နေ့က ထွက်ပြေးသွားတာ မင်း မဟုတ်လား"
ခေါင်းထဲထူပူသွားသလို ရင်ထဲမှာ ဖိန်းတိန်းရှိန်းတိန်းဖြစ်သွားတယ်။ ဘာလို့ ဒီလောက် ဖြစ်သွားမှန်း မသိ။ သူက ကျွန်တော့မျက်နှာကို သေချာအကဲခတ်နေဆဲ။
"ဘယ်နေ့ကလဲ မသိဘူး"
"မနေ့က ကမ်းစပ်မှာလေ။ ဆိုင်ကယ်နဲ့"
"ဪ ဟုတ်ကဲ့။ ကျွန်တော် ကမ်းစပ်ရောက်သေးတယ်ဗျ။ အဲ့ရောက်တော့မှ မေ့နေတာလေးတစ်ခု သတိရလို့ပြန်သွားတာ"
သူက ကျွန်တော့် တစ်ကိုယ်လုံးကိုကြည့်ရင်း
"ဪ။ ဟုတ်လား"
စိတ်ထဲမှာ ကိုယ်ကပဲ တဖြည်းဖြည်း သေးငယ်လာသလိုလို၊ နောက်ကျောမှာပဲ တစ်ယောက်ယောက် ရှိနေသေးသလိုလိုနဲ့။ ဒါမှမဟုတ် သူ့မျက်လုံးတွေက နောက်ကျောဘက်ကိုပါ ထွင်းဖောက်မြင်နိုင်တာလား။ ဘာလို့ ဒီလောက် စူးစူးစိုက်စိုက် ကြည့်နေရတာလဲ။ သူက ခနဲ့သလိုလို၊ မယုံသလိုလို ပြုံးရင်း ခေါင်းငြိမ့်ပြတယ်။
"ဒါဆို ကျွန်တော် သွားတော့မယ်နော်။ လိုတာရှိရင် ပြောပါ"
"အင်း။ ကောင်းကောင်းပြန်နော်။ လျှော်လဲအုံးမယ်"
"ဟင်...ဟုတ်"
သူကနှုတ်ခမ်းလေးကို တွန့်ကွေးရင်း ရယ်ကျဲကျဲနဲ့ လှမ်းပြောတယ်။
____
ထမင်းစားခန်းမှာ ထားခဲ့တဲ့ ဖတ်လက်စဝတ္ထုကို ခုံပေါ်မှာထိုင်ရင်း အသည်းအသန် ဆက်ဖတ်နေမိတယ်။ အချိန်က သန်းခေါင်ကျော်နေပီ။ မီးက ၁၂ခွဲဆို ပိတ်တော့မှာ။ မမှောင်ခင်လေး လှိုင်းသံတွေနားထောင်ရင်း ဖတ်ချင်သေးတယ်။ ဒီည လေတိုက်နေတာကြောင့် ဖြစ်မယ်။ လှိုင်းသံတွေက ပိုကျယ်နေတယ်။ အုန်းပင်ကြီးတွေကလည်း လှုပ်ရမ်းနေကြတယ်။ လရောင်က ပင်လယ်ပေါ်ကို ဖြန်းထားတာကြောင့် ပင်လယ်ကြီးကိုတော့ ကောင်းကောင်းမြင်နေရတယ်။
အာရုံစိုက်နေတုန်း စာရွက်ပေါ်ကို အရိပ်တစ်ခုကျလာတယ်။ မော့ကြည့်မိတော့...သူပဲ။ သူက အပေါ်စီးကနေ အောက်ကို ငုံ့ကြည်နေတယ်။ လမင်းကြီးက ပင်လယ်ကို ငုံ့ကြည့်နေသလိုမျိုး။ ဒီရေ ဆိုတာ လရဲ့ဆွဲအားကြောင့် ဆိုရင် ကျွန်တော်ရော သူ့ရဲ့အကြည့်တွေအောက်မှာ တဖြည်းဖြည်းနဲ့ မြောက်တက်သွားမှာလား။
"ဘာတွေ ဖတ်နေတာလဲ"
"ဝတ္ထုပါ"
"ဘာဝတ္ထုလဲ"
ကျွန်တော်က ဖတ်လက်စနေရာကို လက်နဲ့ညှပ်ထားပြီး စာအုပ်အဖုံးကို ထောင်ပြလိုက်တယ်။ သူက ဟိုတစ်နေ့ကလို ဟာဝိုင်အီရှပ်အပါးလေးနဲ့ပဲ။ ဘောင်းဘီကတော့ ပေါင်လယ်လောက် ရှိမယ်။ သူရဲ့ သွယ်တန်းနေတဲ့ခြေတံတွေက အဖြူရောင်ကွင်းထိုးဖိနပ်လေးမှာ အဆုံးသတ်ထားတယ်။
"ဘာ စာအုပ်ကြီးလဲ။ ကြားတောင် မကြားဖူးဘူး"
"အင်း။ နိုင်ငံခြားဝတ္ထုကို copy ကူးထားတာ ထင်တယ်။ တိုက်တာ၊ ခိုက်တာ တွေများတယ်။ Action ပုံစံမျိုး"
"ဪ..."
သူက ဘေးခုံတစ်ခုံမှာ ပင်လယ်ဘက်ကို မျက်နှာမူပြီးဝင်ထိုင်ရင်း
"တစ်ခြားရော ဘာတွေ ဖတ်ဖြစ်သေးလဲ"
"အစုံပါပဲ။ ဟိုဟိုဒီဒီပေါ့။ ကျွန်းပေါ်မှာ လုပ်စရာသိပ်မရှိဘူးလေ။ ဦးလေးကရော ဒီကို အပန်းဖြေလာတာလား"
သူက မျက်မှောင်တစ်ချက် ကုတ်လိုက်ပြီး
"ရုပ်ရှင်တွေ သိပ်မကြည့်ဘူးလား။ အကိုက ဒါရိုက်တာလေ။ ဒီမှာ ရုပ်ရှင်လာရိုက်တာ။ ဇာတ်ညွှန်းဆရာနဲ့ အကိုနဲ့က နည်းနည်းပြင်စရာလေးတွေရှိလို့ ရိုက်ကူးရေးအဖွဲ့နဲ့ ခဏခွဲပြီး သပ်သပ်ထွက်လာတာ"
"ဪ အင်း။ သိပ်မကြည့်ဖြစ်ဘူး။"
"ဟုတ်လား။ တစ်ရက်လောက် ရိုက်ကွင်းလာကြည့်ပါလား။ ပြောလို့မရဘူး၊ ကြိုက်ရင် ကြိုက်သွားမှာပေါ့"
သူကပြုံးစိစိနဲ့ ပြောတယ်။
ပြီးတော့ သူ့စကားကိုဆက်တယ်။
"ရိုက်ကွင်းက လူတွေနားတော့ အရမ်းကပ်လို့မရဘူးနော်။ တစ်ခုခု အမှားအယွင်းရှိခဲ့ရင် အကုန်အစက ပြန်လုပ်ရတာမို့လို့"
"မကပ်ပါဘူး။ လာလည်း မလာဖြစ်လောက်ပါဘူး။ အဲ့လောက် စိတ်မဝင်စားပါဘူး။ ရုပ်ရှင်တောင်မှ မကြည့်ဖြစ်တာ။"
"အင်းပါ။ စိတ်ဝင်စားခဲ့ရင် ပြောတာ"
သူက မတ်တပ်ပြန်ရပ်ပြီး ဝရံတာပေါ်လက်ထောက်ရင်း ပင်လယ်ကြီးဘက် ကြည့်နေပြန်တယ်။ သူ့ဆံပင်တွေက လေအတိုက်မှာ အုန်းပင်တွေနဲ့စည်းဝါးလိုက်ပြီး မျောလွင့်နေတယ်။ သူ့ဆံပင်တွေက သိပ်မှမရှည်ဘဲ။ ကျွန်တော်ပဲ ထင်ယောင်ထင်မှား ဖြစ်နေတာလား။ သေချာတာတော့ သူ့ဘေးနားမှာ တစ်စုံတစ်ခုက မျောလွင့်နေသလိုခံစားရတယ်။ အငိုက်ဖမ်းလိုက်တဲ့ ရန်သူတစ်ယောက်လို မီးကဖျက်ခနဲ ပျက်သွားတယ်။ Fuck အဆုံးထိ ဖတ်မလို့ကို။
သူက လရောင်အောက်မှာ ကျွန်တော့်ဘက်လှည့်ကြည့်ပြီး
"ဪ ဒီမှာက ဒီအချိန်ဆို မီးပျက်တာလား။ မီးမပါလာလို့ အခန်းတစ်ချက် လိုက်ပို့ပေးပါလား"
"ဟုတ် ရပါတယ်။ သော့ပေးလေ"
ကျွန်တော်က လက်ဖဝါးတစ်ဖက်ကို သူ့ရှေ့ဆန့်ထုတ်လိုက်တယ်။ လရောင်အောက်မှာ သူမြင်နေရတာတော့ သေချာပါတယ်။ ဘောင်းဘီအိတ်ထဲက သော့ကိုထုတ်ပြီး ကျွန်တော့လက်ဝါးပေါ် သူ့လက်ဖနောင့်နဲ့ထိပြီး ဖြေးဖြေးချင်း တင်ပေးတယ်။ ကျွန်တော်က သူ့လက်ဖဝါးရဲ့ အနွေးဓါတ်ကိုခံစားမိလိုက်တာနဲ့ သော့ကို ဆတ်ခနဲဆွဲယူပြီး
"ကျွန်တော့် နောက်ကလိုက်ခဲ့"
ဆိုပြီး ရှေ့က ထွက်လာလိုက်တယ်။ နောက်ကိုတောင် ပြန်မလှည့်ကြည့်မိ။ သူ့အခန်းရှေ့ရောက်တော့မှပဲ သော့မဖွင့်ခင် နောက်ကို ဖျက်ခနဲ လှည့်ကြည့်လိုက်မိတယ်။ ကျွန်တော့်မျက်လုံးတွေက သူ့မေးရိုးတွေ နားလောက်မှာ။ ကျွန်တော့်နောက်မှာ နီးနီးကပ်ကပ်လေး။ သူက နောက်ကိုလည်း ဆုတ်မသွား။ နေမြဲတိုင်း လေးပဲ။
သူ့အသက်ရှူသံ ခပ်နွေးနွေးကို ညာဘက်နဖူးနားတဝိုက်မှာ ခံစားနေရတယ်။ တစ်ချက်ငိုင်ကျသွားပြီး ကျွန်တော့်မျက်လုံးက သူ့ရဲ့ရှင်းလင်းနေတဲ့ လည်တိုင်ပေါ်က ထောင်နေတဲ့ သွေးကြောလေးတွေရဲ့လိုင်းကြောင်းကို သတိထားမိနေတယ်။ အာခေါင်တွေခြောက်ပြီး ရင်တွေ တဒိုင်းဒိုင်းခုန်လာတယ်။ နောက်ပြန်လှည့်ပြီး သော့တံကို အတင်းထည့်တယ်။ ချက်ချင်း မဝင်။ လက်နဲ့ သော့ပေါက်ကိုစမ်းကြည့်တယ်။ ကုန်းပြီးတော့လည်း သော့ပေါက်ကိုမရှာချင်။
နောက်တစ်ခါ ပြန်ကြိုးစားကြည့်လိုက်တယ်။ ဒီတစ်ခါတော့ ဝင်သွားပြီ။ ဂျလက်ခနဲ မြည်သံနဲ့အတူ လက်ကိုင်ကိုလှည့်ပြီး အခန်းထဲ ဝင်လိုက်တယ်။ အခန်းထဲမှာ အမှောင်ထုက ကြီးစိုးနေတယ်။ ကျွန်တော်ဘာမှပြောချိန်မရခင်မှာတင် သူက ကျွန်တော့်ကိုကျော်ပြီး အခန်းထဲကောက်ဝင်သွားတယ်။
"ခဏလေး။ ကျွန်တော် LED မီးအိမ်လေး ရှာပေးမယ်။ အိပ်ရာဘေးက စင်ပေါ်မှာ ရှိလောက်တယ်။"
လက်နှစ်ဖက်နဲ့ ရှေ့ကနေ စမ်းတဝါးဝါးရှာရင်း နွေးတေးတေးသူ့ခါးနေရာလောက်ကို သွားကိုင်မိတယ်။ လန့်သွားပြီး လက်ကိုဆတ်ခနဲရုတ်လိုက်ပေမဲ့ သူက လှမ်းဖမ်းထားလိုက်တယ်။ ပြီးတော့
"အရမ်း လျှောက်မစမ်းနေနဲ့။ မကိုင်သင့်တာတွေ ကိုင်မိကုန်မယ်"
ကျွန်တော် ဘာမှပြန်မပြော။ မှောင်နေတာပဲ တော်သေးတယ်။ မဟုတ်ရင် ကိုယ့်မျက်နှာ ဘယ်နားထားလို့ထားရမယ်မှန်း သိမှာ မဟုတ်ဘူး။ သူရဲ့လက်တွေက ကျွန်တော့်လက်ဆီကနေ ပုခုံးဆီကို တဖြည်းဖြည်းရောက်လာတယ်။
"ဒီဘက်အခြမ်းမှာ ကိုယ်ရှိနေတာနော်။ ဟိုဘက်အခြမ်းကို တစ်ချက်စမ်းကြည့်"
စမ်းတဝါးဝါးနဲ့ မွေ့ရာကိုစမ်းမိတယ်။ အဲဒိကနေတစ်ဆင့် အိပ်ရာဘေးက စင်ကို ရောက်သွားတယ်။ စင်အောက်ထပ်မှာ မီးအိမ်။ မီးအိမ်ကိုယူပြီး လှည့်ဖွင့်လိုက်တယ်။ အခုမှ အခန်းထဲ မြင်ရတော့တယ်။ သူက ကျွန်တော့နားမှာ မတ်တပ်။ ကျွန်တော်က မီးအိမ်လေးကိုမြှောက်ပြပြီး
"ရပီနော်။ စင်ပေါ်တင်ခဲ့မယ်။"
"Okay ကျေးဇူးပါ။ နောက်ညဘက်ထွက်ရင် မီးအိမ်ဖြစ်ဖြစ်၊ ဖုန်းဖြစ်ဖြစ် ယူခဲ့ပါမယ်။"
"မေ့သွားလည်း ကျွန်တော်လိုက်ပို့လို့ ရပါတယ်"
သူကပြုံးရင်း ကျွန်တော့်ကို တစိမ့်စိမ့်ကြည့်နေတယ်။ ကျွန်တော်လည်း
"သွားအုံးမယ်" ပြောပြီး အခန်းထဲက အမြန် လှည့်ထွက်လာခဲ့ လိုက်တယ်။
ဒါတောင် သူက ခပ်တိုးတိုး လှမ်းအော်လိုက်သေးတယ်။
"မှောင်ထဲမှာ ပြေးမသွားနဲ့အုံးနော်" တဲ့။
ဟီးလီ့ရို့ရဲ့မြင်းလှည်း အနီးကပ်ဖြတ်သွားခဲ့သလိုမျိုး သဲသောင်ပြင်တွေက ခြစ်ခြစ်တောက်ပူနေတယ်။ ကမ်းစပ်မှာတော့ ကင်မရာတွေ၊ မှန်တွေနဲ့ အလုပ်ရှုပ်နေကြတာ အပူရှိန်ကို မခံစားမိကြတဲ့ အတိုင်းပဲ။ သူကတော့ ဟိုဘက်က ဒီဘက်ကို လျှောက်လိုက်၊ ဒီဘက်က ဟိုဘက်ကို လျှောက်လိုက်နဲ့။ ခဏနေတော့ ခုံပေါ်ထိုင်ပြီး သူ့ရှေ့က စခရင်သေးသေးလေးကို စိုက်ကြည့်နေပြန်တယ်။ ကျွန်တော်ကြည့်နေတာ တော်တော်တောင် ကြာနေပီ။ ဒါပေမဲ့ သူတို့ ၁ခန်း၊ ၂ခန်းမှာပဲ လည်ပြီး အထပ်ထပ်အခါခါ ပြန်လုပ်နေရတာ ထင်တယ်။ ဒီတစ်ခါတော့ နီးနီးလေးထိ မသွားချင်တော့ဘူး။
သူက လက်တစ်ဖက်ကို မြှောက်ပြပြီး တစ်ခုခုပြောနေပုံရတယ်။ ခဏကြာတော့ မှန်တွေ ချတဲ့လူကချကြ၊ ကင်မရာတွေ သယ်တဲ့လူကသယ်ကြနဲ့ အကုန်လုံးလှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြတယ်။ အဖွဲ့သားတွေကလည်း သူ့ဟာနဲ့သူ အစုလိုက်၊ အစုလိုက်လေးတွေ ခွဲကုန်ကြတယ်။သူက တစ်ချက် အညောင်းဆန့်ပြီး ကုလားထိုင်လေးတွေဝိုင်းပြီး ထိုင်နေကြတဲ့ဝိုင်းတစ်ဝိုင်းမှာ ဝင်ထိုင်လိုက်တာ တွေ့တယ်။ အကုန်လုံးက ပျော်နေကြတဲ့ပုံပဲ။
ကျွန်တော်လည်း တစ်ချိန်ကျရင် သဘောကျတဲ့အလုပ်လေးတွေ လုပ်ရရင် ကောင်းမယ်။ အခုထိတော့ ဘာလုပ်ရတာကြိုက်လဲ ကိုယ့်ကိုယ်ကိုတောင် သေချာမသိသေးဘူး။ သေချာမသိတာလည်း ကောင်းပါတယ်။ သေချာသိတော့လည်း ဘာမှ ထူးမှာမှ မဟုတ်တာ။ ကြည့်ရတာ ပျော်ရုံတင်မကဘူး၊ အပျော်ပါလွန်နေကြပြီ ထင်တယ်။ သူ့ဘေးက အမျိုးသမီးက တံတောင်ဆစ်ကို သူ့ပုခုံးပေါ်တင်ပြီး ဘာတွေပြောနေတာလဲ မသိဘူး။ သူကလည်း ခေါင်းကို အဲဒိအမျိုးသမီးဘက်စောင်းပြီး ဘာတွေပြန်ပြောနေတာလဲ မသိဘူး။ ကြည့်ရတာ သူက လူတိုင်းနဲ့အရောတဝင်နေတတ်ပုံ ရတယ်။ အင်းပေါ့။ ဒါရိုက်တာလုပ်ရတာ ဆိုတော့လည်း အကုန်လုံးနဲ့အဆင်ပြေအောင် နေတတ်မှရမှာပေါ့။ ဆိုင်ကယ်ကိုလှည့်ပြီး ကျွန်တော်တို့ဟိုတယ်ဘက်ကိုပဲ ပြန်မောင်းလာလိုက်တယ်။
အိမ်ပြန်ရောက်တော့ အခန်းထဲဝင်ပြီး ကုတင်ပေါ်လှဲချလိုက်တယ်။ ဟာဝိုင်အီရှပ်လေးက စားပွဲပေါ်မှာ။ အပြာရောင်ရင့်ရင့်ပေါ်မှာ အရောင်နည်းနည်းပိုရင့်တဲ့ ပန်းပွင့်တစ်ချို့နဲ့။ ပန်းပွင့်တွေက တရုတ်စံကားပွင့်လောက်ရှိမယ်။ ပုံစံကလည်း တရုတ်စံကားပွင့်ပုံစံမျိုးပဲ။ သေချာအကွက်ဖော်ထားတဲ့ ပုံစံမျိုးမဟုတ်ဘဲ ပန်းခြင်းထဲမှာပန်းအစုံဖြန့်ပြီး ကျိုးတို့ကျဲတဲစိုက်ထားတဲ့ ပုံစံမျိုး။အသားကအိအိလေးနဲ့ နည်းနည်းတုန်နေသလိုမျိုးလေး။ ပါးတာတော့ တော်တော်ပါးတယ်။
ထထိုင်ပြီး ဝတ်ထားတဲ့အင်္ကျီကိုချွတ်ပြီး တစ်ချက်စမ်းဝတ်ကြည့်လိုက်တယ်။ ကြယ်သီးတော့ တပ်ကြည့်မနေတော့ဘူး။ မှန်ထဲမှာ ကိုယ့်ကိုယ်ကိုကြည့်မိတော့ အင်္ကျီကနည်းနည်းပွပြီး ရယ်စရာကောင်းနေတယ်။ တစ်ချက်ပြုံးလိုက်မိပြီး ချက်ချင်းပဲ အင်္ကျီကိုချွတ်၊ လုံးထွေးပြီး အခန်းထောင့်ကိုပစ်ချလိုက်တယ်။ စိတ်ရှုပ်စရာကောင်းလိုက်တာ။ ကုတင်ပေါ်ကို မျက်နှာနဲ့အပ်ပြီး ကျောက်တုံးကြီးတစ်တုံး ပြိုလဲကျသွားသလို လှဲချပစ်လိုက်တယ်။ ဟူးခနဲလေပူတစ်ချက်ပါ မှုတ်ထုတ်လိုက်မိတယ်။
ဟိုတယ်မီးဖိုခန်းက စားဖိုမှူးနဲ့၊ စာဖိုမှူးအကူကောင်လေးတစ်ယောက်ရှိပေမဲ့ ထမင်းစားချိန်မှာတော့ ကျွန်တော်လည်းလိုတာ သွားကူလုပ်ပေးရတယ်။ ဟင်းပန်းကန်တွေ၊ ထမင်းတွေ သယ်ပေးတာတို့၊ ဧည့်သည်တွေမှာတာ လုပ်ပေးတာတို့ ဘာတို့ပေါ့။ ဒီည ညနေစာစားတော့ ဧည့်သည်တွေထဲမှာ သူရယ်၊ မျက်မှန်နဲ့လူရယ်ပါ ပါတယ်။ သူက ကျွန်တော့်ကိုမြင်တော့ ပြုံးပြတယ်။ ပြုံးပြတော့လည်း ပြုံးပြတယ်လို့ပဲ မှတ်လိုက်ရုံပေါ့။ မဖြစ်မနေပြန်ပြုံးပြစရာ မလိုပါဘူး။ ထမင်းစားသောက်ပြီးတော့ တစ်ခြားသူတွေက သက်ဆိုင်ရာ ဘန်ဂလိုလေးတွေဆီ ပြန်သွားပေမဲ့ သူက ကျန်နေခဲ့တယ်။ အရင်လိုပဲ ပင်လယ်ကြီးကို ငေးရင်း။
ကျွန်တော့်အတွက်ကတော့ ပင်လယ်က မထူးဆန်းတော့ပေမဲ့ သူ့အတွက်ကတော့ ပင်လယ်ကြီးက ဆန်းကျယ်မှုတွေနဲ့ ပြည့်ပြီး ဆွဲဆောင်မှုရှိနေပုံရတယ်။ ကျွန်တော်လည်း တစ်ခါတစ်လေ ပင်လယ်ကြီး ဖြစ်ချင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့လိုကောင်လေးတွေက ပင်လယ်ကြီးဖြစ်ဖို့ ကံမပါဘူးလေ။ ကျောက်ဆောင်တွေ အနေနဲ့ပဲ ဖြည်းဖြည်းချင်း တိုက်စားခံရမယ့်သူမျိုးတွေ ထင်ပါတယ်။
ကျွန်တော့်ကိုတွေ့တော့
"နေဝင်ချိန်က တော်တော်လှတယ်နော်။ လူတွေဘာလို့ ထွက်မကြည့်ကြလဲ မသိဘူး"
"ထွက်ကြည့်ရလောက်အောင် မတန်ဘူးထင်လို့ နေမှာပေါ့"
သူက ဆည်းဆာရောင် နီတီတီအောက်မှာ ရီဝေဝေကြည့်ရင်း
"ဟိုးနားက ကမ်းစပ်လေးကိုသွားချင်ရင် ဘယ်လိုသွားရမလဲ"
ဆိုပြီး လက်ညှိုးထိုးပြတယ်။
သူပြတဲ့နေရာက ဟိုးတစ်နေ့က ကျွန်တော်တို့စတွေ့ခဲ့တဲ့နေရာ။
"ဒီဘက်နားက လှေကားအတိုင်းဆင်းသွားရင် အောက်မှာအဲဒိဘက်ကိုဆင်းလို့ရတဲ့ လျှိုမြောင်လိုဟာမျိုး တစ်ခုရှိတယ်။ လှေကားအတိုင်း တည့်တည့်သွားရင်တော့ ရွာဘက်ကို သွားတဲ့လမ်းဆီရောက်မှာ။ အဲ့လမ်းဘေးကနေလည်း အဲဒိဘက်အခြမ်းကို ဆင်းလို့ရတဲ့နေရာရှိတယ်။ သွားကြည့်ရင် တွေ့လိမ့်မယ်။ လူတွေ အသွားအလာလုပ်ထားတော့ လမ်းအရာလေးမြေကြီးပေါ်မှာ မြင်နေရတယ်။ ပြီးရင် တည့်တည့်ဆက်လျှောက်သွားရုံပဲ။"
"ဟုတ်လား။ လိုက်ပို့ပေးလို့ ရမလား။ လမ်းသိပ်မကျွမ်းတော့လေ"
"သွားချင်တယ်ဆိုရင် လိုက်ပို့ပေးတဲ့သူတွေ ရှိပါတယ်။ ကျွန်တော်ဖုန်းနံပါတ်ပေးလို့ ရတယ်။ သူတို့က စိတ်ချရပါတယ်။ ကြိုက်သလို ပတ်ကြည့်လို့ရတယ်"
သူကစဉ်းစားသလို ကျွန်တော့်ကိုကြည့်နေတယ်။
"မင်းလိုက်ပို့လို့ အဆင်မပြေဘူးလား"
"ဟုတ်ကဲ့။ အဲဒါက ကျွန်တော်လုပ်ပေးရမဲ့ တာဝန်ထဲမှာ မပါလို့ခင်ဗျ"
"ဪ....အင်းပါ။ အင်းပါ။ သွားတော့မယ်နော်"
သူ တစ်ချက်ပြုံးပြပြီး အခန်းဘက်သွားတဲ့လမ်းအတိုင်း ဆက်လျှောက်သွားတာ တွေ့ရတယ်။ မြက်ရိုင်းပင်တစ်ချို့က လေနဲ့အတူ ယိမ်းနွဲ့နေတယ်။ပင်လယ်ကြီးက သေဆုံးသွားတဲ့ ခရုလေးတွေကို လူတွေအတွက်အမှတ်တရအနေနဲ့ ကမ်းပေါ်တင်တင်ပေးနေတယ်။ လူတွေက တန်ဖိုးမထားတာကိုတော့ သူ့မှာနားလည်နိုင်စွမ်းမရှိ။ ကျွန်တော့်အတွက်တော့ ဆည်းဆာချိန်ကမဆိုသလောက်လေး လွှမ်းစရာကောင်းနေတယ်။
"လိုက်ပို့မယ့်လူ မရှိတော့လည်း ကိုယ့်ဖာသာကိုယ် အဆင်ပြေအောင် လာရတာပေါ့"
ကျွန်တော် ပြုံးမိတယ်။ နောက်ကို လှည့်ကြည့်စရာ မလို။ ဘယ်သူဆိုတာ သိနေပြီပဲ။ သူက ကျွန်တော့်မြင်ကွင်းရှေ့တစ်စောင်းနားလောက်မှာ လာထိုင်တယ်။ သူရော၊ ကျွန်တော်ရော ပင်လယ်ဘက်ကို မျက်နှာမူထားကြတယ်။ သူ့ရဲ့ ဝါကျင့်ကျင့် ရှပ်အင်္ကျီက ကြယ်သီးတွေဖြုတ်ထားတာကြောင့် တစ်ချက်တစ်ချက် လေတိုက်လိုက်ရင် အင်္ကျီကလွှားခနဲ လန်သွားပြီး ခါးနဲ့ကျောပြင်ကိုမြင်နေရတယ်။
ကျွန်တော်ကတော့ အင်္ကျီမပါ၊ ပိတ်သားဘောင်းဘီတို ခပ်ပွပွတစ်ထည်တည်း ဝတ်ထားတယ်။
သူက ကျွန်တော့်ဘက်ကို ခေါင်းလှည့်ကြည့်ပြီး
"ဒီနေ့ရော ရေမကူးတော့ဘူးလား"
"အင်း။ စိတ်မပါလို့။"
"ဦး ကော"
မျက်မှောင်တစ်ချက်ကျုံ့ပြီး
"မင်းအသက် ဘယ်လောက်ရှိပြီလဲ"
"၁၉ ကျော်ပီ"
"ဟုတ်လား။ ဒါဆိုရင်တော့ ထားပါတော့"
"ဦးကရော အသက်ဘယ်လောက်လဲ"
သူကတစ်ချက်ရယ်ရင်း
"လူကြီးတွေကို အသက်မမေးရဘူးဆိုတာ မသိဘူးလား။ ၃၄ကျော် ၃၅ထဲဝင်နေပီ။"
"ဪ... ဒါနဲ့ တစ်ယောက်တည်းလာတာလဲ အဆင်ပြေတယ် မဟုတ်လား"
"အင်း။ ပြေအောင် လာရတာပေါ့။ ညနေက တစ်ခေါက်အရင် လာကြည့်ထားတာ။ ပြီးမှ အခုတစ်ခေါက်ထပ်ထွက်လာတာ။ ညဘက်ဆို ပိုလှတယ်လေ"
"အင်း။ ဟုတ်တယ်။ လူတွေလည်း မရှိဘူး။ ပိုကောင်းတယ်"
"လူတွေရှိရင် မကောင်းဘူးလား"
"ဒီလိုပါပဲ စိတ်ရှုပ်လို့"
သူက ထိုင်နေရာကနေ ဝမ်းယားမှောက် လှဲချလိုက်ပြီး ကျွန်တော့်ဘက်ကို မျက်နှာမူကာ မော့ကြည့်တယ်။
"ဟုတ်လား"
"ဟုတ်တယ်။ လူတိုင်းပဲ"
သူက ကျွန်တော်ဆိုလိုချင်တာကို သဘော
ပေါက်သလိုပုံစံနဲ့ ရယ်ရင်း
"အခုက ကျောင်းပိတ်ထားတာလား"
"မဟုတ်ဘူး။ ကျောင်းမတက်ဘူး"
ဝိုးတဝါးလရောင်ဆိုပေမဲ့ သူ့မျက်နှာက ပဟေဠိတွေကိုတော့ ထင်ထင်ရှားရှားမြင်နိုင်လောက်အောင် လင်းနေသေးတယ်။ သူက
"ဪ...ဆယ်တန်းအထိ တက်ခဲ့တာလား"
"အင်း။ ဂုဏ်ထူးတောင် ပါသေးတယ်"
"တယ်တော်ပါလား။ ဘယ်နှစ်ခုတောင်လဲ"
"ငါးခု"
"ငါးခုတောင် ပါတာ။"
စိတ်ထင်လို့ပဲလား မသိ သူ့အသံက မယုံကြည်သလိုလိုနဲ့။
"ဟုတ်တယ်"
"ဒါဆို ဘာလို့ ဆက်မတက်တာလဲ"
"အိမ်က မထားလို့။ ဆယ်တန်းက ၃နှစ်မြောက်မှ အောင်တာ။ ဦးကရော ဒီမှာ ဘာလာလုပ်နေတာလဲ"
သူက တွေဝေနေရာကနေ
"ရုပ်ရှင် ရိုက်နေတာ"
ပြီးတော့ သူ ကျွန်တော့်ကို ဘာမှ ဆက်မမေးတော့။ ကျွန်တော် မဖြေချင်မှန်း သိပုံရတယ်။
လူတွေက အတိတ်တွေကနေ ရုန်းထွက်ပြီး ကြီးထွားရှင်သန်ဖို့လိုတယ် ဆိုတာ ခဏခဏပြောကြတယ်။ ဒါပေမဲ့ အတိတ်တွေက ကိုယ့်ရဲ့အစိတ်အပိုင်းတစ်ခုသာဆိုရင်ရော အဲဒိအစိတ်အပိုင်းကိုပါ ဖြတ်ထုတ်ပစ်ရမှာလား။ ဖြတ်ထုတ်လိုက်ရင်ရော ကိုယ်ပဲဆက်ဖြစ်နေသေးဖို့ သေချာပါတော့မလား။
"တစ်ခြား ဘာတွေ စိတ်ဝင်စားသေးလဲ"
"ဒီလိုပါပဲ။ ဝတ္ထုတွေ ဖတ်တယ်။ တစ်ခါတစ်လေလည်း စာလေး၊ ကဗျာလေးတွေ ဘာဘာညာညာ ရေးကြည့်တာပေါ့။"
သူက စိတ်အားထက်သန်သွားတဲ့ပုံနဲ့
"ဟုတ်လား။ ပြလို့ရလား။ ဖတ်ကြည့်ချင်လို့"
"မပြချင်ပါဘူး။ ရှက်စရာကြီး"
"မရှက်ပါနဲ့။ ဘာလို့ ရှက်တာလဲ"
သူက ပြုံးစိစိနဲ့။ ဒါရိုက်တာတစ်ယောက်လုပ်နေပြီး ဆယ်ကျော်သက်ကောင်လေးဆီ စာတွေတောင်းဖတ်နေတာ အူကြောင်ကြောင်တော့နိုင်တယ်။ ဆယ်ကျော်သက်ဆိုပေမဲ့လည်း မကြာခင်ပဲ ၂၀ပြည့်တော့မှာဆိုတော့ ဘုရားစူး ဆယ်ကျော်သက်အရွယ်ပေါ့။
"ကဗျာ ဆိုတာလည်း အနုပညာတစ်ခုပဲလေ။အနုပညာတွေကို ထုတ်ပြတဲ့အခါမှာ အနုပညာရှင်တွေရဲ့ တစ်စိတ်တစ်ပိုင်းက အဲ့အနုပညာထဲမှာ မြုပ်ဝင်နေတယ်။ ကျွန်တော့်ရဲ့အစိတ်အပိုင်းတွေကို ထုတ်ပြရလောက်အောင်ဦးနဲ့မှ မရင်းနှီးသေးတာ"
သူက ပက်လက်လှန်လှဲပြီး ကောင်းကင်ကိုပြောင်းပြီးကြည့်နေတယ်။ လက်ဖဝါးနှစ်ဖက်ကို တစ်ခုပေါ်တစ်ခုထပ်ပြီး ခေါင်းအောက်မှာ ထားထားတယ်။
"ဒါဆိုလည်း တစ်နေ့နေ့ပေါ့....
ကောင်းကင်ကြီးက လှလိုက်တာ...."
လေသံ ခပ်အေးအေးလေးနဲ့။
ကျွန်တော်လည်း ကောင်းကင်ကြီးကို မော့ကြည့်မိတယ်။ ကြယ်တွေက မှိတ်တုပ်မှိတ်တုပ်၊ လရောင်က အေးစက်စက်။ ဘောင်ဘီအိတ်ထဲမှာ တစ်လိပ်တည်းပါတဲ့ ဆေးလိပ်ကို နှုတ်ခမ်းပေါ်တင်ပြီး မီးခြစ်ထုတ်ကာ မီးညှိလိုက်တယ်။ ဆေးလိပ်ထဲက နီကိုတင်းငွေ့တွေ့က အဆုပ်ထဲကို တိုးဝင်လာတယ်။ ဆေးလိပ်ငွေ့တွေကိုမှုတ်ထုတ်လိုက်တော့ လေနဲ့အတူမျောပါသွားတယ်။
သူက ကျွန်တော့်ကို တစ်ချက်ကြည့်ပြီး
"ဆေးလိပ်သောက်တာ မကောင်းဘူးလေ"
လူကြီးတစ်ယောက်က ဆုံးမသလို လေသံမျိုးနဲ့။
ကျွန်တော်က သူ့ကို ဂရုမစိုက်ဘဲ မကြားချင်ယောင်သာဆောင်နေလိုက်တယ်။ ဆေးလိပ်ညှပ်ထားတဲ့ လက်ချောင်းနှစ်ချောင်းကို နှုတ်ခမ်းပေါ်တင်ပြီး တစ်ရှိုက် ရှိုက်လိုက်တုန်း သူ့ရဲ့လက်နှစ်ချောင်းက ကျွန်တော်ရဲ့လက်နှစ်ချောင်းပေါ်လာထပ်ပြီး ဆေးလိပ်က သူ့လက်နှစ်ချောင်းကြားပါသွားတယ်။
သူက ချက်ချင်းပဲ သူ့နှုတ်ခမ်းပေါ်တင်ပြီး အကြာကြီး တစ်ရှိုက်ရှိုက်ချပြီး ဖြည်းဖြည်းချင်းရှူထုတ်ပလိုက်တယ်။
လရောင်အောက်မှာ သူ့ရဲ့ တလပ်လပ်လွင့်နေတဲ့ ရှပ်အင်္ကျီ၊ အပြာနုရောင်မီးခိုးတစ်ချို့၊ သူ့ရဲ့အတိုင်းသားမြင်နေရတဲ့ ရင်ဘတ်၊ ဗိုက်နဲ့ ခါး။ လှိုင်းတွေက တဝုန်းဝုန်း၊ သစ်ပင်တွေက တရမ်းရမ်း။ သူက ပြုံးရင်းပြောတယ်။
"ကျန်မာရေး မကောင်းဘူး။ မသောက်နဲ့။ ဦးပဲ သောက်လိုက်မယ်" တဲ့။
ကျွန်တော် ကြားလိုက်တာက
"အိမ်မက်ဆိုတာ ဒီလိုမက်ရတာ" တဲ့။
--------
ဒီနေ့ မနက်စောစောထပြီး စိတ်ကူးပေါက်တာနဲ့ ထမင်းစားခန်းမှာ ပင်လယ်ကြီးဘက်ကို မျက်နှာမူပြီး ကဗျာတစ်ပုဒ် ရေးနေလိုက်တယ်။ ခြစ်လိုက်၊ ဖျက်လိုက်နဲ့ပဲ။ နောက်ဆုံး အချောသတ်ထားတဲ့ ကဗျာလေးကိုတော့ တစ်ခေါက် ပြန်ဖတ်ကြည့်ဖြစ်တယ်။
အိုင်းရစ်ပန်းသေဆုံးခြင်း
အထီးကျန်မှုတွေ ကြီးစိုးလာတဲ့အခါမှာ
ဘယ်တုန်းကမှမရှိဖူးတဲ့ မင်းကို သတိရတယ်။
ဆိုဖာပေါ်မှာ နှစ်ယောက်အတူ ထိုင်ရင်း
ပြတင်းပေါက်ကနေ ကော်ဖီတစ်ခွက်နဲ့ ငေးကြည့်ချင်တယ်။
ကိုယ့်အတွက်တော့ကော်ဖီမလိုပါဘူး။
ရင်တွေခုန်နေပြီးသား မို့လို့လေ။
နှင်းတွေ ကြည့်ရင်း
ကိုယ့်ရဲ့ဆံပင်တွေထဲ ဖွဖွလေးတိုးဝင်လာတဲ့ မင်းလက်ချောင်းလေးတွေက ညင်သာလွန်းတယ်။
ကြောင်လေးတွေကို ချစ်တဲ့ မင်းက
ကိုယ့်ကို မချစ်မှာမပူပါဘူး။
Darcy ချစ်ခွင့်ပန်တာကို စိတ်မရှည်ခဲ့တဲ့ ကိုယ်က
မင်းရဲ့ စိတ်ကူးယဉ်ဆန်တဲ့စကားလုံးတွေကိုတော့ သဘောကျလေရဲ့။
မင်းရဲ့ နူးညံတဲ့ပါးလေးကို
ခပ်ဖွဖွလေးပွတ်သပ်ရတာလည်း သဘောကျတယ်။
အော်တာနေးတစ်သီချင်းတွေကို ဖွင့်ထားရင်း
မင်းကိုယ်ပေါ်က အီစတာအက်တွေကို ရှာကြည့်ချင်တယ်။
မင်းပြောပြတဲ့ ရုပ်ရှင်တွေနဲ့
ဖတ်လက်စ စာအုပ်အကြောင်း နားထောင်ချင်တယ်။
လူတွေရဲ့ ခွင့်မလွှတ်နိုင်စရာ ရူးသွပ်မှုတွေက
ကိုယ်တို့ကို ဝေးကွာစေခဲ့သလား
ကိုယ်ဟာ အချစ်ငတ်တယ်
မင်းကတော့ ရက်စက်စွာပဲ ဘယ်တုန်းကမှမရှိခဲ့
ဒီရက်ပိုင်းထဲ သူအလုပ်ရှုပ်နေတယ် ထင်တယ်။ သိပ်မတွေ့ ဖြစ်တော့ဘူး။ တွေ့ရင်လည်း ပါလာတဲ့တစ်ယောက်နဲ့ တွတ်တွတ်တွတ်တွတ် ပြောနေတာ များတယ်။ ဘာလိုလိုနဲ့ အခန်းငှားထားတဲ့ ရက်တောင် ပြည့်တော့မယ်။ အဲ့ကျရင် သူထွက်သွားတော့မှာပေါ့။ ပန်းပွင့်လေးတွေနဲ့ လိပ်ပြာလေးတွေက သိပ်အတွဲညီတယ်ဆိုပေမဲ့ လိပ်ပြာလေးတွေအတွက်ကတော့ ပန်းပွင့်တွေက အတူတူပါပဲ။ ထားခဲ့ရင် နေခဲ့ရမယ့်သူတွေချည်းပဲ။ စိတ်တွေ ရှုပ်ထွေးပြီး ခေါင်းတွေ နောက်ကျိနေတယ်။ ညက အိပ်တာ နောက်ကျသွားလို့များလား။ မယောင်မလည်နဲ့ သူ့အခန်းဘက်ကို သွားကြည့်ရင် ကောင်းမလား။ ခက်တာက သူနဲ့ပါတ်သက်ပြီး သိထားတာ ဘာမှမရှိဘူး။ ဝေလည်းမဝေခွဲနိုင်တော့ဘူး။ ဘာတွေ ဖြစ်နေတာလဲ။ ဘာဆက်လုပ်ရမှာလဲ။
စိတ်ရှုပ်ရှုပ်နဲ့ အပြင်ထွက်ပြီး ဟိုဟိုဒီဒီလျှောက်ကြည့်တော့လည်း သူ့ကို မတွေ့မိ။ သူနေတဲ့ ဘန်ဂလိုနားမှာ ရစ်သီရစ်သီလုပ်ပြီး စောင့်ကြည့်သေးတယ်။ အလုပ်တွေများနေတယ် ထင်တယ်။
အဲဒါနဲ့ပဲ ကမ်းခြေဘက်ကိုထွက်လာ ခဲ့လိုက်တယ်။ အင်္ကျီတွေကို ချွတ်ချပြီး ဘောင်းဘီတိုလေးနဲ့ ရေထဲပြေးဝင်သွားလိုက်တယ်။ နေက သိပ်မပူသေးတော့ ရေကလည်း သိပ်မပူသေးသလို၊ အေးလည်း သိပ်အေးမနေဘူး။ ခြေတွေ၊ လက်တွေ ညောင်းလာတဲ့အထိ ရေထဲမှာ အစုန်အဆန် ကူးနေလိုက်တယ်။ မောလာရင် ရေတိမ်ဘက်ကိုကူးလာပြီး ခဏနားရင်း အမောဖြေတယ်။ ဒူးနှစ်ဖက်ပေါ် လက်ထောက်ပြီး မတ်တပ်ရပ်ရင်း လေကို တဝရှိုက်ရှိုက်ရှူတယ်။ ပြီးရင် ပင်လယ်ကြီးထဲ ပြန်ပြေးဝင်တယ်။ နောက်တစ်ခါ အသက်ဝဝရှူဖို့လိုတဲ့အထိ အသားကုန်ကူးတယ်။ နေက တဖြည်းဖြည်း ခြစ်ခြစ်တောက်ပူလာတယ်။ ခြေတွေ၊ လက်တွေက ညောင်းရုံတင်မကတော့ တစ်ကိုယ်လုံးပင်ပန်းပြီး အရုပ်ကြိုးပျက်လဲကျတော့မလိုဖြစ်မှပဲ သောင်ပြင်ပေါ် ပြန်တက်ခဲ့လိုက်တယ်။
ချွတ်ထားခဲ့တဲ့အင်္ကျီကို ပခုံးပေါ် ကောက်တင်ပြီး ဟိုတယ်ဘက် ပြန်လာတယ်။ ဟိုတယ်ကုန်းမြင့်ပေါ်က အဆင်းအတက်လုပ်တဲ့လှေကားနားရောက်တော့ သူက လှေကားပေါ်ကနေ တစ်ချက်မေးငေါ့ပြီး ပြုံးပြတယ်။ နာကျင်နေတဲ့ ကြွက်သားတွေ ပြေလျော့သွားသလို ခံစားလိုက်ရပြီး ရင်ထဲက ကျပ်တည်းနေတာတွေလည်း သက်သာသွားတယ်။ ကျွန်တော် ပြန်ပြုံးပြစရာ မလိုပါ။ ဘာလို့လဲဆိုတော့ ကျွန်တော့်မျက်နှာက ကြွက်သားတွေက အလိုလိုပြုံးနေပြီးသား မို့လို့ပဲလေ။ အဲဒိခဏမှာပဲ ကျွန်တော်သိလိုက်တယ်။ သွားပြီ။ ကျွန်တော်တော့ ဒုက္ခရောက်ပြီ ဆိုတာကို။
လှေကားပေါ်ကို ပြေးတက်သွားပြီး
"shooting မရှိဘူးလား။"
"ရှိတယ်။ ညနေလောက်မှ စဖြစ်မှာ။ နေတော်တော်ပူနေလို့ လောလောဆယ် အဆင်မပြေဘူး ဖြစ်နေတယ်။ နေ နည်းနည်းအေးတဲ့အချိန်ထိ စောင့်ဖို့လိုတယ်"
"ဪ....အင်း...။ဒါနဲ့..နေရထိုင်ရတာရော အဆင်ပြေရဲ့လား"
"အင်း ပြေပါတယ်။ ဒါပေမဲ့ နက်ဖြန်ဆို shooting အဖွဲ့သား တွေတည်းတဲ့ဆီကိုပဲ ပြန်သွားဖြစ်လိမ့်မယ်။ ပြင်စရာလေးတွေလည်း လက်စသတ်ပြီးပြီ ဆိုတော့"
ရင်ထဲမှာ လှိုက်ခနဲ ဝမ်းနည်းစိတ်တွေ ဝင်လာတယ်။ ဒါပေမဲ့ ဒါလည်း ကောင်းပါတယ်။ ဒီ့ထက်ပိုပြီး မတိုးဝင်မိခင် ရုန်းထွက်နိုင်ရင် အနာသက်သာတာပေါ့။
"ဪ...အင်း"
သူက ပြုံးစစနဲ့
"ဘာလဲ။ ဝမ်းနည်းလို့လား"
"အင်း"
သူ ဘာမှမပြော။ သူ့မျက်နှာက ခပ်တည်တည်ဖြစ်သွားပြီး ကျွန်တော့မျက်လုံးတွေကို စိုက်ကြည့်နေတယ်။ ခဏနေတော့
"မပူပါနဲ့။ ဒီဘက်ကမ်းခြေက ရုပ်ရှင်ရိုက်လို့ အဆင်မပြေပေမဲ့ အပန်းဖြေဖို့ ကောင်းတယ်ဆိုတာ နောက်လာတည်းမယ့်သူတွေကို ညွှန်းလိုက်မယ်။ ဟုတ်ပီလား"
ပြောရင်း သူ့ရဲ့ညာဘက်လက်ဖဝါးကို ကျွန်တော့ရဲ့ဘယ်ဘက်ပုခုံးပေါ်တင်ပြီး တစ်ချက်ဖျစ်ညှစ်လိုက်တယ်။
သူ့ရဲ့အပြုံးနဲ့ သူ့ရဲ့မျက်လုံးတွေက အားတင်းထားဖို့ပြောနေသလိုလို။ ကိုယ်ပဲ စိတ်ကူးယဉ်နေတာလား။ ဘာပဲဖြစ်ဖြစ် ဒီမှာမတည်းတော့ရင်တောင် သူနဲ့တွေ့ဖို့ အခွင့်အရေးရှိသေးလား ဆိုတာတော့ သိထားဖို့လိုတယ်။
"ဒီကျွန်းကနေရော ဘယ်တော့ ပြန်မှာလဲ။"
"ရိုက်ကူးရေးတွေအပြီး နောက်တစ်လ ဝန်းကျင်လောက်အတွင်းပေါ့"
"ဪ...ဒါဆိုရင်တော့ တွေ့မိအုံးမှာပါ။ ဒီကျွန်းပေါ်ကမပြန်မချင်း တစ်ယောက်နဲ့တစ်ယောက် ဆုံနိုင်သေးတယ်။ ပြန်သွားရင်တော့ နောက်ဘယ်တော့မှ တွေ့တော့မှာမဟုတ်ဘူး"
"ပြောလို့ရမလား။ တွေ့ရင် တွေ့အုံးမှာပေါ့"
"ဟင့်အင်း။ မတွေ့တော့ ပါဘူး။ ဒီကျွန်းပေါ်က ထွက်သွားပြီးတဲ့သူတွေက ပြန်လာရိုးထုံးစံမရှိဘူး။ နောက်ဆုံးကျတော့ ဒီနေရာက လူတွေအတွက် ခဏတာထွက်ပေါက်ပဲလေ။ သူတို့အတွက် ဒီနေရာက ဘယ်တုန်းကမှ ဘဝတစ်ခုဖြစ်ရလောက်အောင် အရေးမပါဘူး။ ခက်တာက ကျွန်တော့်အတွက်တော့ ဒီနေရာက ဘဝကြီးပဲလေ။ အဲဒါကြောင့် လုံးဝ ပြန်ဆုံတော့မှာ မဟုတ်ဘူး"
သူက သနားသွားတာလား၊ ဝမ်းနည်းသွားတာလား ကျွန်တော်လည်း မဝေခွဲတတ်။ ကျွန်ဝောာ့ လက်မောင်းကို ဖွဖွလေးတစ်ချက်ရိုက်ပြီး
"အရမ်းမစဉ်းစားနဲ့။ ပျော်အောင်နေ။"
ကျွန်တော် ဘာမှပြန်မပြောဖြစ်ခင် သူက ဘေးကပါတ်ပြီး လှေကားအတိုင်းဆင်းသွားတယ်။ ကျွန်တော်ကတော့သူ့ရဲ့နောက်ကျောပြင်ကို ငေးရင်း ကျန်ခဲ့တယ်။
-----
ဖေဖေက ထမင်းစားရင်း ကျွန်တော့်ကို လှမ်းကြည့်တယ်။မေမေက ဖေဖေ့ကို တစ်ချက်တစ်ချက် လှမ်းကြည့်တယ်။ ဒီည အတူတူထမင်းစားဖို့မှာထားတာကြောင့် အပြင်မထွက်သေးဘဲ စောင့်နေရတာ။ ပုံမှန်ဆို ကျွန်တော်က ကိုယ့်ဖာ့သာအဆင်ပြေတဲ့အချိန်မှ စားတာများတယ်။ တစ်ခန်းထဲမှာ အတူတူနေရထိုင်ရတာ ခက်လို့လည်းပါတယ်။ မေမေက ထမင်းထည့်ပြီး ပန်ကန်ကို ကျွန်တော့်ဆီကမ်းပေးတယ်။ လက်နှစ်ဖက်နဲ့ယူပြီး ဖေဖေနဲ့ မေမေ ဟင်းတွေထည့်ပြီးတဲ့အထိ ခဏစောင့်လိုက်တယ်။
ဖေဖေရော၊ မေမေရော ဘာမှမပြောကြသေးဘူး။ ဒါပေမဲ့ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက် ကျွန်တော့ကို အကဲခတ်လိုက်နဲ့။ ဖေဖေက ဖန်ခွက်ထဲကရေကို တစ်ငုံလောက်သောက်လိုက်ပြီး ကျွန်တော့်ကို လှမ်းကြည့်တယ်။
"ဖေဖေတို့ စဉ်းစားနေတာ။ သားလည်း အသက်ကြီးလာပြီ ဆိုတော့ နောက်နှစ်လောက်ဆို အိမ်ထောင်ပြုရင် မကောင်းဘူးလား။ နောက်နှစ်ဆို ၂၀ထဲ ဝင်လာပြီလေ။ အခုချက်ခြင်း အိမ်ထောင်ပြုဖို့ ပြောတာတော့ မဟုတ်ပါဘူး။"
မေမေကပါ
"ဟုတ်တယ် သားရဲ့။ အဆင်ပြေမယ့်သူတွေလည်း တွေ့ထားတာရှိတယ်။"
ရင်ဘတ်ထဲက တဒိုင်းဒိုင်းခုန်ပြီး အောင့်လာသလိုခံစားရတယ်။ မွန်းကျပ်ပိတ်လှောင်နေသလို ခံစားမှုမျိုး။ ချောင်ပိတ်ရိုက်ခံလိုက်ရသလိုပဲ။ တစ်ခုခုဆို ဖေဖေက ရှေ့ကဦးဆောင်ပြီး စကားဦးသန်းမယ်။ မေမေက ဘေးကနေ စစ်ကူဝင်ပေးမယ်။ အတတ်နိုင်ဆုံး နားချကြမယ်။ နောက်ဆုံး ကောင်းကောင်းပြောလို့မရရင်..........။
ဟူး...ခနဲ သက်ပြင်းသာ ချလိုက်ချင်တယ်။ အသံတွေတုန်မနေအောင် ထိန်းရင်း
"အိမ်ထောင်တော့ မပြုချင်သေးပါဘူး။ ဒီလိုပဲနေလို့ မရဘူးလားဟင်"
ဖေဖေက
"ရတော့ ရပါတယ်။ ဒါပေမဲ့ သားလည်း ကျောင်းတွေဘာတွေ ပြန်တက်ချင် တက်ရအုံးမယ်လေ။ အိမ်ထောင်ပြုပြီးမှ သွားတော့ ပိုမကောင်းဘူးလား"
"ကျောင်းက မတက်ရသေးလည်း အဆင်ပြေပါတယ်။ ဒီတိုင်းပဲ အေးအေးဆေးဆေး နေချင်လို့"
မေမေက
"သားကလည်း။ ကျောင်းတက်ဖို့က အသက်သိပ်ကြီးသွားရင် မကောင်းဘူးလေ။ တက္ကသိုလ်ကျောင်းသားဘဝဆိုတာ ငယ်တုန်းပဲပျော်ဖို့ကောင်းတာ။"
"အိမ်ထောင်မပြုပဲ ဒီတိုင်း တက်လို့မရဘူးလားဟင်"
"ဒီတိုင်းကျတော့ ဖေဖေတို့က စိတ်မချဘူးလေ။ ဖေဖေတို့က ဒီမှာ အလုပ်တွေ ရှိသေးတယ်လေ။ သားနဲ့လိုက်လာပြီး စောင့်ရှောက်ပေးဖို့ အဆင်မပြေဘူး"
ဟက်ခနဲ နှာခေါင်းကနေ လေတစ်ချက်မှုတ်ထုတ်ပြီး ပြုံးလိုက်မိတယ်။ တိုးတိုးလေးပါ။ ခေါင်းဝောာင် မော့မကြည့်ရသေးဘူး။ ဖေဖေကတော့ တိုးတာတွေ ကျယ်တာတွေ ဂရုမစိုက်။ ခွမ်းခနဲ ထမင်းပန်းကန်ကို ကောက်ပေါက်လိုက်တယ်။ သွားပြီ ဆိုတာတော့ ကိုယ့်ကိုယ်ကိုသိလိုက်တယ်။
ဖေဖေက မျက်ထောက်နီကြီးနဲ့ လှမ်းကြည့်ပြီး
"မိဘက ကောင်းစေချင်လို့ စီစဉ်ပေးတာကို မင်းတော်တော်ကျေးဇူးမသိတတ်ပါလား။ မင်းကြောင့် ငါတို့ ဒီနေရာအထိရောက်လာရတာကို နည်းနည်းလေးတောင် အားမနာဘူးလား"
မေမေက
"အကိုရယ်။ ကောင်းကောင်း ပြောပါ။ ကလေးက ချက်ချင်းကြီး မို့လို့ပါ။ တဖြည်းဖြည်းပြောရင် ရမှာပါ။"
ပြီးတော့ ကျွန်တော့ဘက် လှည့်ကြည့်ပြီး
"ဟုတ်တယ်မလား သား။ ပြောလိုက်လေ"
ကျွန်တော်က ဘာမှမပြော။ သူတို့ကို ဒီတိုင်းပဲ ကြည့်နေမိတယ်။ ကျွန်တော့ရဲ့ တုံဏိဘာဝေရုပ်ကို ကြည့်ပြီး ဖေဖေက ပိုစိတ်တိုလာပုံရတယ်။
"သွား သွား။ ငါ့ရှေ့က ထွက်သွားစမ်း။ မင်းကြောင့် ငါတို့ဆွေမျိုးတွေကြားတောင် မျက်နှာမပြရဲတော့တာ။ မင်းကတော့ ဘာမှတာဝန်ယူချင်စိတ် မရှိဘူး"
ကျွန်တော် မျက်ရည်မကျမိအောင် ထိန်းထားရတယ်။ စားပွဲအောက်မှာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိတယ်။ ပြန်ပြောစရာ စကားလုံးတို့က နတ္ထိ။ ဘာပဲပြောပြော အခြေအနေက ပိုဆိုးလာဖို့ပဲရှိတာမို့ ပြောသမျှငြိမ်ခံနေရုံပဲ တတ်နိုင်တယ်။ ကျွန်တော် ဘယ်သူ့ကိုမှ မော့မကြည့်ဘဲ ခေါင်းငိုက်စိုက်ချရင်း ဖြည်းဖြည်းချင်း ထတယ်။ ထမင်းစားခန်းထဲနေ အိမ်ခန်းထဲ၊ အိမ်ခန်းထဲကနေ အိမ်ပြင်ကို လျှောက်သွားတယ်။ အိမ်ပြင်ရောက်တော့ ပြတင်းပေါက်ကနေ အထဲကိုလှမ်းကြည့်လိုက်တယ်။ နှစ်ယောက်လုံးကို မမြင်ရတော့ဘူး။ မြင်ကွင်းတွေက မသဲကွဲပေမဲ့ ထမင်းစားပွဲကနေတော့ အပြင်ကို လှမ်းမမြင်နိုင်တာသေချာတယ်။
လှေကားဘက်ကို ပြေးသွားပြီး နောက်ထပ်နည်းနည်းထပ်ပြေးတယ်။ ပြီးတော့ နောက်ထပ်၊ နောက်ထပ်။ ဘာတွေကို ဖြတ်ကျော်ခဲ့မိမှန်းမသိ၊ ဘာတွေ ဘေးကဖြတ်သန်းသွားကြမှန်းလည်း သတိမထားမိတော့။ ကမ်းစပ်ရောက်တော့ ခြေပစ်လက်ပစ်ထိုင်ချလိုက်တယ်။ ဘာမှ မစဉ်းစားချင်တော့ဘူး။
ပက်လက်လှန်ပြီး ညာဘက်လက်ဖျံရိုးကို မျက်လုံးနှစ်လုံးပေါ်တင်ထားလိုက်တယ်။ မျက်ရည်တွေက စီးကျလာတယ်။ တစ်ကိုယ်လုံး ရေဓါတ်တွေခန်းခြောက်လာသလိုမျိုး လည်ချောင်းတွေပါ ခြောက်ကပ်လာတဲ့အထိ မျက်ရည်တွေက ဆက်တိုက်ကျနေတယ်။
ဘာမှမမြင်ရပေမဲ့ ပခုံးစွန်းကို တစ်စုံတစ်ယောက်က ဖွဖွလေး လာဆုပ်ကိုင်တာကို ခံစားမိလိုက်တယ်။ မျက်စိနှစ်ဖက်ကို တင်းတင်းမှိတ်လိုက်ပြီး လက်ကျန်မျက်ရည်တွေကို ညှစ်ထုတ်ပစ်လိုက်တယ်။
လက်ဖျံနဲ့ မျက်ရည်တွေကိုသပ်ချပြီး မျက်လုံးဖွင့်ကြည့်လိုက်တော့ ဝါးတားတားကောင်းကင်ကြီးက ဝေဝါးနေတဲ့ကြယ်တွေနဲ့ ပြည့်နေတယ်။ ကျွန် တော့်ရှေ့မှာ ဒူးထောက်ကာငုံ့ကြည့်နေတဲ့ သူ့မျက်နှာက မြင်ကွင်းထဲတိုးဝင်လာတယ်။ နွေးနွေးထွေးထွေးပြုံးပြရင်း ကျွန်တော့်ပခုံးတွေကို ဖွဖွလေး ပွတ်သပ်ပေးနေတယ်။ တစ်ခါတစ်လေတော့လည်း ဘဝကြီးက အဆိုးတွေချည်းပဲ မဟုတ်ပါလား။
ရေသံ၊ လေသံတွေနဲ့ ပုစဥ်းအော်သံတွေက လွဲပြီး ကျွန်တော်တို့နှစ်ယောက်ကြား စကားသံတွေက တိတ်ဆိတ်နေတယ်။ ပက်လက်လှန်ကာ ကောင်းကင်ကြီးကို ပိတ်ကားစတစ်စလိုကြည့်နေမိတဲ့ ကျွန်တော့်ဦးခေါင်းထက်က ဆံသားတွေကို၊ သူကထိုင်လျက်ကနေ လက်ချောင်းလေးတွေနဲ့ ခပ်ဖွဖွလေး ထိုးမွှေပွတ်သပ်ပေးနေတယ်။ ဖြစ်နိုင်ရင် ဒီအချိန်မှာပဲ ရပ်ထားလိုက်ချင်တယ်။ အစား ထစားစရာလည်းမလို၊ ရေသောက်စရာလည်း မလိုဘဲ အခုလိုနေနေရင်းပဲ အသက်တွေကြီးပြီး သေသွားကြရင် ဘယ်လောက်များ ကောင်းလိမ့်မလဲ။
လက်မောင်းတွေကို အားယူပြီး ထထိုင်လိုက်တယ်။ သူ့လက်ဝါးတစ်ဖက်က ကျောမှာ ထိတယ်ဆိုရုံလေး။ ပြုတ်ကျရင် ဖမ်းရအောင် အဆင်သင့်ရှိနေရုံလေး။ တွန်းပေးတာမျိုးလည်းမရှိ၊ ထိနေတယ် ဆိုရုံလေးပဲ။ ခေါင်းငုံ့ထားရင်းနဲ့ပဲ
"ဘာမှ အထွေအထူး မဟုတ်ပါဘူး။ အိမ်နဲ့ စကားများလာလို့"
ငုံ့ထားတဲ့မျက်နှာဆီကို သူကထပ်ငုံ့ကြည့်ပြီး
"အဆင်ပြေရဲ့လား" တဲ့။
"အင်း။ အဆင်ပြေပါတယ်။ ခုနက နည်းနည်း စိတ်ရှုပ်သွားလို့ပါ"
"ဘာဖြစ်လို့လဲ။ ပြောပြလို့ရလား "
လေသံက တည်ငြိမ်နေပေမဲ့ စိုးရိမ်နေတဲ့မျက်လုံးတွေနဲ့။
"ဟဲ ဟဲ"
ရှက်ရှက်နဲ့ရယ်ရင်း နဖူးကိုလက်ထိပ်လေးတွေနဲ့ ကုတ်လိုက်ပြီး
"အိမ်ကမိန်းမပေးစားနေလို့"
ဘာများလဲလို့ပဲ ပြောမလား။ သူပါရောပြီး ရယ်မလားလို့ စဉ်းစားမိပေမဲ့ သူကတော့ မျက်နှာတည်တည်နဲ့ ကျွန်တော့်ကို ကြည့်နေတယ်။ သူ့ရဲ့မျက်လုံးတွေထဲက စိုးရိမ်စိတ်တွေ ကျန်နေတုံးပဲ။ စိတ်ကူးယဥ်ပြီး မြင်ချင်တာမြင်နေတာမျိုးလည်း ဖြစ်ရင်ဖြစ်မှာပေါ့။ သူကအလေးအနက်ထားပြီး ပြောနေတဲ့အသံနဲ့
"မဖြစ်မနေလား"
"အင်း...ဆိုပါတော့။ အိမ်ထောင်ပြုပြီးမှ ကျောင်းဆက်ထားပေးမဲ့ပုံပဲ။"
"အိမ်ထောင်မဖြစ်မနေပြုစေချင်တဲ့ အကြောင်းရှိလို့လား"
ဒီတစ်ခါတော့ ကျွန်တော်စဉ်းစားရမယ့် အလှည့်။
ဒီလူကိုယုံကြည်လား။
ဟင့်အင်း။
သူနဲ့သိတာကြာပြီလား။
ဟင့်အင်းပဲ။
ဒီလူရဲ့ယုံကြည်မှုတွေကိုရောသိထားလား၊နားလည်ထားပြီလား။
ဒါတွေလည်းမသိ၊ နားလည်းမလည်သေး။
ဒါဆို ကိုယ့်ရဲ့အတွင်းရေးတွေ ထုတ်ပြောသင့်လား။
လုံးဝပဲ။
"ရှိတယ်။ ကျွန်တော်က gay မို့လို့"
shit...ကျေးဇူးပဲ ဦးနှောက်ရေ။ တလှပ်လှပ်တုန်နေတဲ့ ရင်ခုန်သံနဲ့အတူ သူ့ကိုလှမ်းကြည့်လိုက်တော့ တွေတွေကြီး စဉ်းစားနေပုံရတယ်။ ဒါပေမဲ့ ခဏလေးအချိန်ယူပြီးတာနဲ့
"ဪ...အိမ်ကသိတာ ကြာပီလား"
"အင်း။ နည်းနည်း ကြာပြီ"
"အိမ်မှာ အဆင်ပြေရဲ့လား"
"ဒီလိုပါပဲ"
"ကျောင်းပြီးမှဆို ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်နေရင် သူတို့စကားနားမထောင်မှာစိုးလို့ အခုတည်းက အိမ်ထောင်ပြုခိုင်းတာလား"
လူကြီးတွေ စဉ်းစားသလို ကျွန်တော်မစဉ်းစားတတ်။ ကျွန်တော့်ရှေ့ရေးကို အဲ့လောက်ထိ မစဉ်းစားဖူးဘူး။ အဲဒါကြောင့်လည်း သူပြောတဲ့စကားမျိုး အရင်ကမစဉ်းစားမိဖူးတာ ဖြစ်မယ်။ ဒါမှမဟုတ် စဉ်းစားဖို့ကို တမင်ငြင်းဆန်ခဲ့တာလား။ သဲပြင်ပေါ်ကို လက်ညှိုးနဲ့ဟိုခြစ်ဒီခြစ် လိုက်ခြစ်ကြည့်လိုက်တယ်။ ညက စောသေးပေမဲ့ လကွယ်ဘက်ရောက်လာတော့ အလင်းရောင်သိပ်မရတော့ဘူး။ ဘဝကြီး အတိုင်းပဲ။
"မပြောတတ်ဘူး"
"အခု ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ"
"မသိသေးဘူး"
သူ့လက်တစ်ဖက်က ကျွန်တော့ပုခုံးပေါ်ကိုသိုင်းပြီး ဖက်လိုက်ပြီး
"စိတ်မပူပါနဲ့။ အချိန်တန်ရင် ဘာလုပ်ရမလဲသိလာမှာပါ"
အလိမ်အညာ တွေဖြစ်ခဲ့ရင်တောင် စိတ်ထဲမှာတော့နွေးထွေးသွားတယ်။
တစ်စုံတစ်ယောက်က ကိုယ့်ကိုနားလည်တယ်လို့ ခံစားရတဲ့ ခံစားမှုမျိုး။ ပျောက်ဆုံးနေမှန်း မသိတာတစ်ခုကို ရှာဖွေတွေ့ရှိပြီးမှ တန်ဖိုးကြီးမှန်းသိလိုက်ရတာမျိုး။ လိုအပ်နေတဲ့အချိန်မှာ မှီခိုခွင့်ပေးတဲ့ပုခုံးတစ်ဖက်ရဲ့တန်ဖိုး။ သူ့ရဲ့ပုခုံးပေါ်ကို ခေါင်းကိုဖြည်းဖြည်းချင်းစောင်းပြီး မှီလိုက်တယ်။ သူက ဘာမှမပြော။ သူ့လက်တစ်ဖက်က သိုင်းဖက်ထားတုန်းပဲ။ အဲ့ဒိ အချိန်လေး။ အဲ့ဒိခဏလေးအတွင်း ဘဝကြီးမှာ ဘာမှထပ်မလိုချင်တော့ဘူး။ ဒီလိုမျိုးလေးပဲ။ ဒီလိုမျိုးလေးပဲ ကုန်ဆုံးသွားခွင့်ပေးပါ။
သူ့ရဲ့ပုခုံးပေါ်မှာ မှီထားရင်း မြင်နေရတဲ့ပင်လယ်ကြီးက အရင်ပင်လယ်ကြီးနဲ့ မတူတော့သလိုပဲ။ လှိုင်းတွေကငြိမ့်ငြိမ့်လေး။ အရင်ကလို ဒေါနဲ့မာန်နဲ့ ပြေးတက်လာပြီး သဲမှုန်တွေကို တွန်းတင်လွှင့်ပစ်ခဲ့တာမျိူး မလုပ်တော့။ ငြိမ့်ငြိမ့်လေး ရိုက်ပုတ်ရင်း သဲမှုန်လေးတွေကို ကမ်းစပ်တစ်လျှောက် ကြဲချပေးနေတယ်။ အုန်းပင်တွေက ကချေသည်တွေလို ယိမ်းယိမ်းနွဲ့နွဲ့။ လေပြေတွေက ကျွန်တော့်ဘေးမှာ တိုးဝှေ့ကစားရင်း သူ့ရဲ့အသက်ရှူသံတွေနဲ့အတူ စည်းဝါးလိုက်ပေးနေတယ်။
နာကျင်မှုတွေက တစ်ဖြည်းဖြည်းလျော့ပါးလာသလို ညအမှောင်ကလည်း ပိုပိုပြီး ဖုံးလွှမ်းလာတယ်။ သူ့ကို မှီထားရာကနေ ခေါင်းကိုမော့ပြီး မျက်လုံးလေးလှန်ကြည့်မိတော့ သူက ပင်လယ်ပြင်ကြီးကိုငေးလို့။ ကျွန်တော့ခေါင်းလှုပ်သွားတာကို ခံစားမိပုံရသွားတယ် ထင်တယ်။ ကျွန်တော့ဘက်ကို ငဲ့ကြည့်တယ်။ သူ့မျက်နှာက နီးနီးလေး။ ရင်ခုန်သံတွေမြန်ပြီး အာခေါင်တွေခြောက်ကပ် လာတယ်။ သူ့ရဲ့ အသက်ရှူသံတွေကို မျက်နှာပေါ်မှာ ခံစားနေရတယ်။ သူ့ရဲ့ရင်ဘတ်ကို စမ်းကြည့်စရာမလို သူ ရင်ခုင်နေမှန်း သူ့ရဲ့အသက်ရှူသံတွေက သက်သေပြနေတယ်။
ကျွန်တော့နှုတ်ခမ်းကို သူ့ရဲ့နှုတ်ခမ်းနား တိုးကပ်သွားလိုက်တယ်။ သူ့မျက်လုံးတွေကို သေချာမမြင်ရပေမဲ့ ရီဝေစွာကြည့်နေမယ် ဆိုတာကိုတော့ ခံစားမိတယ်။ နှုတ်ခမ်းတွေက နီးကပ်သထက်၊ နီးကပ်လာရင်း အနီးဆုံးကိုအရောက်မှာ ဆတ်ခနဲ သူ့ရဲ့မျက်နှာက ပင်လယ်ပြင်ကြီးဘက်ကို လှည့်သွားတယ်။
မုန်းလိုက်တာ ပင်လယ်ကြီးကို။
တစ်ကိုယ်လုံး အားမရှိတော့သလို ခေါင်းထဲမိုက်ခနဲဖြစ်သွားတယ်။ လှိုက်ခနဲ ခံစားချက်တစ်ခုက ဆို့တက်လာပြီး ချက်ချင်းပဲ ပြန်ကျသွားတယ်။ ဖြေးဖြေးချင်းပဲ သူ့ရဲ့ပုခုံးပေါ်မှာ ပြန်ပြီး နေရာယူလိုက်တယ်။ သူကတော့ ပြောင်းလဲခြင်း အလျင်းမရှိ။ သူ့ရဲ့လက်တွေက ဖက်ထားပေးတုန်းပဲ။ သူ့ရဲ့ပုခုံးပေါ်မှာ ကျွန်တော့အတွက် နေရာပေးထားတုန်းပဲ။ ဒါပေမဲ့ ပျောက်ဆုံးခဲ့တဲ့ အဓိပ္ပါယ်တွေက ဘယ်ဆီကို လွင့်သွားပြီလဲ။
အိမ်တံခါးဝနားမှာ ချိတ်ထားတဲ့ပန်းအိုးတွေထဲ လက်နဲ့နှိုက်ပြီး အိမ်သော့ကို ရှာကြည့်လိုက်တယ်။ အေးစက်စက် အထိအတွေ့တစ်ခု။ သော့ကို ယူပြီး သော့ပေါက်ထဲထည့်လိုက်တယ်။ အသံမကြားအောင် ဖြည်းဖြည်းချင်း လှည့်လိုက်ပြီး ခေါင်းကိုပြူပြီး ကြည့်လိုက်တော့ အထဲမှာ ဘယ်သူမှမတွေ့ဘူး။ ဖေဖေရော၊ မေမေပါ အိပ်နေကြပြီ ထင်တယ်။
တံခါးပြန်ပိတ်၊ ခြေထောက်ကို ဖွဖွနင်းကာ အခန်းထဲဝင်လာပြီး တံခါးဂျလက်ချလိုက်တယ်။ အခန်းထဲက LED မီးအိမ်လေးကို ပြတင်းပေါက်က ဖြာကျနေတဲ့လရောင်အားကိုးနဲ့ ရှာပြီး ဖွင့်လိုက်တော့ မီးက မှိန်ကုပ်ကုပ်လေးလင်းနေတယ်။ မှိန်ဖျော့ဖျော့ မီးရောင်အောက်မှာ ဟာဝိုင်အီရှပ်လေးကို လိုက်ရှာကြည့်လိုက်တော့ အခန်းထောင့်မှာပုံရက်သားလေး။
ရှပ်အင်္ကျီကို ကောက်ယူပြီး တစ်ချက်နမ်းကြည့်လိုက်တယ်။ သူ့ရဲ့အနံ့တွေ ရနေသေးတယ်။ သူ့ရဲ့ ဖြစ်တည်မှုကို ခံစားမိတယ်။ မီးကို ဖြေးဖြေးချင်းပိတ်ပြီး လရောင်အကူနဲ့ အိပ်ရာပေါ်တက်လိုက်တယ်။ စောင်တစ်ထည်ကို ကိုယ်ပေါ်လွှားလိုက်ပြီး အင်္ကျီကိုချွတ်ချလိုက်တယ်။ အပေါ်ပိုင်းဗလာကျင်းသွားတော့ ဟာဝိုင်အီရှပ်လေးနဲ့ရင်ဘတ်တွေ၊ လည်ပင်းတွေကနေတစ်ဆင့် မျက်နှာဆီ ဖြေးဖြေးချင်း ပွတ်သပ်ကြည့်မိတယ်။
သူ့ရဲ့ ကိုယ်နံ့ရောနေတဲ့ချွေးနံ့တွေနဲ့အတူ သစ်ရွက်တွေဆီကနေ ရတတ်တဲ့အနံ့တစ်မျိုးက သွေးတွေကို ဆူပွက်လာစေတယ်။ စိုစွတ်စွတ် တောအုပ်ထဲမှာ နှစ်ယောက်အတူပြေးနေရာကနေ ခဏရပ်ပြီး တစ်ကိုယ်လုံးတင်းတင်းကျပ်ကျပ် ဖက်လိုက်ဖြစ်ခဲ့ရင် နှာခေါင်းထဲတိုးလာလိမ့်မယ့်အနံ့မျိုး။ ဘောင်းဘီအောက်က ကျပ်ထုပ်လာတယ်။ အရာအားလုံးကို တွန်းကန်ပြီး ထိုးထွက်လာတဲ့ ခံစားချက်မျိုး။
လက်တစ်ဖက်က ရှပ်အင်္ကျီကို နှာခေါင်းနားမှာကပ်ပြီး ခပ်ပြင်းပြင်းရှူရှိုက်ရင်း ကျန်တဲ့လက်တစ်ဖက်က စောင်အောက်ကို ဖြည်းဖြည်းချင်းဝင်ပြီး ဘောင်းဘီဇစ်ကိုဆွဲချလိုက်တယ်။ လက်နဲ့ပွတ်သပ်ရင်း ပြင်းပြင်းထန်ထန်တမ်းတနေမိတယ်။ မျက်လုံးတွေက မှေးစင်းသွားပြီး အနားမှာသူရှိနေသလို ခံစားနေရတယ်။ သူ့ကို လိုချင်မိလေ သူ့ရဲ့အင်္ကျီကို ပြင်းပြင်းရှိုက်လေ လက်တွေကပိုမြန်လာလေ။ ပိုမြန်လာလေ။ ပိုမြန်လာလေ။ နောက်ဆုံးအနေနဲ့ သူ့ရဲ့အနံ့တွေကို အဆုတ်ထဲထိရောက်အောင် တစ်ချက်ရှိုက်သွင်းလိုက်ပြီး အရာအားလုံးကို ဖြေလျော့ချလိုက်တယ်။ သတိရလိုက်တာ။ အနားမှာရှိနေစေချင်မိတယ်။
-----
ဘယ်သူမှ မနိုးသေးခင် စောစောထပြီး တောင်ကုန်းတစ်လျှောက် လမ်းလျှောက်ရင်း ဟိုဟိုဒီဒီ အော်မြည်ပျံလွှားနေကြတဲ့ ငှက်ကလေးတွေကို ကြည့်မိတော့ သစ်ပင်တစ်ပင်ကနေတစ်ပင် ခုန်ကူးလိုက်နားလိုက်နဲ့။ တစ်ချို့ကလည်း အဖွဲ့လိုက်။ တစ်ချို့ကလည်း အတွဲနဲ့။ တစ်ချို့ကတော့ ခပ်တည်တည်နဲ့ တစ်ကောင်တည်း။ ပုံစံစုံ၊ အရွယ်အစားအစုံနဲ့။
ဖေဖေနဲ့ မေမေကို ရင်မဆိုင်ချင်လို့ အိမ်ကနေ စောစောထွက်လာတာ တန်တော့တန်ပါတယ်။ နေရောင်က အရှေ့ဘက်ကနေ ဖြည်းဖြည်းချင်း ထိုးထွက်လာနေပြီ။ နေဝင်တာကို ပင်လယ်ကနေကြည့်လို့ရပေမဲ့ အရှေ့ဘက်ကတောင်ကုန်းနဲ့ ကုန်းမြေခံနေတာကြောင့် သစ်ပင်တွေကြားကနေ ထွက်လာတာပဲမြင်နိုင်တယ်။ ဟိုဟိုဒီဒီလျှောက်သွားပြီး အချိန်ဖြုန်းရင်း သူ့အခန်းဘက်ကို လျှောက်လာခဲ့လိုက်တယ်။
ဘန်ဂလိုရှေ့က လသာဆောင်လို လုပ်ထားတဲ့နေရာလေးမှာ ကုလားထိုင်တစ်လုံးနဲ့ထိုင်ရင်း ခြေထောက်နှစ်ဖက်ကို လသာဆောင်လက်ရန်းပေါ် တင်ထားတယ်။ သူက ကျွန်တော့်ကိုတွေ့တော့ မေးငေါ့ပြပြီး လက်ယက်ခေါ်တယ်။ အနားရောက်တော့ သူ့ဘေးကခုံပေါ်ကို လက်နဲ့ပုတ်ပြပြီး
"ထိုင်"
ကျွန်တော့ဘက်ကို ခေါင်းလှည့်ကြည့်ပြီး
"အဆင်ပြေရဲ့လား" လို့ပြောရင်း ကျွန်တော့်ခေါင်းကို ဖွဖွလေးလာကိုင်တယ်။
သူ့လက်ကို ချက်ချင်းပုတ်ချလိုက်ပြီး
"ပြေပါတယ်"
သူအံ့ဩသွားပုံရပေမဲ့ ဘာမှတော့မပြောပါ။
"ဒါနဲ့ မင်းနာမည်က ဘယ်လိုခေါ်လဲ"
"ဘာလုပ်မလို့လဲ။ အလကား ခေါင်းရှုပ်ခံပြီး မှတ်မနေပါနဲ့"
"နာမည်လေးနဲ့တွဲပြီး မှတ်မိတော့ ပိုမကောင်းဘူးလား"
ပြောရင်း ပါးကိုလာညှစ်တယ်။ ပြီးတော့ ရယ်တောင်ရယ်နေလိုက်သေးတယ်။ ကျွန်တော် မငြင်းနိုင်ပါ။ မနက်ခင်းနေရောင်ခြည်နဲ့အတူ သူ့ရဲ့ရယ်သံက နွေးထွေးချိုမြလွန်းနေတယ်။
"ဘုန်းမြတ်ပိုင်။ ဦး ကရော"
ပြုံးစိစိနဲ့
"မှတ်ရမှာ ခေါင်းမရှုပ်ဘူးလား။ မသိချင်ပါနဲ့"
လို့ပြောပြီးရယ်တယ်။
မျက်စိကိုကျဉ်း၊ စူးစိုက်ပြီး ကြည့်လိုက်တဲ့ပုံ လုပ်ပြတော့ သူက နောက်တစ်ခါ ရယ်ပြန်သည်။
"ကိုဟန်ငြိမ်းနိုင် ပါ။ ဦးဟန်ငြိမ်းနိုင် လို့ခေါ်လည်း ခံရမှာပါပဲ"
ခဏစဉ်းစားကြည့်ပြီး
"အဲဒိနာမည်နဲ့ ဒါရိုက်တာ မကြားဖူးပါဘူး"
"ဘယ်ကြားဖူးမလဲ။ အနုပညာနာမည်က သပ်သပ်ရှိသေးတာကိုး"
အနုပညာနာမည်ပါ မေးမယ်လုပ်နေတုန်း သူက အတိတ်က အကြောင်းအရာတစ်ခုကို တမ်းတပြီး ပြန်ပြောပြနေတဲ့လေသံမျိုးနဲ့
"ဦးအလုပ်က ဒါရိုက်တာဆိုတော့လေ အနုပညာလောကမှာ ချောတဲ့သူတွေအများကြီး တွေ့ဖူးတယ်။ တစ်ချို့ကလည်း အထပ်ထပ်အခါခါကြိုးစားပြီးမှ ချောလာကြတာ။ တစ်ချို့ကလည်း မွေးရာပါအလှတွေ။ မင်းကို ပထမဆုံးတွေတဲ့နေ့ကတော့ ဘာစဉ်းစားမိလဲသိလား"
သူကပြောရင်း စူးစမ်းသည့်အနေနင့် ကျွန်တော့်မျက်နှာကို တစ်ချက်လှမ်းကြည့်ပြီး
"မင်းက အနုပညာပဲ။ ပန်းပုဆရာတစ်ယောက် ပန်းပုထုရင်ပဲဖြစ်ဖြစ်၊ ပန်းချီဆရာတစ်ယောက် ပန်းချီဆွဲရင်ပဲဖြစ်ဖြစ် သူတို့ရှာမယ့်သူက ကမ္ဘာပေါ်မှာအလှဆုံးသူ မဟုတ်ဘူး။ လူတွေတော်ရုံနားမလည်နိုင်တဲ့ အလှတရားကို ပိုင်ဆိုင်ထားပြီး အထပ်ထပ်အခါခါပြန်ကြည့်ချင်လာအောင် ဆွဲဆောင်နေတဲ့ မင်းလိုရုပ်မျိုးပဲ။"
ပြောရင်း သူ့ရဲ့လက်ညှိုးခုံးလေးနဲ့ ကျွန်ဝောာ့ရဲ့နားသယ်မွှေးတစ်လျှောက်ကနေ မေးစေ့ထိဆွဲချသွားတယ်။ ရီဝေဝေမျက်လုံးတွေနဲ့ သူ့ကိုကြည့်ရင်း
"ဒီနေ့ ဒီမှာနေတာ နောက်ဆုံးလား"
လက်နှစ်ဖက်ကို ပေါင်ပေါ်ပုတ်ရင်းနဲ့
"အင်း။ ဟုတ်တယ်"
"ရှူတင်ကရော ရိုက်စရာ တော်တော်ကျန်သေးလား"
"သိပ်မကျန်တော့ပါဘူး။ ဒီမှာ တစ်ကားလုံးရိုက်တာမဟုတ်ဘူး။ တစ်ချို့အခန်းတွေပဲ။ နောက်ပြီး ဒါကနောက်ဆုံးကျန်တဲ့အခန်းတွေဆိုတော့ ထင်ထားတာထက် စောပြီးရင်ပြီးမှာ"
သူပြောနေတဲ့ ဘယ်စကားကမှ စိတ်ချမ်းသာစရာမကောင်း။ သူက ဆက်ပြီး
"အိမ်မှာရော အဆင်ပြေရဲ့လား"
"မသိသေးဘူး။ အိမ်ကလူတွေနဲ့ ညတည်းက မတွေ့သေးဘူး။"
သူက သက်ပြင်တစ်ချက်ချပြီး
"ဟုတ်လား။ ဘာဆက်လုပ်မယ် စဉ်းစားထားလဲ"
"မသိဘူး။ ကျွန်တော်ဘာမှ မစဉ်းစားတတ်ဘူး။"
သူက အားနာသလိုကြည့်ပြီး
"မင်းအရွယ်က အချစ်ဇာတ်လမ်းကောင်းကောင်းလေးထဲမှာ စီးမျောနေရမယ့်အရွယ်။ ဒါတွေ မဖြေရှင်းနိုင်တာ မင်းအပြစ်တော့ မဟုတ်ပါဘူး။ လောကကြီးက တကယ်မတရားတာပဲနော်။ တစ်ချို့လူတွေကတော့ ဒီလိုကိစ္စတွေလုံးလုံးစိတ်ပူစရာမလိုတဲ့အချိန်မှာ တစ်ချို့ကတော့..."
ပြောရင်း ကျွန်တော့်ဘက်ကို ငဲ့ကြည့်တယ်။ သေချာပါတယ်။ ဝမ်းနည်းမှုတွေက တိမ်တွေလို သူ့မျက်လုံးမှာဖုံးလွှမ်းနေမှန်း။
ကျွန်တော် အရဲစွန့်ပြီး
"မသွားလို့ မရဘူးလား"
ခုံပေါ်ကနေထပြီး ကျွန်တော့်ကိုကြည့်ရင်း
"ဦးလုပ်စရာလေးတွေ ရှိသေးတယ်။ အထုပ်တွေလည်း ထည့်ရအုံးမှာဆိုတော့"
ကျွန်တော်ပြန်ဖို့ လိုတယ်ပေါ့။ ရင်ထဲ ဆစ်ခနဲနာကျင်သွားတယ်။ ဒါပေမဲ့ အတတ်နိုင်ဆုံးပြုံးရင်း
"ဪ။ ဟုတ် ဟုတ်။ ဒါဆို သွားတော့မယ်နော်"
ကျွန်တော်သူ့ရှေ့ကနေ တစ်လှမ်းချင်း၊ တစ်လှမ်းချင်း ထွက်ခွာလာခဲ့လိုက်တယ်။ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း နှလုံးကိုတစ်ချက်ဆွဲညှစ်လိုက်သလို အောင့်လာတယ်။ ခြေလှမ်းတွေများလာတဲ့အခါမှာတော့ အောင့်သက်သက် ရင်ဘတ်တစ်ခြမ်းနဲ့ အတူခြေလှမ်းတွေကို ဟန်မပျက်လှမ်းနိုင်လာတယ်။ နာကျင်နေတာတွေတော့ လျော့မသွားခဲ့။
အတွေးတွေက ဟိုဟိုဒီဒီ ရောက်သွားလိုက် စာလုံးတွေက အဓိပ္ပါယ်မဲ့သွားလိုက်နဲ့ ဒီစာမျက်နှာတစ်မျက်နှာ၊ နှစ်မျက်နှာမှာတင် လည်နေတာ တော်တော်ကြာပြီ။ နောက်တစ်မျက်နှာကို ရောက်သွားလိုက်၊ ရှေ့တစ်မျက်နှာကဘာရေးထားလဲ မသိလို့ ပြန်လှန်လိုက်၊ ပြီးတော့ ဘယ်လိုနောက်တစ်မျက်နှာကို ပြန်ရောက်သွားမှန်းမသိလိုက်နဲ့။ လော်ဘီကောင်တာက စာထိုင်ဖတ်ရတာ သက်သောင့်သက်သာမရှိလို့ ဖြစ်မယ်။
နာရီကို လှမ်းကြည့်လိုက်တော့ ဆယ်နာရီကျော်နေပြီ။ ဆားငန်ရေနံ့ ခပ်စူးစူးကို သယ်လာတဲ့လေတွေကြားမှာ တချက်ချက် မြည်နေတဲ့နာရီသံက တော်တော်စိတ်ရှုပ်ဖို့ကောင်းတယ်။ လက်ထဲက စာအုပ်ကိုပစ်ပေါက်ပြီး အား လို့ အကျယ်ကြီး အော်ပလိုက်ချင်တယ်။
ကျက်သရေတုန်း အဖိုးကြီး ရောက်လာပြန်ပြီ။ ကျွန်တော့်ကိုတွေ့တော့ ဘာမှမဖြစ်သလို ပုံမှန်အတိုင်းပြုံးနေရက်ပဲ။ တကယ်လည်း ဘာဖြစ်ခဲ့လို့လဲ။ ကိုယ့်ဖာ့သာ စိတ်ကူးတွေယဉ်ပြီး ဖြစ်ချင်တိုင်းဖြစ်နေတာ မဟုတ်ဘူးလား။ သူ့အတွက်ကတော့ ဘာဆိုဘာမှ မထူးခြားတဲ့အတိုင်းပဲ။ ရောက်နေတဲ့ စာမျက်နှာမပျက်သွားအောင် ညာဘက်လက်ညှိုးလေးနဲ့ ခဏညှပ်ထားလိုက်ပြီး သူ့မျက်နှာကို တစ်ချက်ကြည့်လိုက်တယ်။ ငနဲ့သားက ကောင်တာပေါ်လက်တင်ပြီး ပြုံးစိစိအကြည့်နဲ့
"မှတ်ပုံတင် ပြန်လာယူတာ"
"နာမည်"
"ကိုမျိုးမြင့်နိုင်"
မျက်မှန်နဲ့တစ်ယောက် ဖြစ်မယ်။ သူ့နာမည်တော့ ထပ်မေးမနေတော့ဘူး။ မေ့ချင်ယောင်ဆောင်လိုက်ရင်လည်း သိသာနေတော့ ပိုတောင်ရှက်ဖို့ကောင်းသေးတယ်။ မြန်မြန်ရှာပြီးသာ ပေးလိုက်တော့မယ်။ မှတ်ပုံတင်တွေ ထည့်ထားတဲ့အန်ဆွဲကို သော့နဲ့ဖွင့်ပြီး မှတ်ပုံတင် ၂ကဒ်ကို ကောင်တာပေါ်တင်ပေးလိုက်တယ်။ သူက စူးစမ်းသလို မျက်မှောင်ကုတ်ကြည့်ပြီး
"ဘယ်တုန်းက နှစ်ကဒ်လုံး တောင်းမိတာလဲ"
ရင်ထဲမှာလှပ်ခနဲ ဖြစ်သွားပေမဲ့ မသေချာခင် မပျော်ရဲတဲ့အကျင့်ကြောင့်
"ဟင်"
ဆိုပြီး မေးခွန်းထုတ်တဲ့ အာမေဋိတ်သံကို ပဟေဠိဆန်သောအကြည့်ဖြင့် အရှက်လုံရုံလေးစူးစမ်းမိတယ်။
"ကိုမျိုးမြင့်နိုင်ရဲ့ မှတ်ပုံတင် လာယူတာပါဆို။ ဘာလို့ ဒီတစ်ကဒ်ပါ ပေးနေရတာလဲ။ မနေစေချင်တော့ဘူးလား"
"ဘာပြောနေတာလဲ"
"နောက်တစ်ပါတ်လောက် ထပ်နေဖြစ်အုံးမယ်။ ဟိုတစ်ယောက်ကတော့ ဟိုဘက်က အဖွဲ့သားတွေနဲ့ သွားပေါင်းမှာ။ အဲဒါကြောင့် သူ့မှတ်ပုံတင်လာယူရင်း ကိုယ်ကနောက်တစ်ပါတ်ထပ်နေဖို့အတွက် လာပြောတာ"
"ဪ။ ဟုတ်လား။ အင်း။ ခဏနော်။"
သူကစူးစမ်းသလို ကြည့်ရင်း
"မေးစရာမရှိတော့ဘူးလား"
"အင်း။ ဟင့်အင်း။ မရှိပါဘူး"
"ဪ okay ကောင်းပီလေ။ နောက်ထပ်တစ်ပါတ်လောက်တော့ ဒီမှာကောင်းကောင်းအနှောက်အယှက်ပေးရအုံးမှာပဲ။"
သူ့ရဲ့ တည်ငြိမ်တဲ့အသံက ကျီစယ်ဖျားယောင်းမှုအပြည့်နဲ့ ယစ်မူးစရာပဲ။
သူ့ရဲ့စကားတွေအောက်မှာ နာရီသံတွေ တိတ်ဆိတ်သွားပြီး ဆားငန်လေနံ့တွေ ပျော့ပျောင်းသွားတယ်။ ဦးကိုသာ မတွေ့ခဲ့ရင် ကျွန်တော့ဘဝမှာ ဘာတွေ လွဲချော်နေခဲ့မှန်းတောင် သတိထားမိမှာ မဟုတ်ဘူး။ တစ်ချိန်မှာ စွန့်လွှတ်ရဖို့အကြောင်းဖန်ခဲ့ရင်တောင် တစ်ခန်းတည်းမှာရှိနေခဲ့တဲ့ အချိန်တွေ၊ တစ်ထပ်တည်းနင်းခဲ့တဲ့ သဲသောင်ပြင်ပေါ်ကခြေရာတွေ၊ ဦးရဲ့ ကိုယ်ပေါ်ကို ထိတွေ့ခဲ့တဲ့အထိအတွေ့တွေနဲ့၊ ကျွန်တော့်ကိုယ်ပေါ်မှာ ခံစားခဲ့ရတဲ့ဦးရဲ့ အထိအတွေ့တွေကြောင့် ကျွန်တော်တို့ဆုံခဲ့တာ တန်ပါတယ်။
ဒီရက်တွေမှာ ဦးနဲ့ ခဏခဏတွေ့ဖြစ်တယ်။ သူကအဆင်ပြေရဲ့လား အမြဲတမ်းမေးတယ်။ အထူးသဖြင့် ကျွန်တော့မိဘတွေနဲ့ပေါ့။ ဒါပေမဲ့ ကျွန်တော်က ဦးအတွက်သနားစရာသတ္တဝါ၊ စောင့်ရှောက်ပေးဖို့လိုအပ်နေတဲ့ လူတစ်ယောက် မဖြစ်ချင်ဘူး။ တစ်ချိန် ကျွန်တော့အကြောင်းတွေးလိုက်ရင် ဦးရဲ့စိတ်ထဲမှာ စိတ်ဓါတ်ကျချင်စရာကောင်းတဲ့ ကောင်လေးလို့ တွေးမိမဲ့အစား ပျော်စရာကောင်းတဲ့ ကောင်လေး၊ ကြည်နူးစရာ အမှတ်တရလေးအနေနဲ့ပဲ မှတ်မိနေစေချင်တယ်။
ဒါပေမဲ့ သူ့ရဲ့စိတ်တွေက ဒီလောက် ရိုးရှင်းပါ့မလား။ သူဘာတွေကိုမြင်ပြီး ဘာတွေခံစားနေရလဲဆိုတာ ဘယ်လိုလုပ်သိနိုင်မှာလဲ။ ပင်လယ်ကြီးက ထုံးစံအတိုင်း လှိုင်းလုံးတွေကျွန်တော့်ဘက်ကို ပစ်ထုတ်နေဆဲ။ သနားစရာကောင်းတာက ကျွန်တော်ထိုင်နေတဲ့ သောင်ပြင်ဆီရောက်ဖို့ထိ အားမသန်ဘူးဖြစ်နေတယ်။
မှောင်အတိကျ သွားတယ်။ မျက်လုံးတစ်လုံးစီပေါ်မှာ လက်ချောင်းငါးချောင်းစီနဲ့ အနောက်ကနေ လာအုပ်ထားတယ်။
"ကဲ မိပြီ။ ဖမ်းခေါ်သွားတော့မယ်"
သူ့အသံက တက်ကြွနေတဲ့ အသံပေါက်နေတယ်။
သူ့လက်ထဲက ဘယ်လိုရုန်းထွက်လိုက်လဲ မမှတ်မိတော့ဘူး။ ကျွန်တော်မှတ်မိတာက သူ့ပခုံးပေါ်မှာ ကျွန်တော့မျက်နှာကိုအပ်ရင်း သူ့ရဲ့ရင်ဘတ်ပေါ်ကနေ နောက်ကျောထိ တင်းတင်းကျပ်ကျပ်ဖက်ထားမိတယ် ဆိုတာပဲ။ ရေချိုးပြီးခါစ ဖြစ်မယ်။ ဆပ်ပြာနံ့သင်းသင်းနဲ့ တစ်ခြားလူလုပ်အမွှေးအကြိုင်နံ့တွေက သူ့ကိုယ်ပေါ်မှာ ထင်ထင်ရှားရှားပေါ်လွင်နေတယ်။ သူအံ့ဩသွားပုံရတယ်။ စစချင်းတော့ ကြောင်နေပြီးမှ ခဏနေတော့ ကျွန်တော့်ရဲ့ကျောကုန်းလေးကို ဖွဖွလေးပွတ်သပ်ပေးတယ်။
ကျွန်တော့မျက်လုံးနှစ်လုံးကို သူ့ရဲ့ပခုံးစွန်းနားမှာ တိုးဝင်မြှုပ်နှံထားရင်း
"ခင်ဗျား တစ်ကယ်ပဲ ဘာမှမခံစားရဘူးလား။"
ကျွန်တော့အသံတွေက နာကျင်စွာ တုန်ရီနေတယ်။ သူက ဝန်ခံခြင်း မရှိသလို ငြင်းလည်းမငြင်းဆိုဘဲ ကျောကိုသာဖွဖွလေး ပွတ်သပ်ပေးနေတယ်။
သူ့ရင်ဘတ်ထဲကနေ ရုန်းထွက်လိုက်ပြီး
"ရေသွားကူးရအောင် လိုက်ခဲ့"
သူက အံ့ဩသွားတဲ့ပုံစံဖြစ်သွားပေမဲ့ သူ့အံ့ဩမှုက ကြာကြာမခံ။ သူ့ရဲ့လက်တစ်ဖက်ကို ကျွန်တော်က ဆတ်ခနဲဆွဲယူပြီး ထလိုက်တယ်။ လက်ကဆွဲထားတဲ့အရှိန်နဲ့ သူပါထလာတယ်။ ကျွန်တော်က ရှေ့က ပြေးတယ်။ သူကနောက်က တွဲရက်ပါလာတယ်။
ခြုံနွယ်တွေကြားကို လက်ညှိုးထိုးပြပြီး
"အဲ့ကနေဆက်သွားရင် တော်ရုံလူမသိတဲ့ ကမ်းစပ်လေးကိုရောက်တယ်။ သွားရတာတော့ နည်းနည်းခက်တယ်။ ကျွန်တော့လက်ကိုသာ သေချာဆွဲထား။ အပြန် အတွက်ဓါတ်မီးလည်း ပါတယ်။ အကောင်ဗလောင်တွေလည်း သိပ်မရှိဘူး။ စိတ်မပူနဲ့။"
အခုတော့ ဘယ်လိုအတားအဆီးမျိုးနဲ့ပဲကြုံကြုံတန်တယ်လို့ ဆုံးဖြတ်လိုက်ပြီပေါ့ ဟုတ်လားဆိုပြီး ကိုယ့်ကိုယ်ကိုမေးခွန်းထုတ်ရင်း ဘယ်သူမှသတိမထားမိအောင် တိုးတိုးတိတ်တိတ် ပြုံးလိုက်မိတယ်။
သူက ကျွန်တော့မျက်နှာကိုကြည့်ပြီး ပြုံးနေတာပဲ။ ယုံကြည်စိတ်ချတယ်ဆိုတာ ပဲ့တင်ထပ်နေတဲ့ အပြုံးမျိုး။ ၁၅မိနစ်လောက် ခြုံနွယ်တွေ၊ ဗွက်တွေကြားကနေ ခဲရာခဲဆစ်ဖြတ်သွားပြီးတော့ ကျွန်တော်သွားချင်တဲ့ ကျောက်ကမူစွန်းလေး၊ တော်ရုံဘယ်သူမှ မလာကြတဲ့ ဂေါ်ရင်ဂျီရဲ့ လျှို့ဝှက်ရတနာလေးဆီကို ရောက်လာခဲ့ပြီ။
သူ့ဘက်ကို လှည့်ကြည့်ပြီး
"ရောက်ပီ။ အောက်ကို ဆင်းလိုက်ရုံပဲ။ ဟိုမှာ"
ကျွန်တော့်လက်ညှိုးတည့်တည့်မှာတော့ ကျောက်ခဲလေးတွေ စီတန်းနေတဲ့ ကမ်းစပ်လေးတစ်ခု။ ရေတွေက ကြည်စိမ်းနေတာပဲ။ အနောက်မိုးကုပ်စက်ဝိုင်းအောက် နားခိုဖို့ကြံရွယ်နေတဲ့ ပုစွန်ဆီရောင်နေမင်းကြီးက ကျွန်တော်တို့ကို မဲ့ပြုံးတစ်ချက်ပြုံးပြတယ်။ သူ့မှာ အဖော်မှ မရှိပဲကိုး။
ဒီနေရာလေးက ကမ်းစပ်တစ်လျှောက် လမ်းလျှောက်ပြီးလာလို့ရတဲ့နေရာ မဟုတ်တော့ တော်ရုံတန်ရုံလာတဲ့သူ မရှိသလောက်ပဲ။ ကမူလေးကနေ နှစ်ယောက်လုံးသတိထားဆင်းပြီး ကျောက်စရစ်ခဲတွေနဲ့ ခရုလေးတွေဖြန့်ခင်းထားတဲ့ လမ်းတစ်လျှောက်နင်းကာ ကမ်းစပ်ဆီကို ဖြေးဖြေးချင်းလျှောက်သွားလိုက်တယ်။
ရေစပ်ရောက်တော့ အင်္ကျီကိုချွတ်ပြီး သဲပြင်ပေါ်ပုံချထားလိုက်တယ်။ ဘောင်းဘီကိုပါ ချွတ်နေရင်း
"ဘာလုပ်နေတာလဲ။ ရေထဲ ဆင်းမယ်လေ"
သူက မတတ်သာလို့ အလျှော့ပေးလိုက်ရတဲ့ပုံစံမျိုးနဲ့အင်္ကျီကို အပေါ်ကိုလှန်တင်ပြီး ချွတ်ရင်းကျပ်နေတယ်။ စိတ်မရှည်တော့ဘဲ ကူပြီးဆွဲချွတ်ပေးလိုက်မှ ကျွတ်သွားတော့တယ်။ ပြီးတော့ ကျွန်တော့်လိုပဲ ဂျင်းဘောင်ဘီကို ချွတ်ချလိုက်တယ်။
နှစ်ယောက်လုံးအောက်မှာ Boxer အပါးလေးတွေ ကိုယ်စီနဲ့။ သူ့လက်ကိုဆွဲပြီး ရေတွေဆီပြေးသွားကြတယ်။ ရေတွေကို သူ့ဆီကိုလှမ်းပက်လိုက် သူ့နားမှာရေကူးလိုက်နဲ့။ ကမ်းစပ်လေးတစ်ခုလုံး ကျွန်တော်တို့ရယ်သံတွေနဲ့ ဖုံးလွှမ်းနေတယ်။ ရေနက်တဲ့ထဲကိုကူးမလို့ ဦးတည်လိုက်တော့ သူက ကျွန်တော့်လက်ကို ရေအောက်ကနေ လှမ်းဆွဲပြီး
"တော်ပြီ။ ဒီနေ့တော့။ နောက်ရက်မှ အဝကူးတော့"
ရေစိုနေတဲ့ ဆံပင်တွေအောက်က သူ့ရဲ့မျက်နှာက အနီရောင်သမ်းနေတယ်။ သူ့လက်ကို ဖမ်းဆုပ်ရင်း ရေထဲကနေ တဖြည်းဖြည်းတက်လာပြီး ကမ်းစပ်ဘက်ပြန်လျှောက်လာတယ်။
"ဒီတီရှပ်နဲ့သုတ်လိုက်။ ရှပ်အင်္ကျီပဲ ပြန်ဝတ်လိုက်မယ်"
လို့ ပြောရင်း သူ့တီရှပ်ကိုကမ်းပေးတယ်။
သူ့တီရှပ်နဲ့သုတ်လိုက်ရင် အတွင်းခံအပါးလေးအောက်က ထောင်ထလာမယ့်ကောင်ကို သတိရမိတော့ မျက်နှာတစ်ခုလုံး ဖြန်းခနဲပူသွားတာပဲ။
"ဘောင်းဘီပါလဲရမှာ ဟိုဘက်ခဏလှည့်"
သူက ပြီတီတီအကြည့်နဲ့
"မတွေ့ဖူးတာမှ မဟုတ်တာ။ ရှက်နေတာလား"
ပြောပြီး ဟိုဘက်လှည့်သွားတယ်။
ပါးစပ်ကလည်း
"အကြာကြီး မလှည့်နိုင်ဘူးနော်။ အချိန်တန်ရင် ပြန်လှည့်လာမှာပဲ။"
ဘောင်းဘီတိုလေးကို အမြန်ချွတ်ချပြီး တစ်ကိုယ်လုံးရေသုတ်ဖို့လုပ်ရင်း သူ့ဘက်ကိုမလုံမလဲလှည့်ကြည့်မိတော့ သူက ကျောပေးထားတုန်းပဲ။ သူ့ရဲ့ ခန္ဓာကိုယ်အကွေ့အကောက်၊ ကြွက်သားအဖုအထစ်တွေက ရင်ကိုတစ်ဒိုင်းဒိုင်းခုန်လာစေတယ်။
ဖြေးဖြေးချင်း သူ့နောက်ကို လျှောက်သွားပြီး လက်ထဲကတီရှပ်လေးနဲ့ သူ့ပုခုံးက ရေတွေကို အရင်သုတ်လိုက်တယ်။ တစ်ချက်တွန့်ခနဲဖြစ်သွားပေမဲ့ ဘာမှပြန်မပြော။ ကျွန်တော့်ထက် အရပ်မြင့်တာကြောင့် ကျွန်တော့မျက်လုံးတွေက သူ့ဂုတ်ပိုးလောက်ကို တန်းနေတယ်။ ပခုံးနှစ်ဖက်ကိုသုတ်ပြီးတော့ လည်တိုင်ကနေတစ်ဆင့် ကျောပြင်တစ်ခုလုံး။ ပြီးတော့ ခါး။ အာခေါင်တွေ ခြောက်ပြီး ရင်တွေပေါက်ထွက်မတက် ခုန်နေတယ်။
သူ့ရဲ့ဘောင်းဘီကို ဖြေးဖြေးချင်းဆွဲချပြီး ခြေမျက်စိနားမှာ အကွင်းလိုက်လေးထားခဲ့လိုက်တယ်။ လက်မောင်းတွေကနေ လက်ချောင်းတွေထိအောက်ကို ဆွဲချသုတ်ပြီးတဲ့နောက်မှာ တင်ပါးတွေကိုတစ်ဖက်ချင်း ဖြည်းဖြည်းချင်း သုတ်ပေးလိုက်တယ်။ ပြီးတော့ ပေါင်တွေကနေခြေသလုံးထိ အနှေးပြကွက်တစ်ကွက်လို ဆွဲချလိုက်တယ်။
ရေစိုနေတဲ့တီရှပ်ကို ကျောက်စရဲခဲတွေပေါ် လွှတ်ချလိုက်ပြီး လက်မောင်းတွေကို သူ့ခါးအပေါ်နားလောက်ကနေ သိုင်းဖက်လိုက်တယ်။ လက်ဖဝါးနှစ်ဖက်ကတော့ သူ့ရင်ဘတ်တွေပေါ်တင်ရင်း၊ ပါးတစ်ဖက်ကို သူ့ရဲ့ကျောပေါ်မှာ မှီခိုရင်းနဲ့။
သူ့ရဲ့ရင်ဘတ်ပေါ်က ကျွန်တော့်ရဲ့လက်တွေကို ဖွဖွလေးဆုပ်ကိုင်ပြီး ကျွန်တော့်ဘက်ကို ဖြည်းဖြည်းချင်းလှည့်ကြည့်တယ်။ သူ့ရဲ့မျက်လုံးတွေ၊ သူ့ရဲ့အကြည့်တွေကို အဓိပ္ပါယ်မဖော်တတ်။ ဝမ်းနည်းမှုတွေ၊ ဝေခွဲမရမှုတွေ၊ ရှုပ်ထွေးမှုတွေနဲ့ နောက်ကျိနေတယ်။
ဝင်လုဆဲဆဲ နေရောင်အောက်မှာ သူ့ရဲ့မျက်နှာက ခန့်ညားလွန်းနေတယ်။ နှုတ်ခမ်းတွေက ရီဝေယစ်မူးစေပြီး ပေါ်လွင်နေတဲ့ပါးရိုးတွေက ဆွဲငင်အားကောင်းနေတယ်။ ကော့စင်းနေတဲ့ မျက်တောင်နဲ့ အခုမှသတိထားမိတဲ့ အညိုရောင်မျက်လုံးတွေ။ သေချာကြည့်မှ သူ့မျက်လုံးတွေက အညိုရောင်မှန်းသိတယ်။
ဆားငန်ရေနံ့နဲ့အတူ ရောပါလာတဲ့ သူ့အနံ့က တစ်ကိုယ်လုံးကို ညှို့ယူနေတယ်။ သူ့မျက်နှာက တစ်ချက်ပြောင်းသွားတယ်။ တစ်ခုခုကို ဆုံးဖြတ်လိုက်တဲ့ ပုံစံမျိုး။ သူ့မျက်လုံးထဲမှာ တွေဝေနေတာတွေ ပျောက်ကွယ်သွားတာနဲ့အတူ သူ့ရဲ့လက်တစ်ဖက်က ကျွန်တော့်ခါးပေါ်ရောက်လာပြီး ခန္ဓာကိုယ်နှစ်ခုပူးကပ်သွားအောင် ဆွဲဖက်လိုက်တယ်။
အလိုလိုမော့ပြီးသားဖြစ်သွားတဲ့ မျက်လုံးတွေက သူ့မျက်နှာကိုကြည့်နေရင်း တောင်းဆိုမှုတွေပြည့်နေတဲ့ ကျွန်တော့်ရဲ့နှုတ်ခမ်းတွေပေါ် သူ့ရဲ့နှုတ်ခမ်းတွေက ဖြည်းဖြည်းချင်း ထိုးဆင်းလာတယ်။ ဂရိနတ်မင်းတစ်ပါးရဲ့ အလိုဆန္ဒတွေ ဖြည့်ဆည်းပေးနေတဲ့ ဟန်ပန်မျိုးနဲ့။ နူးညံ့ပြီး နွေးထွေးနေတဲ့ သူ့ရဲ့နှုတ်ခမ်းတွေက ကျွန်တော့နှုတ်ခမ်းတွေနဲ့ ပူးကပ်သွားတယ်။ နောက်ဆုံးတော့ ပင်လယ်ပြင်ကြီးကို ကျွန်တော်ရှာတွေ့ခဲ့ပြီ။ သူ့ရဲ့နှုတ်ခမ်းတွေပေါ်မှာပေါ့။
မှန်ထဲမှာပေါ်နေတဲ့ နှုတ်ခမ်းမွှေးရေးရေးလေးတွေကို ကိုယ့်ဖာ့ကိုယ်ကြည့်ပြီး သဘောကျနေမိတယ်။ သေချာကြည့်ရင်း ဘယ်အစိတ်အပိုင်းကိုများ သူသဘောကျသလဲမသိဘူးလို့ တွေးမိသေးတယ်။ ကျွန်တော့်မျက်နှာက ခပ်သေးသေး၊ အပေါ်အောက်ကဘေးနှစ်ဖက်ထက် ပိုရှည်တယ်။ မေးစေ့ဘက်ကို ခပ်ချွန်ချွန်လေး ကျသွားတယ်။ နှာတံကတော့ ဖြောင့်စင်းပြီးပေါ်လွှင်နေတယ်။ မျက်လုံးတွေက ဝိုင်းစက်စက်၊ ခပ်ကျယ်ကျယ်ပုံစံမျိုး မဟုတ်။ ဒါပေမဲ့ ကျဉ်းတယ်လို့လည်း ပြောလို့မရတဲ့ အနေအထားမျိုး။ ကျွန်တော့်မျက်နှာမှာ တစ်ခုကောင်းတာက ဝက်ခြံမရှိဘဲ ကြည်လင်နေတဲ့ အသားအရေပဲ။
ဝတ်ထားတဲ့တီရှပ် အဝါရောင်ဖျော့ဖျော့ကိုကြည့်လိုက်တော့ ခန္ဓာကိုယ်ပေါ်မှာ ကွက်တိကျနေတယ်။ ကျွန်တော့ခန္ဓာကိုယ်က နည်းနည်းပိန်တယ်လို့ ပြောလို့ရမယ်။ တီရှပ်ကိုနည်းနည်းလှန်ပြီး ဗိုက်ကိုကြည့်လိုက်တော့ ဝမ်းဗိုက်တစ်လျှောက်က ချောမွေ့ပြီး ခါးနေရာလေးကသိသာတယ်ဆိုရုံလေး သိမ်ဝင်နေတယ်။ ခါးကို နည်းနည်းလှည့်ပြီး အနောက်ပိုင်းကိုကြည့်လိုက်တော့ တင်ပါးကမဆိုသလောက် ခပ်လုံးလုံးလေးထွက်နေတယ်။ ဘောင်းဘီတိုအောက်က ခြေချောင်းတွေကတော့ သွယ်လျနေတယ်။ ဘေးဘက်တွေကို သပ်သပ်ရပ်ရပ်ညှပ်ထားတဲ့ ဆံပင်မတို၊ မရှည်ကို လက်နဲ့ပုံကျအောင် သပ်လိုက်ပြီး အခန်းထဲက ထွက်လာလိုက်တယ်။
ဧည့်ခန်းရောက်တော့ ဆိုဖာပေါ်မှာထိုင်နေတဲ့မေမေက
"သား။ အပြင်သွားမလို့လား။ ခဏလာပါအုံး"
"ဟုတ်"
လို့ပြောပြီး နီးရာဆိုဖာမှာထိုင်မလို့လှမ်းလိုက်တော့ မေမေက သူ့ဘေးနားကခုံကို လက်နဲ့ပုတ်ပြတယ်။ နေရာပြောင်းထိုင်ပြီးတော့ မေမေက စကားစတယ်။
"သား။ မေမေတို့ ဟိုနေ့ကပြောတာ စဉ်းစားပြီးပြီလား။"
မေမေ့ပုံစံက အလေးအနက်။ ကျွန်တော့်ကိုယ်ကျွန်တော် ပုလင်းထဲထည့်ထားခံရတဲ့ ငါးတစ်ကောင်လို ခံစားနေရတယ်။
"ဟုတ်။ သေချာ မစဉ်းစားရသေးဘူး"
မေမေက မအံ့ဩတဲ့ပုံစံနဲ့
"သေချာစဉ်းစားမှလေ သားရဲ့။ အခုမေမေတို့လုပ်နေတာတွေက သားကောင်းဖို့ပဲဟာ။ ဖေဖေနဲ့ မေမေမရှိတော့ရင် သားတစ်ယောက်တည်း ထားခဲ့ရမှာ ဘယ်စိတ်ချနိုင်မှာလဲ။ အခုတည်းက အိမ်ထောင်ရက်သားကျထားရင် လုပ်ငန်းတွေလွှဲခဲ့ဖို့လည်း စိတ်ချရတာပေါ့"
"ဟုတ်ကဲ့။ ဒါပေမဲ့ သေချာမသိသေးဘဲ ဒီတိုင်းလက်ထပ်ဖို့က အဆင်ပြေပါ့မလား"
"သားဘက်ကပဲ သေချာလေ့လာဖို့ လိုတာပါ။ မေမေတို့က ကိုယ့်ချွေးမဖြစ်လာမယ့်သူကို သေချာစုံစမ်းထားတာပေါ့။ သူတို့ဘက်က မျိုးရိုးလည်း အဆင်ပြေတယ်။ ဂုဏ်သရေရှိ အသိုင်းအဝိုင်းကပဲ။ အခုမေမေတို့ ဒီကိုပြောင်းလာတာကလည်း သားကိုပုသိမ်မှာ ဆက်မထားချင်လို့ မေမေတို့ ဒုက္ခအမျိုးမျိုးခံပြီး ဒီရောက်လာအောင် ကြိုးစားထားရတာလေ။ သားလည်း လိမ္မာတဲ့ကလေးပဲ။ ဖေဖေနဲ့ မေမေ အနစ်နာခံထားတာတွေကို နားလည်ရမှာပေါ့။ မဟုတ်ဘူးလား"
"ဟုတ်။ ဟုတ်ကဲ့။"
"ပုသိမ်မှာသာ မေမေတို့ဆက်နေရင် မေမေတို့ဆွေမျိုးသားချင်းတွေကြားမှာ ဘယ်လိုမျက်နှာပြမလဲ။ အဲဒါတွေအားလုံး သားကြောင့်ဖြစ်ခဲ့တာပဲ မဟုတ်လား။ မေမေတို့ဘက်ကိုလည်း ငဲ့အုံးမှပေါ့ သားရဲ့"
ပုသိမ်က ဆွေမျိုးတွေ။ ဟူးခနဲသက်ပြင်းရှည်ကြီးပဲ မှုတ်ထုတ်လိုက်ချင်တယ်။ ဖေဖေရော၊ မေမေရောက ပုသိမ်ကဂုဏ်သရေရှိတဲ့ အသိုင်းအဝိုင်းက။ ဖေဖေ့ဘက်က အမျိုးအများစုက ရန်ကုန်မှာ။ ဒါပေမဲ့ ပုသိမ်မှာလည်း မောင်နှမတစ်ဝမ်းကွဲတွေ ရှိတယ်။ ဖေဖေ့အမျိုးတွေက ဘာသာရေးကိုင်းရှိုင်းတယ်။ ဘာအကြောင်းပြောပြော ဘုရား၊ တရား မပါရင်မပြီးဘူး။ ကျွန်တော့်အကြောင်းကိုသိတော့ ဖေဖေ့အမျိုးတွေက ကျွန်တော့်ကို ဝဋ်ကြီးလိုက်တာဆိုပြီး စုတ်တသပ်သပ်နဲ့ သနားကြတယ်။ ဖေဖေ့ကိုလည်း ဝိုင်းသနားကြတယ်။ ပြီးတော့ ကျွန်တော့်ကိုဝဋ်ကြွေးကျေအောင်ဆပ်ဖို့၊ နောက်ဘဝ ဒီလိုမဖြစ်အောင် ဘုရား၊ တရား များများလုပ်ဖို့လည်း ပြောတယ်။
အထူးသဖြင့် ဖေဖေ့ညီမ အပျိုကြီးဒေါ်အေးသန်းပဲ။ ကျွန်တော့်ကို စစ်ထဲဝင်စေချင်တာ။ ဖေဖေနဲ့ မေမေ့ကိုလည်း ခဏခဏလာနားချတယ်။ ဗမာကားတွေထဲက အဒေါ်ကြီးအသံမျိုးနဲ့။
"အကိုတို့ ကလေးကို အဲ့လိုပျော့စိပျော့စိလုပ်နေလို့ မရဘူး။ ကြာရင် ပြင်လို့မရတော့ဘဲ ဖြစ်သွားလိမ့်မယ်။ အခုငယ်တုန်း သေချာထိန်းမှ။ တော်ကြာ ပတ်ဝန်းကျင်ကမိဘတွေ အသုံးမကျလို့ဆိုပြီး ကဲ့ရဲ့နေလိမ့်မယ်။"
ကျွန်တော့ကိုလည်း
"နင်လည်း ကျပ်ကျပ်သတိထားနော်။ ဖအေ၊ မအေက မွေးထားတာ ယောက်ျားလေး တစ်ယောက်တည်း။ နင့်ပဲအားကိုးရမှာ။ နင် ညှောင်နာနာလုပ်နေရင် မွေးထားတဲ့ဖအေကြီးနဲ့ မအေကြီးကိုလည်း အားနာတတ်အုံး"
ဆိုပြီး ခဏခဏဆုံးမတယ်။
မေမေ့ဘက်က အမျိုးတွေကတော့ တစ်မျိုး။ သူတို့က ယောက်ျားတွေက မြင့်မြတ်တယ်လို့ ယုံကြည်ထားကြတာ။ မိန်းမတွေက တစ်ဆင့်နိမ့်တယ်လို့ ခံယူထားကြတာ။ ဒါကြောင့် မြင့်မြတ်တဲ့ယောက်ျားတွေက မိန်းမလိုပြုမူနေရင် သူတို့အရမ်းမုန်းတယ်။
ကျွန်တော်နဲ့တွေ့တိုင်းလည်း
"မင်းမိန်းမယူရင် မင်းနိုင်မယ့်မိန်းမကို ရွေးယူနော်"
ဆိုပြီး ခဏခဏပြောတတ်တယ်။
မေမေ့ဘက်က မေမေ့အမနဲ့၊ အကိုနှစ်ယောက် ရှိတယ်။ ကြီးဒေါ်က သားသမီး ၃ယောက်ရှိတယ်။ ဦးလေးကတော့ လူပျိုကြီး။ ကြီးဒေါ်ရဲ့သားသမီး ၃ယောက်မှာ အကိုနဲ့ အမက အိမ်ထောင်ကျနေပြီ။ အငယ်ဆုံးအမကတော့ ကျွန်တော့ထက် ၂နှစ်လောက်ပဲ ကြီးတယ်။ အမနာမည်က မြခြူးခင်။ ကျွန်တော့်ကို နားလည်ပေးနိုင်တာ အမတစ်ယောက်ပဲ ရှိတယ်။ ဒါပေမဲ့ မိသားစုတစ်ခုလုံးကို ပြန်လှန်ပြောရလောက်အောင်၊ ပြန်ပြောခဲ့ရင်တောင် နားလည်လက်ခံအောင်ထိတော့ အမလည်း မလုပ်နိုင်ဘူး။
တစ်ဖက်လူက နားထောင်ပေးချင်တဲ့စိတ်၊ လေ့လာပေးချင်တဲ့စိတ်နဲ့ နားမထောင်သရွေ့ အမပြောသမျှတွေကို တိုက်ခိုက်တဲ့စကားလုံးတွေအနေနဲ့ယူဆပြီး အပြင်းအထန်ခွန့်တုန့်ပဲ ပြန်ကြလိမ့်မယ်။ တစ်ကယ်တော့ အမက စကားနိုင်လုနေတာမဟုတ်ဘူးဆိုတာကိုတော့ သူတို့ရဲ့ အတ္တတွေ၊ မောဟတွေက မမြင်နိုင်အောင် ဖုံးပေးထားကြတယ်။
ဘာပဲပြောပြော ဒီမိသားစုတွေနဲ့ သူတို့နဲ့ဆက်စပ်နေတဲ့သူတွေအားလုံးကြားမှာတော့ ကျွန်တော်က သူတို့ဂုဏ်သိက္ခာကို ဖျက်ဆီးမယ့်သူတစ်ယောက်သက်သက်ပဲ။ အဲဒိကနေ အချိန်တစ်ခုကြာပြီးတဲ့နောက်မှာ ကျွန်တော်တို့အားလုံး ပုသိမ်ကိုစွန့်ခွာခဲ့ကြတာပဲ။
ကျွန်တော်က ရန်ကုန်သွားပြီး ဆယ်တန်းတက်တုန်း ဖေဖေနဲ့ မေမေက ဒီမှာအခြေချဖို့ကြိုးစားတယ်။ ပြောရရင် ပုသိမ်မှာအဆင်ပြေပြီးသား စီးပွားရေးလုပ်ငန်းတွေကိုထားခဲ့ပြီး ဒီကိုပြောင်းလာတာ သူတို့အတွက်ကျွန်တော်ဘယ်လောက်တောင် ဝန်ထုပ်ဝန်ပိုးဖြစ်လိုက်လို့လဲဆိုတာ ခံစားမိပါတယ်။
တွေဝေနေတဲ့ ကျွန်တော့်ကို မေမေကအကဲခတ်ရင်း
"သားအိမ်ထောင်ကျပြီးရင် မေမေတို့လည်း ပုသိမ်ပြန်ပြောင်းပြီး ဒီက စီးပွားရေးတွေကို သားနဲ့လွှဲပေးတာပဲဖြစ်ဖြစ်။ တစ်ခြားနည်းလမ်းရှာတာပဲဖြစ်ဖြစ် ရှာပြီးထားခဲ့လို့ရတာပဲ။ သားသာ အခြေကျသွားရင် မေမေတို့လည်း လူ့အသိုင်းအဝိုင်းထဲ ပြန်တိုးလို့ရပြီလေ။ အရင်ကဖြစ်ခဲ့တာတွေက စိတ်ကစားတာပါဆိုပြီး ပြောလိုက်ရုံပဲ။ အဆင်မပြေဘူးလားဟင်။ သား"
မေမေ့မျက်လုံးက မျှော်လင့်ချက်တွေအပြည့်နဲ့။ ခက်တာက မေမေ့မျှော်လင့်ချက်တွေကို ကျွန်တော်ဘယ်တော့မှ ဖြည့်ဆီးမပေးနိုင်ဘူးဆိုတာ အသေအချာသိနေတယ်။ ဘယ်အရာမှ မသေချာတဲ့လောကကြီးမှာ ထူးခြားစွာပဲဒါကိုတော့ ကျွန်တော်သေသေချာချာသိနေတယ်။ ပိုးမျှင်တစ်စရဲ့နူးညံ့ပျော့ပျောင်းမှုဟာ ဘယ်တုန်းကမှ သူ့အတွက်အားနည်းချက်မဟုတ်ခဲ့သလို ပြောင်းလဲစရာလည်းမလိုခဲ့ဘူး။ သူ့ရဲ့အနက်ရှိုင်းဆုံးဖြစ်တည်မှုကိုက နူးညံ့ပျော့ပျောင်းနေခြင်းပဲ။ တောင်တင်းခိုင်မာမှုကိုလိုချင်ရင် သံချောင်းတစ်ချောင်းရှာရမယ့်အစား ဒီပိုးမျှင်လေးကို နည်းမျိုးစုံသုံးပြီး ပြောင်းလဲပစ်ရမယ်လို့ လူတွေဘာကြောင့်ထင်နေကြတာလဲ။
မေမေက ကျွန်တော့်မျက်လုံးတွေကို နားလည်သလိုလိုနဲ့
"အခုချက်ချင်း ပြောခိုင်းတာ မဟုတ်ပါဘူး သားရယ်။ အေးအေးဆေးဆေး စဉ်းစားလိုက်ပါအုံး။ မြန်ရင်တော့ ပိုကောင်းတာပေါ့။ ကဲ။ ကဲ။ သွားချင်တဲ့ဆီ သွားလေ။ ရေထဲမှာလည်း အကြာကြီးမနေနဲ့အုံးနော်။ အအေးပါတ်အုံးမယ်"
မေမေ့ကိုပြုံးရုံသာ ပြုံးပြပြီး တံခါးဝကနေလှမ်းထွက်လာခဲ့လိုက်တယ်။ ဝင်လုဆဲဆဲနေဝန်းကြီးကိုကြည့်ရင်း သက်ပြင်းတစ်ချက်ပဲ မှုတ်ထုတ်လိုက်မိတော့တယ်။
သူ့အခန်းဘက်ကို ဆယ်နာရီလောက်လာဖို့ မှာထားတာကြောင့် ဖုန်းကိုဖွင့်လိုက် နာရီကြည့်လိုက်လုပ်နေတာ တော်တော်ကြာပီ။ အခန်းထဲက အိပ်ရာပေါ်လှဲရင်း ဝတ္ထုတစ်အုပ်ဖတ်နေပေမဲ့ (စာရွက်တွေကို လှန်ကြည့်နေတာဆို ပိုမှန်လိမ့်မယ်) စိတ်က ဘယ်လိုမှ အာရုံစိုက်လို့မရဘူး။ အာရုံစိုက်လို့မရတဲ့အတူ ဖုန်းကိုယူပြီး နာရီကြည့်လိုက်တော့ ၉နာရီခွဲ။ ဆက်မစောင့်တော့ဘဲ ထွက်သွားလိုက်ရင် ကောင်းမလား။ သူအလုပ်လုပ်နေတာဆို ဘယ်လိုလုပ်မလဲ။ ခေါင်းကဆံပင်တွေကို ထိုးကုတ်ပြီး သွားမယ်ကွာ ဆိုပြီး ထွက်လာခဲ့လိုက်တယ်။
သူနေတဲ့ ဘန်ဂလိုလေးဆီကို တစ်လှမ်းချင်းတစ်လှမ်းချင်း လျှောက်သွားတယ်။ ဖြေးဖြေးလေးလျှောက်မှ အချိန်ကုန်မှာဆိုတော့ လမ်းပေါ်မှာတတ်နိုင်သမျှ ကြာကြာအချိန်ဖြုန်းလို့ရတာပေါ့။ ညဘက်ပေမဲ့ မီးတွေလင်းနေတုန်းဆိုတော့ လမ်းလျှောက်ရတာ အေးအေးဆေးဆေးပါပဲ။ လကြီးကလည်း ထိန်ထိန်သာလို့။ ဘယ်လောက်တောင် ထိန်နေလိုက်သလဲဆိုရင် အဝေးက ကျွန်းလေးတွေကိုပါ လှမ်းမြင်နေရတဲ့အထိပဲ။
ပင်လယ်ပြင်ဘက်ကိုကြည့်လိုက်ရင် ပင်လယ်ကြီးတစ်ခုပဲ ရှိတာမဟုတ်ဘူး။ သိပ်မဝေးလှတဲ့နေရာမှာ ကျွန်းငယ်လေးတစ်ကျွန်း ရှိတယ်။ သူ့အနောက်ခပ်လှမ်းလှမ်းမှာတော့ နည်းနည်းကြီးတဲ့ ကျွန်းနှစ်ကျွန်းကို မြင်နေရသေးတယ်။ ဒါပေမဲ့ ဘယ်ကျွန်းမှတော့ ဂေါ်ရင်ဂျီကျွန်းလောက်မကြီးဘူး။ ညိုစပ်စပ် ပင်လယ်ပြင်ကြီးပေါ်မှာ အမည်းရောင်အရိပ်ခုံးလေးတွေလိုပဲ။
ကမ်းစပ်တစ်လျှောက် အုန်းပင်ရှည်ကြီးတွေက လရောင်အောက်မှာ ထင်ထင်ရှားရှား။ သူ့ရဲ့ဘန်ဂလိုရှေ့ရောက်တော့ ဘယ်သူမှမတွေ့ဘူး။ ဖုန်းဖွင့်ပြီး နာရီကြည့်လိုက်တော့ ၁၅မိနစ်လောက် လိုသေးတယ်။ ဖြစ်ချင်ရာဖြစ်ဆိုပြီး အခန်းတံခါးကိုဖြည်းဖြည်းခေါက်လိုက်တော့ အထဲက တုန့်ပြန့်တဲ့အသံထွက်မလာဘူး။ နောက်တစ်ခါ ခပ်ကျယ်ကျယ်လေး ခေါက်လိုက်တယ်။ ဒီတစ်ခါလည်း ဘာမှမတုန့်ပြန်တာနဲ့ ပြန်သွားပြီး နောက်တစ်ခါပြန်လာရင်ကောင်းမလား စဉ်းစားနေတုန်း တံခါးပွင့်လာတယ်။
သူက
"sorry ဖုန်းပြောနေလို့။ ဝင်ခဲ့လေ"
သူ့အခန်းထဲကို ကျွန်တော်ဝင်သွားတော့ ကုတင်ပေါ်မှာ ခေါက်စားပွဲလေးတစ်လုံး။ အဲ့အပေါ်မှာ laptop ရယ်၊ projector လေးတစ်ခုရယ် အဆင်သင့်တပ်ထားတယ်။ ကြိုးတွေ၊ ဘာတွေနဲ့ပါ သွယ်ထားပြီးသား။ ကုတင်ခြေရင်း နံရံပေါ်မှာ ပိတ်စအဖြူစလိုအစမျိုးကို နံရံမှာကပ်ထားတယ်။
သူက ရှက်သလိုလိုပြုံးစိစိလုပ်နေပြီးမှ
"ရုပ်ရှင် အတူကြည့်ရအောင်" တဲ့။
ပုခုံးနှစ်ဖက်ကိုတွန့်ပြပြီး မီးတွေပိတ်လိုက်တယ်။ တစ်ခန်းလုံး မှောင်ကျသွားတာပဲ။
laptop က အလင်းရောင်ပျပျလေးပဲ ကျန်တော့တယ်။
ကျွန်တော်က projector ကို လက်ညှိုးထိုးပြပြီး
"ဒါနဲ့ အဆင်ပြေလို့လား။"
"အရောင်တွေတော့ နည်းနည်းမှိန်မယ်ထင်တယ်။ အဆင်ပြေမှာပါ။ လာ။ ကုတင်ပေါ်တက်"
နံရံနဲ့ကပ်ထားတဲ့ ကုတင်ခေါင်းရင်းမှာ ခေါင်းအုံးတွေကိုအလျားလိုက်ထောင်ပြီး ကပ်ထားတယ်။ သူက အရင်ကုတင်ပေါ်တက်ပြီး ခေါင်းအုံးတွေပေါ်မှီရင်း ကျွန်တော့်လက်ကိုဆွဲကာ သူ့ဘေးမှာနေရာချပေးတယ်။
ပြီးတော့
"ဗမာစာတန်းထိုးနဲ့ ကြည့်မလား။ english စာတန်းထိုးနဲ့ ကြည့်မလား။ စာတန်းမပါဘဲ ကြည့်မလား"
အင်္ဂလိပ်လိုဖတ်ရတာ ပြသနာမရှိပေမဲ့ နားထောင်ဖို့ကတော့ ပြသနာရှိတာကြောင့်
"English စာတန်းထိုးနဲ့ ကြည့်မယ်။"
"okay"
ဆိုပြီး သူကထိုင်နေရာကထပြီး laptop နဲ့ projector မှာ ဟိုဟိုဒီဒီလိုက်နှိပ်နေရင်း ခဏနေတော့ ကုတင်ခြေရင်းပိတ်ကားပေါ်က screen ပေါ်မှာ အပြာရောင်အပြည့် နောက်ခံနဲ့ Sony Picture ဆိုတဲ့စာတန်းပေါ်လာတယ်။
သူက ကမန်းကတန်း ကုတင်ခေါင်းရင်းပြန်လာပြီး ခေါင်းအုံးတွေပေါ်မှီရင်း ကျွန်တော့ဘေးတိုးဝင်လာတယ်။ ပြီးတော့ နားကျပ်လေးတစ်ခုကို ကမ်းပေးပြီး
"Bluetooth နားကျပ်။ speaker နဲ့ဆို အဆင်မပြေလို့။ တစ်ယောက်တစ်ဖက်ပဲ ရမယ်"
ကမ်းပေးလာတဲ့ နားကျပ်တစ်ဖက်ကို နားထဲထည့်ရင်း သူ့ရဲ့ဘယ်ဘယ်ရင်အုံပေါ် ခေါင်းလေးမှီထားလိုက်တယ်။ သူက အလိုက်တသင့်ပဲ သူ့ရဲ့လက်တစ်ဖက်ကို ကျွန်တော့်ပခုံးပေါ်တင်ပြီး သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်တယ်။ သူ့ရဲ့ဖြောင့်စင်းထားတဲ့ ခြေထောက်တွေဘေးမှာ ကျွန်တော့ခြေထောက်နှစ်ဖက်က နေရာယူထားတယ်။ တစ်ခါတစ်လေ သူ့ခြေထောက်တွေပေါ်တင်မိရင် သူကမသိမသာလေး ကျွန်တော့်ကို လှမ်းကြည့်တယ်။
ဇာတ်လမ်းက အီတလီမြောက်ပိုင်းက ပရော်ဖက်ဆာဆီစာတမ်းပြုစုဖို့လာတဲ့ ph.d ကျောင်းသားနဲ့ ပရော်ဖက်ဆာရဲ့သားကြားက အချစ်ဇာတ်လမ်းလေး။ ဇာတ်လမ်းလေးက တော်တော်လှတယ်။ အီတလီမြောက်ပိုင်းက တော်တော်တော့ ပူပုံရတယ်။ အရောင်တွေကစိုပြီး တောက်ပနေတာပဲ။ သဘာဝတရားကြီးတစ်ခုလုံးကို ပိတ်ကားပေါ်တင်ထားသလိုပဲ။
ကျွန်တော့်ပခုံးပေါ်တင်ထားတဲ့ သူ့ရဲ့ လက်ချောင်းလေးတွေက ကျွန်တော့ဆံပင်တွေထဲတိုးဝင်ပြီး ဖွဖွလေးဆော့ကစားနေတယ်။ ကျန်တဲ့ လက်တစ်ဖက်က ကျွန်တော့်ရဲ့လက်ဝါးပေါ်တင်ပြီး လက်ချောင်းလေးတွေကို တစ်ချောင်းချင်း ဆုပ်ကိုင်နေတယ်။
ဇာတ်လမ်းက ကြာလေ စိတ်ဝင်စားဖို့ကောင်းလာလေဆိုတာထက် ဇာတ်ကောင်နှစ်ယောက်ရဲ့ ခံစားချက်တွေက ပိုပိုပြီးလျှံထွက်လာတယ်။ သူတို့နှစ်ယောက်ကိုကြည့်ရင်း လိုက်ပြီး စီးမျောနေမိတယ်။ သူတို့နှစ်ယောက် နှုတ်ဆက်ကြတော့ ရင်ထဲမှာနာကျင်ပြီး မျက်ရည်တွေစီးကျလာတယ်။ သူ့ရဲ့ပခုံးပေါ်ကနေ ရင်ခွင်ထဲတိုးဝင်ပြီး ခါးကနေတင်းတင်းကြပ်ကြပ်ဖက်ထားလိုက်မိတယ်။ သူ့ရဲ့ကိုယ်နံ့ကို တစ်ဝကြီး ရှုသွင်းတယ်။ အချိန်တွေကြာသွားရင်တောင်၊ ကျွန်တော်တို့နှစ်ယောက် မတွေ့တော့ရင်တောင်မှ မှတ်မိနေနိုင်တဲ့အထိ စိတ်ထဲမှာဘယ်တော့မှပျောက်ပျက်မသွားအောင် မရပ်မနားနမ်းရှိုက်နေမိတယ်။ ရုပ်ရှင်ပြီးသွားတော့ သူ့ကိုယ်မှာကပ်နေတဲ့ ကျွန်တော့်ကို ဖွဖွလေးဆွဲခွာပြီး ကုတင်ပေါ်ကဆင်းကာ မီးတွေဖွင့်လိုက်တယ်။
အကြာကြီးပုံစံတစ်မျိုးတည်းနဲ့ ထိုင်နေရလို့ထင်တယ် သူလမ်းလျှောက်တာ ကြည့်ရတာ ထော့နဲ့ထော့နဲ့နဲ့။ မီးတွေဖွင့်ပြီးတော့ သူက အခန်းထောင့်ကိုလက်ညှိုးထိုပြပြီး
"ကမ်းစပ် သွားရအောင်။ ဂစ်တာတီးရင်း သီချင်းဆိုရအောင်။ နောက်ပြီး သောက်တတ်လား။ ဟိုမှာ JD တစ်ပုလင်းရှိတယ်။ သောက်မယ်ဆို ယူခဲ့ပေးမယ်။"
ကျွန်တော်က ခေါင်းညှိမ့်ပြပြီး
"ဒါဆို ကျွန်တော်က ဂစ်တာသယ်ပေးမယ်။ ဦးက အရက်ပုလင်းနဲ့ ခွက်နဲ့ သယ်ခဲ့"
"ခဏနေဆို မီးပျက်တော့မှာနော်။ ဓါတ်မီးပါ ယူခဲ့လိုက်မယ်"
သူက ပြောပြောဆိုဆို ဓါတ်မီးရယ်၊ အရက်ပုလင်းရယ်၊ ခွက်နည်းနည်းရယ်၊ ရေခဲသေတ္တာအသေးလေးထဲက ရေခဲထုပ်ရယ်ကို ကြွတ်ကြွတ်အိတ်အနက်တစ်လုံးထဲထည့်ပြီး ဆွဲလိုက်တယ်။ ပြီးတော့ ဂစ်တာအိတ်ကို ကျွန်တော့ဆီလွယ်ပေးပြီး အခန်းထဲကနေ အတူတူထွက်လိုက်တယ်။ အခန်းကိုသော့ခတ်၊ သော့ကို အိတ်ကပ်ထဲထည့်လိုက်ပြီး ကမ်းခြေဘက်ကို ကျွန်တော်နဲ့နှစ်ယောက်ယှဉ်လျှောက်လာရင်း
"ရုပ်ရှင်က ဘယ်လိုလဲ။ သဘောကျရဲ့လား"
"အင်း။ အရမ်းလှတယ်။ ဝမ်းနည်းဖို့လည်း ကောင်းတယ်"
"ဦးက အရမ်းကြိုက်တာ။ တစ်ချိန်ကျရင် ဦးအတွက်အရေးပါတဲ့သူနဲ့ အတူတူ အဲဒိရုပ်ရှင်ကို ကြည့်ချင်ခဲ့တာ။ အကျယ်ချဲ့ပြီးပြောရရင် အိမ်မက်တွေထဲကတစ်ခုပေါ့"
"ဟုတ်လား။"
ကြည်ကြည်နူးနူးလေး ပြုံးမိတယ်။
လမင်းကြီးက ခေါင်းတည့်တည့်ကိုကျော်ပြီး အနောက်ဘက်ကိုခုန်ဆင်းဖို့ ဆိုင်းပြင်နေပြီ။ လှိုင်းတွေက လရောင်အောက်မှာ တလျှပ်လျှပ်တောက်ပနေတယ်။
"အင်း။ ဒီရုပ်ရှင်က လှတယ်ဆိုတာထက် ပိုတယ်။ နွေးထွေးတဲ့ အရာတစ်ခုကို အကောင်းဆုံးပုံဖော်ပြနိုင်ခဲ့တယ်လို့ ထင်တယ်။ အရောင်တွေသုံးထားတဲ့ နေရာမှာလဲ အစိမ်းရောင်၊ အဝါရောင်၊ အပြာရောင် အရောင်၃ရောင်ကို အများဆုံးသုံးထားတာ သတိထားမိလားမသိဘူး။ အဲ့ဒိရုပ်ရှင်ရဲ့ cinematographer က ဒီရုပ်ရုင်ကသဘာ၀အကြောင်းတဲ့။ အဲဒါကြောင့် သဘာ၀ထဲမှာရှိနေတဲ့ ဘယ်အရာကိုမဆို သူလက်ခံခဲ့တယ်တဲ့။ ပုံစံတစ်စုံတစ်ခုခုပေါ်လာအောင် လုံး၀တွန်းအားမပေးခဲ့ဘူးလို့ ပြောဖူးတယ်။ ဥပမာ စမ်းချောင်းလေးရဲ့ ရေစီးကြောင်းအတိုင်း ငြိမ့်ငြိမ့်လေးစီးမျောသွားသလိုပုံစံမျိုး ဖန်တီးထားတာပေါ့။ လူတွေလုပ်ယူထားတာထက် သဘာဝကပြောပြတာကို နားထောင်ပေးနေတဲ့သဘောမျိုးပေါ့"
ရုပ်ရှင်နဲ့သိပ်မနီးစပ်တဲ့ ကျွန်တော်အတွက်တော့ သူပြောနေတာတွေက ဝေတေဝါးတားပဲ။ သူကဆက်ပြီး
"ဝတ္ထုတွေဖတ်ရတာကရော ဘယ်လိုခံစားရလဲ။ ဘယ်ဝတ္ထုတွေ အကြိုက်ဆုံးလဲ"
"ဝတ္ထုတွေဖတ်ရတာ ဘယ်လိုခံစားရလဲ"
ကျွန်တော်တိုးတိုးလေးသံယောင်လိုက်ရင်း
"သိပ်ပြီး အထီးမကျန်တော့သလို ခံစားရတယ်။ စာရေးဆရာတွေသင့်နေတဲ့ကျိန်စာက သူတို့ရင်ထဲမှာ ပြောစရာတွေအများကြီးရှိတယ်။ သူတို့ခေါင်းထဲမှာ အံ့ဩစရာ ဇာတ်လမ်းတွေနဲ့ ပြည့်နေတယ်။ ဒါပေမဲ့ အဲဒါတွေကို နားထောင်ပေးမဲ့သူတွေ မရှိကြဘူး။ အရမ်းအထီးကျန်ပြီး သနားဖို့ကောင်းတယ်လို့ ခံစားရတယ်။ အဲဒါကြောင့် သူတို့ရင်ထဲမှာရှိနေတာတွေကို နားထောင်ပေးချင်တယ်။ တစ်ချိန်ထဲမှာပဲ ကျွန်တော့်ရင်ထဲမှာရှိနေတာတွေကိုလည်း သူတို့နားထောင်ပေးနေတယ်လို့ ခံစားမိတယ်။ တကယ်လို့ နားမထောင်နေရင်တောင် နားလည်နေတယ်ဆိုတာ စိတ်ထဲမှာသိနေတယ်။ ကျွန်တော်တစ်ယောက်တည်း မဟုတ်ဘူးဆိုပြီး အားပေးနေသလိုပဲ"
လရောင်အောက်မှာ သူ့ရဲ့မျက်လုံးတွေကို သေချာမမြင်ရပေမဲ့ နွေးထွေးစွာပဲ ကျွန်တော့်ကိုကြည့်နေမယ်ဆိုတာယုံကြည်နေတယ်။ ယုံကြည်နေတာ မဟုတ်ဘူး။ အသေအချာကို သိနေတာ။ သူ့ရဲ့ မျက်လုံးညိုညိုတွေက ဖြာဆင်းလာတဲ့အနွေးဓါတ်ကို ကျွန်တော်ခံစားမိနေတာက သက်သေပဲလေ။ ခဏတွေဝေနေရာကနေ ကျွန်တော့်စကားကိုဆက်တယ်။
"ကြိုက်တဲ့စာအုပ်တွေကတော့ အများကြီးပဲ။ စုံထောက်အက်ရှင်တွေ ဖတ်ရင်ဖတ်တယ်။ ဒါမှမဟုတ် လူတွေခံစားနေရတဲ့ suffering တွေ အကြောင်းဖတ်တယ်။ သူများတွေခံစားနေရတာ ဖတ်ရရင် ကိုယ့်ဘဝကြီးက ထင်သလောက် နာကျင်စရာမကောင်းတော့သလိုပဲ။"
သူ့ခြေလှမ်းတွေ ခဏရပ်သွားတယ်။ ဟိုတယ်ကိုကျော်လာပြီး သောင်ပြင်တစ်လျှောက် သဲတွေပေါ်လမ်းလျှောက်နေတာမို့ ရှဲခနဲအသံခပ်တိုးတိုးလေးထွက်သွားတယ်။ ကျွန်တော့ဘက်ကိုလှည့်ကာ သူ့လက်ဖဝါးကို ကျွန်တော်ပါးပေါ်တင်ပြီး
"ဦး အကြောက်ဆုံးက ဘာလဲ သိလား။ မင်းတစ်ခုခု ထိခိုက်မှာကိုပဲ။ တတ်နိုင်သမျှ မင်းကို မထိခိုက်အောင်ကာကွယ်ပေးချင်တယ်။ အထူးသဖြင့် ဦးကြောင့်"
သူ့အသံတွေထဲမှာ ဝမ်းနည်းမှုတွေအပြည့်ပါနေတယ်။ဪ ဦးရယ်။ ကျွန်တော့်အပေါ် ဘာတွေများလုပ်ထားလို့လဲ။ ဘာတွေပဲ လုပ်ထား၊ လုပ်ထား ကျွန်တော်က ဦးလွှတ်မချမချင်း ဦးရဲ့လက်ကို အမြဲတမ်းဆွဲထားမှာပါ။
ကြောင်လေးတစ်ကောင်လို ကျွန်တော့်ရဲ့ပါးကို သူ့ရဲ့လက်ဖဝါးနဲ့ ပွတ်သပ်လိုက်ရင်း
"ကျွန်တော် အခုအချိန် သေရရင်တောင် သေပျော်ပါပြီ။ ဦး ကျွန်တော့်ကို ဘယ်လောက်နာကျင်အောင်လုပ်လုပ်၊ အခုခံစားချက်တွေကို ချေဖျက်နိုင်လောက်တဲ့အထိနာကျင်မှုမျိုး ဦး မဖန်တီးနိုင်ပါဘူး။"
လှိုင်းသံတွေကြားမှာ သူ့နှုတ်ခမ်းက ကျွန်တော့်ဆီတိုးဝင်လာတယ်။ သူ့ရဲ့ညာဘက်ပါးပြင်မှ စိုစွတ်စွတ်မျက်ရည်တစ်ချို့ကို ခံစားမိတယ်။ လမင်းကြီးက ဘယ်လောက်ပဲထိန်ထိန်သာသာ ကျွန်တော့်မျက်လုံးတွေ အမှောင်ကျသွားတယ်။ ဦးရဲ့အနမ်းတွေထဲမှာ အရာအားလုံးပျောက်ရှသွားပြီး ဦးရဲ့ဖြစ်တည်မှုတစ်ခုတည်းကိုပဲ ခံစားမိတော့တယ်။
ကမ်းစပ်တစ်လျှောက် ဆက်လျှောက်လာကြရင်း ကျွန်တော်တို့ ပထမဆုံးတွေ့ခဲ့တဲ့နေ့က နေရာလေးကိုရောက်တော့ တိုင်ပင်စရာမလိုဘဲ တစ်ယောက်ကိုတစ်ယောက် နားလည်စွာ ပြိုင်တူရပ်လိုက်ကြတယ်။ ဟိုကြည့်သည်ကြည့် ကြည့်ပြီး အဆင်ပြေတဲ့ နေရာလေးမှာ ထိုင်ချလိုက်တယ်။ ခပ်လှမ်းလှမ်းမှာ ကျန်ခဲ့တဲ့ဟိုတယ်ဆီက မီးတွေပျက်သွားတာ မြင်နေရတယ်။
တကယ်တော့ ဓါတ်မီးတောင်မလို။ ပြာလဲ့လဲ့လရောင်က ထိန်လင်းနေရုံသာမက ပင်လယ်ပြင်ကနေ ရောင်ပြန်နေတဲ့ အလင်းတွေကြောင့် ပါတ်ဝန်းကျင်တစ်ခုလုံး ထင်ထင်ရှားရှား မြင်နေရတယ်။ သူက ကြွတ်ကြွတ်အိတ်ထဲက စက္ကူခွက်လေးနှစ်ခွက်ကိုထုတ်ပြီး ရေခဲထုပ်ထဲကရေခဲတစ်တုံးစီ ထည့်လိုက်တယ်။ ပြီးတော့ JDပုလင်းကိုခွက်ရဲ့ သုံးပုံတစ်ပုံလောက်ရောက်တဲ့အထိ လောင်းချပြီး
"Cola ရောအုံးမလား"
ကျွန်တော်က ခေါင်းငြိမ့်ပြတော့ သူက Cola ပုလင်းအသေးလေးထုတ်ပြီး ခုနထည့်ထားတဲ့အရက်ခွက်ထဲ တစ်ခွက်ပြီး တစ်ခွက်ရောနေတယ်။ ရောပြီးသွားတော့ တစ်ခွက်ကို ကျွန်တော့်ဆီကမ်းပေးပြီး ကျန်တဲ့တစ်ခွက်ကို သူ့ရဲ့ညာဘက်လက်ထဲမှာ ကိုင်ထားတယ်။ တစ်ငုံသောက်ကြည့်လိုက်တော့ JDရဲ့ မွှေးတေးတေးအနံ့အတူ Cola နဲ့လိုက်ဖက်တဲ့ ချိုမြမြခါးသက်သက်အရသာက လည်ချောင်းတစ်လျှောက် စီးသွားပြီး ပူတူတူလေးဖြစ်သွားတယ်။
သူက ကျွန်တော့်ကိုကြည့်ရင်း
"စာရေးဆရာတွေထဲမှာကော ဘယ်သူ့ကိုကြိုက်လဲ"
ဒီမေးခွန်းက တော်တော်စဉ်းစားရ ခက်တယ်။ အမှန်တော့ ကျွန်တော်သဘောကျတဲ့သူတွေမှ အများကြီး။ တစ်ယောက်ယောက်ကို တစ်ခြားတစ်ယောက်ထက်ပိုကြိုက်တယ်ပြောရမှာ စိတ်မလုံဘူး။ ဒါမှမဟုတ် ကျွန်တော့်ရဲ့ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားမချနိုင်တာ သက်သက်ပဲ ဖြစ်ရင်လည်းဖြစ်မယ်။ သေချာစဉ်းစားကြည့်တော့ ခေါင်းထဲနာမည်တစ်ခုပေါ်လာတယ်။
"Sylvia Plath..."
သူက မျက်စိတစ်ချက်ပြူးပြပြီး
"အဲဒါ ကိုယ့်ကိုယ်ကိုသတ်သေသွားတဲ့ စာရေးဆရာမ မဟုတ်ဘူးလား"
"အင်း။ ဟုတ်တယ်။ သူက သေတာကို စွဲလန်းခဲ့တာ။ The bell Jar ဆိုတဲ့ဝတ္ထုကို သိလား"
"ဟင့်အင်း"
"အဲ့ဝတ္ထုက သူ့ရဲ့တစ်အုပ်တည်းရေးခဲ့တဲ့ဝတ္ထု။ သူကများသောအားဖြင့် ကဗျာတွေရေးတာလေ။ ဇာတ်လမ်းက College ကျောင်းသူတစ်ယောက် ပါတ်ဝန်းကျင်ကသတ်မှတ်ထားတဲ့ဘောင်တွေနဲ့ လိုက်လျောညီထွေနေဖို့ကြိုးစားရင်း တစ်ဖြည်းဖြည်းရူးလာတဲ့အကြောင်း။ ဒါကတော့ အပေါ်ယံ အတိုချုပ်လေးပေါ့"
"ဟုတ်လား"
သူက ခေါင်းလေးကို ငဲ့ကြည့်နေရင်း ကျွန်တော့်နဖူးနားက ဆံပင်တွေကို သပ်တင်ပေးလိုက်တယ်။
"အင်း။ သူ့ရဲ့ကဗျာတွေက စိတ်ရှုပ်ထွေးစရာ၊ မသတီစရာကောင်းတာတွေကို ရေးထားပေမဲ့ ထူးထူးခြားခြားပဲ ဆွဲဆောင်မှုရှိနေတယ်။ ဥပမာ Cut ဆိုတဲ့ကဗျာအစမှာ
What a thrill -
My thumb instead of an onion.
The top quite gone
Except for a sort of hinge တဲ့။ ကဗျာတစ်ပုဒ်လုံး အဲ့တစ်ပိုဒ်ပဲ မှတ်မိတာ။ စဉ်းစားကြည့် စစချင်းပြောလိုက်တဲ့ တစ်ကြောင်းက What a thrill တဲ့။ မသိရင် စိတ်လှုပ်ရှားစရာကောင်းတာလေး တစ်ခုခုဖြစ်သွားပြီပေါ့။ ဒါပေမဲ့ နောက်တစ်ကြောင်းကျတော့ my thumb instead of an onion တဲ့။ ခုနသူပြောလိုက်တဲ့ စိတ်လှုပ်ရှားစရာက တစ်ကယ်တော့ကြက်သွန်နီအစား သူ့လက်မကိုမှားဖြတ်လိုက်မိတာ။ ဆက်ပြောထားတာက အပေါ်ပိုင်းကတော့ပြတ်ခါနီးဆဲဆဲပဲတဲ့ အဆစ်ကလွဲပြီးတော့ဘူးတဲ့။ ကဗျာကိုစဖွင့်ထားတုန်းက ပျော်စရာစိတ်လှုပ်ရှားစရာတစ်ခုခုဖြစ်တာကို ပုံဖော်တော့မလိုလိုနဲ့ ပြီးတော့အဲ့လိုတွေဆက်ရေးထားတယ်။ ဒါပေမဲ့ထူးထူးခြားခြားပဲ တကယ် thrilling ဖြစ်တယ်ဆိုတဲ့ ခံစားမှုကို ခံစားရတယ်။"
သူက ကျွန်တော့်ကို စူးစူးရဲရဲကြည့်နေတော့
"ဘာဖြစ်လို့လဲ။ အူကြောင်ကြောင်လို့ ထင်သွားပြီလား"
ပြုံးရင်းမေးလိုက်မိတယ်။
"မဟုတ်ပါဘူး။ ဒီလိုပဲ အနုပညာသမားတွေက ထူးထူးဆန်းဆန်းအတွေးတွေနဲ့ ချဉ်ခြင်းတက်တာတွေရှိတတ်ကြတာ များပါတယ်။ ဒါနဲ့ မင်းရဲ့အိမ်အကြောင်းကော။ သူတို့ ဘယ်လိုသိသွားကြတာလဲ။ ပြောပြလို့ရမလား"
လက်ထဲကကုန်ခါနီး ဝီစကီကို အကုန်မော့ချလိုက်ပြီး ခွက်ကိုဘေးမှာ ချထားလိုက်တယ်။ သူက အလိုက်တသိပဲ ထပ်ထည့်ပေးတယ်။ ထပ်ထည့်နေတုန်း
"ကျွန်တော်ကိုယ်တိုင်ပဲ ပြောပြလိုက်တာ။ ၉တန်းအောင်ပြီး ကျောင်းပိတ်တော့ ကျွန်တော့်ကိုယ်ကျွန်တော် စပြီးသတိထားမိလာတာ။ အစကဝောာ့ ကိုယ့်ကိုယ်ကို ဘာဖြစ်မှန်းမသေချာဘူးပေါ့။ အဲဒါနဲ့ မေမေ့ကိုပြောပြလိုက်တယ်။ အဲ့တုန်းက အိမ်နဲ့ဆက်ဆံရေး အဆင်ပြေတယ်။ ကျွန်တော်က ငယ်ငယ်တည်းက ကျောင်းမှာအဆင့်ကောင်းကောင်းရတော့ အမျိုးတွေထဲမှာ မျက်နှာပွင့်တယ်လေ။ အကုန်လုံးကလည်း ကျွန်တော့ကို အရမ်းမျှော်လင့်ထားကြတာ။ အရမ်းလည်း ဦးစားပေးကြတယ်။ မေမေကသိသွားတော့ ကျွန်တော့်အကြောင်းကို ဖေဖေနဲ့တိုင်ပင်တယ်။ နောက်အမျိုးတွေနဲ့ တိုင်ပင်တယ်။ အဲ့ကစပြီး ကျွန်တော့်ဘဝက ပျက်တော့တာပဲ။ အကုန်လုံးက ကျွန်တော့ကို ဝိုင်းအပြစ်တင်ကြတယ်။ ဖေဖေနဲ့ မေမေကို ရှုတ်ချကြတယ်။ ဖေဖေနဲ့ မေမေက အရင်လို ကျွန်တော့်အပေါ် မဆက်ဆံတော့ဘူး။ အကျင့်စာရိတ္ထပျက်ပြားနေတဲ့ လူတစ်ယောက်လို၊ သူတို့ပြုပြင်ရမယ့် လူတစ်ယောက်လို ဆက်ဆံလာတယ်။"
သူကမ်းပေးလာတဲ့ အရက်ခွက်ကိုယူပြီး တစ်ငုံသောက်လိုက်တယ်။
"ပိုဆိုးတာက ကျွန်တော့်ကိုယ်ကျွန်တော် တကယ်မကောင်းတဲ့ကောင်၊ ပြုပြင်ဖို့လိုနေတဲ့ကောင်လို့ ထင်ခဲ့တာပဲ။"
သူက ကျွန်တော့်နားကို ကပ်လာပြီး ပါးပြင်လေးကိုဖွဖွလေးနမ်းပြီး ကြင်နာတဲ့မျက်လုံးတွေနဲ့ အဝိုင်းသားလေးကြည့်နေတယ်။
"ဦးရော ရုပ်ရှင်ရိုက်တာ ပြီးတော့မှာလား။ ပြီးရင် ကျွန်တော့ကို ထားခဲ့မှာလား"
သူက ဆစ်ခနဲနာကျင်သွားပုံရတဲ့ မျက်လုံးညိုညိုတွေကို ဖုန်းကွယ်ရင်း
"နောက်တစ်ပါတ်ဆို ပြီးပြီ။ ရုပ်ရှင်ပြီးလည်း ဦးက ဒီမှာနေခဲ့အုံးမယ်။"
ကျွန်တော့်မျက်လုံးတွေ တောက်ပသွားတယ်။ ဒါပေမဲ့ ကြာကြာမခံ
"ဘယ်လောက်နေဖြစ်အုံးမလဲတော့ မသိသေးဘူး။ နောက်ပြီး ဦးပြောစရာရှိတယ်။ နောက်တစ်ပါတ်ဆို အကုန်လက်စသတ်ရမှာက အရေးကြီးတော့ ဦးဟိုဘက်ဟိုတယ်ကို ပြောင်းမှရမယ်။ နောက်ပြီး အရင်လိုလည်းတွေ့နိုင်မှာ မဟုတ်တော့ဘူး။ ရုပ်ရှင်ပြီးမှပဲ မင်းနဲ့ ပြန်ဆုံနိုင်မယ်။"
"ဪ။ ဟုတ်လား။ ဖုန်းဆက်လို့ကော ရလား"
"မသေချာဘူး။ ဦးက အလုပ်တွေများနေမှာ"
"ဪ....ရှူတင်လာလို့ရောရလား"
သူက ကျွန်တော့်ပါးပေါ် လက်ဝါးလေးတင်ပြီး
"ရှူတင်လည်း မလာခဲ့ပါနဲ့အုံး ဒီရက်ထဲမှာ။ အဝေးကနေလည်း လှမ်းမကြည့်နဲ့။ ဒီလိုထားခဲ့ရတာ မင်းအတွက်အဆင်ပြေမှာ မဟုတ်မှန်းသိပါတယ်။ ဒါပေမဲ့ ဦးမှာလည်း ကိစ္စလေးတွေ ရှိသေးလို့ပါ"
"ရှင်းပြစရာမလိုပါဘူး။ စောင့်နေဆို ကျွန်တော်ကစောင့်နေမှာပဲ။"
သူက ကျွန်တော့်ကိုယ်လုံးသေးသေးလေးကို သူ့လက်မောင်းကြီးတွေနဲ့ ရင်ခွင်ထဲဆွဲသွင်းပြီး ဖက်ထားပေးတယ်။ ပူနွေးတဲ့ သူ့ရဲ့အသက်ရှူသံတွေကို ကျွန်တော့လည်တိုင်တစ်ဝိုက်မှာ ခံစားမိနေတယ်။ ခဏနေတော့ အနမ်းတစ်ခု လည်တိုင်ပေါ်ကို ကြွေဆင်းသွားတယ်။ တရိပ်ရိပ်တက်လာတဲ့ အရက်ရှိန်နဲ့အတူ လှိုင်းတွေကြားမှာ လွင့်မျောသွားသလို ခံစားရတယ်။ ဆားငန်ရေနံ့နဲ့အတူ သူ့ရဲ့သစ်တောဆီကထွက်တဲ့အနံ့မျိုးဆန်ဆန်ရေမွှေးနံ့ကြောင့် ပိုပြီးပျော့ခွေလာသလို ခံစားရတယ်။
သူကနမ်းနေတာကိုရပ်လိုက်ပြီး ခွက်အလွတ်ထဲအရက်ချည်းပဲထည့်ပြီး တစ်ခွက်မော့ချလိုက်တယ်။ ပြီးတော့ ဂစ်တာအိတ်ထဲက ဂစ်တာကိုထုတ်ပြီး
"အသံတော့ သိပ်မကောင်းဘူး။ နားထောင်လို့တော့ ရလောက်ပါတယ်"
ဆိုပြီး သူ့ဖုန်းလေးထဲက app တစ်ခုထဲကို ဝင်လိုက်တယ်။
ဂစ်တာ chords တွေပါတဲ့ app လေး။ သူက တပလင်ခွေထိုင်ပြီး ပေါင်ပေါ်မှာ ဂစ်တာကိုတင်ပြီး ဒူးဆစ်နားမှာ guitar chords တွေဖွင့်ထားတဲ့ ဖုန်းလေးကိုတင်လိုက်တယ်။ တစ်ချက်၊နှစ်ချက် ဒေါင်ဒေါင်ဒင်ဒင်စမ်းပြီးတော့
"ဆိုချင် လိုက်ဆိုလို့ရတယ်နော်"
ဆိုပြီး ကျွန်တော့်ကို လှမ်းရယ်ပြတယ်။ ဂစ်တာဆီကနေ သံစဉ်တွေ တိုးထွက်လာတယ်။ မျိုးကြီးရဲ့ မင်းရှိတဲ့မြို့သီချင်း။ ကျွန်တော်ပြုံးရင်း ကြည့်မိတယ်။ သူပြောတာ ဟုတ်တယ်။ သူ့အသံက သိပ်မကောင်းလှဘူး။ ဒါပေမဲ့ ပိုကောင်းတဲ့အသံကို တောင်းတစရာမှမလိုတာ။ အခုအချိန်မှာ ကျွန်တော့်လောက်ပြည့်စုံနေတဲ့သူ ဘယ်နှစ်ယောက်လောက်များ ရှိမှာမို့လို့လဲ။ ဒီလိုသိပ်လှတဲ့ အပြာရောင်ညလေးမှာ ဂစ်တာတီးရင်းသီချင်းဆိုပြနေတဲ့သူရယ်၊ သဲသောင်ပြင်ကြီးရယ်၊ အရက်တစ်ပုလင်းရယ်ရှိနေပြီလေ။ ဘာတွေများ ထပ်တောင့်တနေရအုံးတော့မှာလဲ။
ဟိုတယ်က ပုံမှန်အတိုင်းလည်ပါတ်နေတယ်။ စားဖိုဆောင်မှာ ဟင်းချက်တဲ့သူတွေကချက်၊ အချိန်တန်ရင် ဧည့်သည်တွေကို ဧည့်ခံတဲ့လူကဧည့်ခံနဲ့။ ညဘက် ၁၂ခွဲဆိုမီးပိတ်။ မနက် ၆နာရီခွဲဆိုမီးတွေပြန်ဖွင့်။
တောင်ကုန်းပေါ်က သစ်ပင်တွေကြားကနေ ထွက်လာတဲ့နေလုံးကြီးက ပင်လယ်ပြင်ထဲကို လုပ်ရိုးလုပ်စဉ်အတိုင်း တိုးဝင်ပျောက်ကွယ်နေဆဲ။ အရာအားလုံးတူညီစွာပုံမှန်အတိုင်းလည်ပါတ်နေပေမဲ့ ဘယ်အရာမှတူညီမနေခဲ့။
ပင်လယ်ပြင်ကြီးက စိမ်းကားနေသလိုလို လူတွေကပဲအေးစက်လာသလိုလိုနဲ့။ အရင်လိုပဲ လမ်းတွေလျှောက်တယ်။ ရေတွေကူးတယ်။ ဒါပေမဲ့ အရင်လိုပျော်စရာမကောင်းသလို၊ အဓိပ္ပါယ်လည်းမရှိတော့ဘူးလို့ ခံစားနေရတယ်။
အခန်းထဲကနေ ပြတင်းပေါက်နားလျှောက်သွားပြီး အပြင်ကိုတစ်ချက်ကြည့်လိုက်တယ်။ ညလေတွေ ပြတင်းပေါက်ကနေ တိုးဝင်လာပြီးအေးစက်စက်ဖြတ်သန်းသွားတယ်။ မနက်ဖြန် သူပြန်လာမှာပေမဲ့ စိတ်ထဲမှာလေးနေတယ်။ တစ်ကယ်ရောပြန်လာပါ့မလား လို့ဝင်လာတဲ့သံသယကိုဖိချရင်း ကုတင်ပေါ်မှာပြန်ထိုင်နေလိုက်တယ်။
တစ်ပါတ်လုံးလုံး သူ့ဘက်က ဆက်သွယ်မလာခဲ့ဘူး။ ဘာဆက်လုပ်ရမှာလဲ ကျွန်တော်မစဉ်းစားတတ်။ သူကတိပေးခဲ့တာပဲ။ ပြန်လာမှာပါလို့ပဲ စိတ်ကိုတင်းရင်း မနက်ဖြန်အမြန်ရောက်ဖို့ ဆုတောင်းနေမိတယ်။ မလာခဲ့ရင်ကော။ ကျွန်တော်လည်း မသိ။ ဘာမှဘမစဉ်းစားတတ်သလို၊ ဘာဆက်လုပ်ရမလဲလည်း မသိ။ ပြေးထွက်သွားပြီး အော်ဟစ်ပစ်လိုက်ချင်တယ်။ သဲသောင်ပြင်ကိုလက်သီးနဲ့ အထပ်ထပ်ခါခါ ထိုးပစ်ချင်တယ်။ဒါပေမဲ့တစ်ချိန်တည်းမှာပဲ သူသာပြန်လာခဲ့ရင်ရော ဆိုတာကိုစဉ်းစားမိတယ်။
ကျွန်တော်တို့အတူတူ ဂေါ်ရီဂျီကျွန်းနားက ကျွန်းတွေကိုလျှောက်လည်လို့ရမယ်။ ဒီပေါ်မှာတောင် သူနေရာစုံရောက်ဖူးချင်မှ ရောက်ဖူးအုံးမှာ။ ခရုံခွံတွေဖွေးဖွေးလှုပ်နေတဲ့ ကမ်းခြေဘက်ကို သူမရောက်ဖူးလောက်သေးဘူး။ ကျောက်ဖြစ်နေတဲ့ ဂုံးတန်းကြီးကဂုံးတွေကို သူ့ကိုမပြရသေးဘူး။ လုပ်စရာတွေမှ အများကြီးပဲ။ သူသာပြန်လာခဲ့ရင်ပေါ့လေ။
ကောင်းကောင်းအိပ်မရတာကြောင့် နိုးလိုက်၊ အိပ်ပျော်လိုက် ဖြစ်နေတယ်။ မနက် ၆နာရီလောက်ကျတော့ ဆက်မအိပ်နိုင်တော့တာနဲ့ မျက်နှာသစ်၊ သွားတိုက်ပြီး အပြင်ထွက်ခဲ့လိုက်တယ်။ အစားလည်း စားချင်စိတ်မရှိ။ ဟိုတယ်ကို နေရာနှစ်နေရာကနေ ဝင်လို့ရတယ်။ တစ်နေရာက ရေလမ်းကလာရင် ဝင်ရတဲ့လမ်းကြောင်း၊ နောက်တစ်နေရာက ကျွန်းပေါ်ကနေလာရင် ဝင်ရတဲ့ကုန်းလမ်းကြောင်း။ သူက သေချာပေါက် ကုန်းပေါ်ကနေပဲလာမှာဆိုတော့ ဒုတိယလမ်းကြောင်းမှာစောင့်နေရင် ကျိန်းသေပေါက်တွေ့မှာပဲဆိုပြီး အဲ့နားတဝိုက်မှာပဲ ခေါက်တုန့်ခေါက်ပြန်လျှောက်လိုက်၊ ကျောက်တုံးတွေ၊ ကျောက်ဆောင်တွေပေါ် ထိုင်လိုက်နဲ့ အချိန်တွေကုန်အောင် စောင့်ဆိုင်းနေရတယ်။
ကျွန်တော်စောင့်နေတဲ့ လမ်းကြောင်းကနေ ပင်လယ်ဘက်ကို ခွဲထွက်သွားလို့ရတယ်။ ပင်လယ်ဘက်ကိုသွားပြီး ကမ်းစပ်တစ်လျှောက်လျှောက်သွားရင် ကျွန်တော်တို့တွေ့နေကျ နေရာကိုရောက်တယ်။ ကျောက်ဆောင်ပေါ်မှာထိုင်နေရင်း ဝင်ကစွပ်ကောင်လေးတစ်ကောင် လှုပ်စိလှုပ်စိသွားနေတာကို သေချာလိုက်ကြည့်နေမိတယ်။ ကောင်လေးက သူ့ကိုယ်သေးသေးလေးကို မနိုင်မနင်း ခရုံခွံကြီးကောက်စွပ်ပြီး လိမ်ဖည်လိမ်ဖည်သွားနေတာ။
"စောင့်နေတာလား"
ဝမ်းသာရပဲ ချက်ချင်းမတ်တပ်ရပ်ပြီး ခေါင်းကိုလှည့်ပါတ်ရှာလိုက်တော့ သူကအနားမှာ မတ်တပ်ရပ်နေတယ်။ ပြေးပြီးဖက်လိုက်ချင်ပေမဲ့ လူသွားလူလာတွေရှိနေတော့ အိန္ဒြေကိုထိန်းရင်း
"အင်း..."
လို့ပဲ ပြုံးပြုံးလေးပြောမိတယ်။
သူက ရေးရေးလေးပြုံးရင်း
"လာ။ ကမ်းစပ်ဘက်သွားရအောင်"
သူက ပင်လယ်ဘက်သွားတဲ့လမ်းကိုမျက်နှာမူပြီး လမ်းလျှောက်ထွက်သွားတယ်။ ကျွန်တော်က နောက်ကအမှီလိုက်ရင်း
"ရှူတင် အကုန်ပြီးသွားပြီလား"
"အင်း။ ပြီးပြီ။ တော်တော်တော့ အလုပ်ရှုပ်သွားတယ်။ ဒီနေ့ တစ်ခြားအဖွဲ့သားတွေ ပြန်ပြီ။ ဦးပဲ ကျန်ခဲ့တာ"
သူက ကျွန်တော့မျက်နှာကိုမကြည့်ဘဲ သောင်ပြင်ပေါ်မှာ ဖြည်းဖြည်းချင်း လမ်းလျှောက်နေတယ်။ အဝေးကလူတစ်ယောက်လိုပဲ။
"ဟုတ်လား။ ဒီဘက်ပြောင်းလာမှာ မဟုတ်ဘူးလား။ အထုပ်တွေရော မပါဘူးလား"
သူက ပြန်မဖြေဘဲ
"ခဏထိုင်ရအောင်"
နှစ်ယောက်လုံး သောင်ပြင်မှာထိုင်ပြီးတော့ သူကကျွန်တော့မျက်နှာကို တည့်တည့်ကြည့်ပြီး
"ဦး ပြောစရာရှိတယ်။ ဦးအကြောက်ဆုံးက မင်းတစ်ခုခုဖြစ်မှာပဲလို့ ဦးပြောဖူးတာမှတ်မိလား"
ကျွန်တော် ခေါင်းငြိမ့်ပြလိုက်တယ်။ သူ့မျက်လုံးထဲမှာ နာကျင်နေတာလား၊ ရှုပ်ထွေးနေတာလား ပြောမပြတတ်တဲ့ မကောင်းတဲ့ အငွေ့အသက်တစ်ခုကို ခံစားနေရတယ်။
သူက စကားကိုဆက်တယ်။
"အဲဒါကြောင့် မင်းကို အတတ်နိုင်ဆုံးတွန်းထုတ်ပစ်ခဲ့တာပဲ။ ဒါပေမဲ့...."
ဟက်ခနဲတစ်ချက် နာကျင်စွာရယ်ရင်း
"မင်းကို မလွန်ဆန်နိုင်ခဲ့ဘူး။ အထပ်ထပ်အခါခါ ရှောင်ထွက်သွားဖို့ စဉ်းစားတယ်။ ဒါပေမဲ့ လုံးဝမထားခဲ့နိုင်ဘူး။ ဦး တစ်ခြားဟာတွေ ဘာမှမပြောတော့ဘူး။ ရုတ်တရက်ဖြစ်နေပေမဲ့ အမှန်အတိုင်းပဲ တစ်ခါတည်းပြောလိုက်တော့မယ်။ ဦးကို နားလည်ပေးပါ မတောင်းဆိုဘူး။ ဦးပြောတာတွေ နားထောင်ပြီးရင်သာ မင်းဘာဆက်လုပ်ချင်လဲဆိုတာ ဦးကိုပြောပါ။ မင်းဆုံးဖြတ်တဲ့အတိုင်းပဲ ဦးဘက်ကလက်ခံပေးမယ်"
ကျွန်တော့်ကို မျှော်လင့်ချက်တွေ ပြည့်နေတဲ့မျက်လုံးတွေနဲ့ လှမ်းကြည့်တယ်။ ကျွန်တော့ရင်တွေ တလှပ်လှပ်နဲ့ တုန်နေတယ်။ သူကပြောရင်းဒေါသသံလေးစွက်လာတယ်။ ကျွန်တော့်ကို ဒေါသထွက်တာထက် သူ့ကိုယ်သူဒေါသထွက်တာ ပိုများမယ် လို့ထင်တယ်။ သူကမျက်တောင်ကို ပုတ်ခတ်၊ ပုတ်ခတ်လုပ်ရင်း ထွက်လာတဲ့မျက်ရည်စတွေကို ပြန်သိမ်းပြီး
"ဦးမှာ မိန်းမရှိတယ်။ သမီးလေးတစ်ယောက်လည်း ရှိတယ်။ သမီးလေးက ၅နှစ်ရှိပြီ"
ကျွန်တော့်ဦးနှောက်က အလုပ်လုပ်တာရပ်သွားသလိုမျိုး ခဏထုံထိုင်းသွားတယ်။ ဘာမှလည်း မမြင်ရတော့သလို၊ ဘာမှလည်း မကြားရတော့။ ခဏနေတော့ အဖြစ်အပျက်တွေအားလုံး ခေါင်းထဲမှာ စီတန်းပြီးပေါ်လာတယ်။ ကမ်းစပ်မှာ သူ့ကိုနမ်းဖို့ကြိုးစားတုန်းက မျက်နှာလွှဲသွားတာတွေ။ အမြဲတမ်းဘေးနားမှာရှိနေပေးခဲ့ပေမယ့် စည်းမကျော်အောင်ထိန်းနေခဲ့တဲ့ သူ့ရဲ့အမူအယာတွေ။ သူ့ရဲ့ခံစားချက်တွေကို ဖုံးကွယ်နေခဲ့မှန်း ကျွန်တော်သိတယ်။ ဒါပေမဲ့ဘာအတွက်ကြောင့်လဲလို့ ဘယ်တုန်းကမှမစဉ်းစားခဲ့ဘဲ သူ့ကိုအားမလိုအားမရဖြစ်ခဲ့မိတာတွေကို နောင်တရလာတယ်။
ဘာလို့များ ငါ ဒီလောက်တောင်မစဉ်းစားတတ်ခဲ့ရတာလဲ။ နောက်ဆုံးကျွန်တော်ကိုယ်တိုင်ပဲ သူ့ရှေ့ကို အတင်းတိုးသွားခဲ့တာတွေကို မျက်လုံးထဲပြန်မြင်လာတယ်။ အဲဒိနေ့ညနေက သူ့မျက်ဝန်းညိုညိုတွေရဲ့အဓိပ္ပါယ်ကို အခုမှနားလည်လာတယ်။ အသက်၃၀ကျော် သူ့အလုပ်နဲ့ သူရှိနေတဲ့လူတစ်ယောက်ကို လူလွတ်လို့များ ကျွန်တော်ဘာလို့ ယူဆခဲ့ရတာလဲ။ ကိုယ့်ရဲ့ အသုံးမကျမှု၊ ဉာဏ်နည်းမှုကို စဉ်းစားရင်း ကိုယ့်ခေါင်းကိုယ်သာ ရိုက်ချလိုက်ချင်တော့တယ်။ ပါတ်ဝန်းကျင်မှာဘာတွေဖြစ်နေလဲ ဘာဆိုဘာမှမသိတော့ဘူး။
ပုခုံးပေါ်မှာ သူ့လက်တွေနဲ့ ဖွဖွလေးဆုပ်ကိုင်ပေးနေတာကို ဖြည်းဖြည်းချင်းခံစားမိလာတယ်။ သူက ကျွန်တော်နဲ့မျက်နှာချင်းဆိုင်ပြီး သူ့လက်နှစ်ဖက်ကို ကျွန်တော့်ပုခုံးတွေပေါ်တင်ထားတယ်။ စိုးရိမ်နေတဲ့မျက်လုံးတွေနဲ့
"အဆင်ပြေရဲ့လား"
"မသိဘူး။ ကျွန်တော် မသိဘူး။ ကျွန်တော်တစ်ချိန်လုံး အနားမှာတွယ်ကပ်ပြီး ခင်ဗျားကိုဒုက္ခပေးမိတာ"
ပြောရင်း ကျွန်တော်ငိုင်ကျသွားတယ်။ သူက ပျာပျာသလဲ အမူအရာနဲ့
"မဟုတ်ဘူး။ မဟုတ်ဘူး။ မင်းထင်တာ မဟုတ်ဘူး။ မင်းကိုယ်မင်းအပြစ်တင်စရာ မလိုဘူး။ အစတည်းက ဦးရဲ့အကြောင်းကို ပြောထားခဲ့ရမှာ။"
စိုးရိမ်နေတဲ့အသံမှာ နာကျင်မှုတို့ရောစွက်လာတယ်။
"တကယ်တော့ ဦးရဲ့နာမည်အရင်းကိုပဲ ပြောခဲ့တာကလည်း ဦးရဲ့မသိစိတ်ထဲမှာ မင်း ဦးအကြောင်းသိသွားမှာစိုးရိမ်မိတာလည်း ပါမယ်။ ဦးသာ ရိုးသားခဲ့ရင် ဦးရဲ့ဒါရိုက်တာနာမည်ကို ဖုံးကွယ်ထားခဲ့မိမှာ မဟုတ်ဘူး။ အလွယ်တကူ online မှာရှာလိုက်ရုံနဲ့ သိနေနိုင်တာကြောင့်မို့လို့ ဖုံးကွယ်ထားခဲ့မိတာ"
သူက ပြောရင်း မျက်ရည်တစ်ချို့ကျလာတယ်။
"မင်းကိုယ်မင်း ဘယ်တော့မှ အပြစ်မတင်ပါနဲ့။ မင်းတွယ်ကပ်နေလို့ ဦးက မင်းကိုချစ်တာမဟုတ်ဘူး။ အဲဒိမတိုင်ခင်တည်းက မင်းကိုချစ်နေခဲ့တာ။ ဦးသာ မင်းအပေါ်မှာ ဘာစိတ်မှမရှိခဲ့ရင်၊ မင်းကိုဦးရဲ့အနားမှာ မရှိစေချင်ခဲ့ရင် ဦးရဲ့အခြေအနေတွေကို အမှန်အတိုင်းဖွင့်ပြောဖို့အခွင့်အရေးတွေ အများကြီးရှိခဲ့တယ်။ ဒါပေမဲ့ ဦး တစ်ခါမှမရှင်းပြခဲ့ဘူး။ မပြောပြခဲ့ဘူး။ မင်းအနားမှာရှိနေလို့ မင်းကိုချစ်တာမဟုတ်ဘူး။ မင်းကို ချစ်နေမိလို့ အနားမှာပဲ အမြဲခေါ်ထားခဲ့မိတာ။ မင်းမှာ ဘာအမှားမှမရှိပါဘူး။ အဲဒိတစ်ခုတော့ ယုံပေးပါကွာ"
ကျွန်တော့်ကို သူ့လက်နှစ်ဖက်နဲ့ ရင်ခွင်ထဲထည့်ပြီး တင်းတင်းကျပ်ကျပ်ဖက်ထားတယ်။
သူ့ရဲ့အသံက နာကျင်မှု၊ ဝမ်းနည်းမှု၊ ဒေါသတွေကြောင့် အက်ကွဲနေတယ်။ ကျွန်တော်ကတော့ သူ့ရဲ့ 'ချစ်တယ်' ဆိုပြီးပြောလိုက်တဲ့စကားလုံးနောက်ပိုင်း သူဘာတွေဆက်ပြောသွားလဲ ဘာမှမသိတော့ဘူး။ ဦးက ကျွန်တော့်ကိုချစ်တယ်။ ချစ်တယ်တဲ့။ ချစ်တယ်ဆိုတာပဲ အထပ်ထပ်အခါခါ ကြားနေတယ်။ ဦးရဲ့ရင်ခွင်ထဲမှာ အသက်ရှူရတာ မွန်းကျပ်လာတယ်။ ဒါပေမဲ့ ဘယ်လောက်မွန်းကျပ်မွန်းကျပ် ဒီရင်ခွင်ထဲက ထွက်ပြေးဖို့ ခွန်အားနည်းနည်းလေးတောင်မရှိတော့ဘူး။ ဒီရင်ခွင်ထဲမှာပဲ သေဆုံးရရင်တောင် ကျွန်တော်ဝမ်းနည်းမိမှာ မဟုတ်လောက်ဘူး။
ဦးရယ်…
ကျွန်တော် အရမ်းချစ်တယ်။ ဦး ဘယ်ကိုမှ ထွက်သွားလို့မရအောင် တင်းတင်းကျပ်ကျပ်ဖက်ထားချင်တယ်။ ဦးကရော ကျွန်တော့်ကို ဒီလိုပဲ အမြဲတမ်းဖက်ထားပေးနိုင်ပါ့မလားဆိုတာတော့ သံသယဝင်မိတယ်။ အဲဒိသံသယက ကျွန်တော့်ရင်ကို ထိုးခွဲပြီး ဆတ်ဆတ်ခါအောင်နာကျင်စေတယ်။ ကျွန်တော့်မျက်လုံးက စီးကျလာတဲ့မျက်ရည်တွေကို ဦးရဲ့နွေးထွေးတဲ့ အဝါရောင်ကိုယ်သင်းနံ့က အရင်လိုတားဆီးပေးနိုင်စွမ်းမရှိတော့။ ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းအောက်မှာ လေဆင်နှာမှောင်းကြီးတစ်ခုလုံးကို မမြင်နိုင်တော့ဘဲ၊ လေငြိမ်ရာ ဗဟိုချက်ကနေ တွယ်တက်လွတ်မြောက်ဖို့ စိတ်ကူးယဥ်မိနေတဲ့သူ ဖြစ်နေပြီလား။
"ထုံးစံအတိုင်း အပေါစားဇာတ်ကားဆန်ဆန်ပါပဲ။"
လှောင်ရယ် တစ်ချက်ရယ်ရင်း ကောင်းကင်ကြီးကိုသူမော့ကြည့်လိုက်တယ်။ ကျွန်တော်မြင်တဲ့ ကောင်းကင်ကြီးကတော့ ပြာလဲ့နေပေမဲ့ သူမြင်နေတဲ့ ကောင်းကင်ကြီးက ဘာအရောင်ဆိုးထားလဲဆိုတာတော့ ကျွန်တော်လည်း မခန့်မှန်းတတ်ဘူး။ သူကပြောလက်စ စကားကိုဆက်တယ်။
"အသက်ကြီးလာတဲ့ထိ မိန်းမ မရတော့ အိမ်ကပေးစားတဲ့သူနဲ့ပဲ ယူလိုက်ရတာပေါ့။ ဦးမှာ ငြင်းစရာအကြောင်းပြချက်လည်း ကောင်းကောင်းမရှိခဲ့ဘူးလေ။"
သူက ကျွန်တော့်ဘက်ကိုတစ်ချက်ငုံ့ကြည့်ပြီး
"ဦးရဲ့ဘဝမှာ သေချာတာဆိုလို့ တစ်ခုမှမရှိခဲ့ဖူးဘူး။ ဦး ဒါရိုက်တာလုပ်တော့လည်း ရူးသွပ်လွန်းလို့မဟုတ်ဘူး။ ဦးတို့အိမ်က အနုပညာမျိုးဆက်ဆိုတော့ ဒါရိုက်တာအလုပ်ဝင်လုပ်ရင်း စိတ်ဝင်စားလာကလည်းတစ်ကြောင်း၊ အဆင်ပြေပြေလုပ်နိုင်လာတာကလည်းတစ်ကြောင်းမို့လို့ လုပ်ဖြစ်သွားတာပဲရှိတယ်။ ဦးရဲ့တစ်သက်လုံး တစ်ယောက်ယောက်ကို တစ်ခါမှမချစ်ခဲ့ဖူးဘူး။ ရည်းစားတွေရှိခဲ့ဖူးပေမဲ့ ဦးရဲ့လစ်ဟာနေတဲ့အစိတ်အပိုင်းကို ဘယ်သူမှဖြည့်ပေးနိုင်တယ်လို့ မခံစားခဲ့ရဘူး။ ဒီလိုပဲ ကြိုက်လိုက်တယ်။ အချိန်တန်တော့ ကွဲလိုက်တယ်။ မိန်းမယူတော့လည်း ဒီလိုပဲ။ ဦးရဲ့ဘဝမှာ ပထမဆုံးသေချာတဲ့အရာက မင်းပဲ။"
တစ်ချက်ရယ်ကာ ကျွန်တော့်ဆီလှမ်းကြည့်လိုက်ပြီး
"တစ်သက်မှာ တစ်ခါပဲခံစားရတဲ့ နက်နက်ရှိုင်းရှိုင်းချစ်မိတဲ့ အချစ်ဆိုတာမျိုးသာ တစ်ကယ်ရှိတယ်ဆိုရင် အဲ့ဒါမင်းပဲ။ ဦးရဲ့ဘဝတစ်ခုလုံး ဘယ်အရာပေါ်မှာမှ စွဲစွဲလန်းလန်း တန်ဖိုးမထားခဲ့ဘူး။ ဒါပေမဲ့ မင်း ဦးရဲ့အနားမှာရှိနေတာ ကြာလာလေလေ ဦးရဲ့ခံစားချက်တွေ ခိုင်မာလာလေ၊ ပိုပိုပြီး စွဲလန်းမိလာလေပဲ။ ရင်ထဲမှာတင်းကျပ်ပြီး ကွဲထွက်မတက်ကို ဦးရဲ့ဘဝက မင်းအတွက်ပဲဆိုတာ ရှင်းရှင်းလင်းလင်းခံစားမိနေတာ။ အဲဒိခံစားချက်တွေကပဲ တစ်ခါတစ်လေမှာ ဦးကိုခြောက်လှန့်လာတယ်"
သူ့ရဲ့လက်ချောင်းလေးတွေကို ဆုပ်ကိုင်လိုက်တော့ သူကပြုံးကြည့်ပြီး စကားဆက်တယ်။
"ပြီးခဲ့တဲ့ရက်တွေက ဦး အသေအချာစဉ်းစားတယ်။ ဘာတွေ ဆက်လုပ်ရမလဲ။ ဘာတွေ ဖြစ်လာနိုင်လဲ ဆိုတာကို။ မိန်းမကရော။ သမီးလေး ကရော။ အဖေနဲ့ အမေ။ ဆွေမျိုးတွေ ကရော။ နောက်ပြီးအရေးအကြီးဆုံးက မင်းအတွက်ကရော။ မင်းကို တိတ်တိတ်ပုန်း မယားငယ် အဲ လင်ငယ်ပေါ့။"
ပြောရင်း အေးစက်စက် ရယ်တယ်။ ကျွန်တော်ပါ သူနဲ့အတူပြုံးမိလိုက်တယ်။
"မဖြစ်လာစေချင်ဘူး။ မင်းဘဝက ဒီထက်အများကြီးပိုကောင်းတာနဲ့ တန်တယ်။ မင်းကို ဦး အဲ့လို သိမ်ငယ်ရအောင် မထားနိုင်ဘူး။ ဦးရဲ့ မိန်းမနဲ့ ဦးကတော့အဆင်ပြေတယ်လည်း မဟုတ်ဘူး။ ဒီလိုပဲ။ သူလည်း ဦးကို သဘောကျလို့ယူခဲ့တာ ဟုတ်ပုံမရဘူး။ သူလည်း အိမ်ကပေးစားတာနဲ့ပဲ ယူခဲ့တာဖြစ်မယ်။ ဦးအနေနဲ့ သူ့အတွက်ရော၊ သမီးအတွက်ရော မတရားမှန်းသိတယ်။ ဒါပေမဲ့ ဦးသေချာစဉ်းစားကြည့်တော့လည်း မိန်းမကိုစိတ်မဝင်စားဘဲ မင်းကိုပဲဘတစ်ချိန်လုံးတမ်းတနေမိမဲ့ ဦးရဲ့ဘဝမှာ အိမ်ထောင်ရေးက အဆင်ပြေလာမယ်မထင်ဘူး။ မင်းနဲ့ကွဲရတာကို ဘေးနားမှာရှိတဲ့သူတွေကို တစ်ယောက်ချင်း အပြစ်တင်မိမယ်။ အရင်ဆုံးဦးကို မိန်းမပေးစားခဲ့တဲ့ ဦးအဖေနဲ့ အမေ။ ပြီးရင် ဦးရဲ့မိန်းမ။ နေ့တိုင်း သူ့မျက်နှာကိုတွေ့တိုင်း မင်းနဲ့မဆုံရတာ သူ့ကြောင့်ပါဆိုတာကို သတိရရင်း တဖြည်းဖြည်းအမုန်းကြီးမုန်းမိလိမ့်မယ်။ ဒီလိုတွေဖြစ်လာရင် သမီးအတွက်လည်း မကောင်းဘူး။ သမီးအတွက် မင်းကိုစွန်လွှတ်ကြည့်ချင်ပါတယ်" ပြောရင်း သူ့အသံက တိမ်ဝင်သွားတယ်။
"ဒါပေမဲ့ ဘာများကောင်းကျိုး ရှိလာမှာလဲ။ သမီးကိုတွေ့တိုင်း နာကျင်ရမယ်။ တဖြည်းဖြည်း ဝေးကွာလာမယ်။ အဆိပ်အတောက်ဖြစ်မယ့် ဆက်ဆံရေးဆီပဲ ဦးတည်မိလိမ့်မယ်။ ဦးလေ မင်းအတွက်ကော သမီးအတွက်ရော သေဆိုသေရဲတယ်။ ဒါပေမဲ့ မင်းတို့နှစ်ယောက်ထဲက တစ်ယောက်ကိုရွေးဖို့ဆိုတာမျိုးတော့ မလုပ်နိုင်ဘူး။ သမီးကိုရွေးလိုက်ရင် မင်းကိုလုံးလုံးစွန့်လွတ်ရမယ်။ ဒါပေမဲ့ မင်းကိုရွေးလိုက်ရင်တော့ သမီးနားမှာအချိန်ပြည့်အရင်လိုရှိမနေနိုင်ရင်တောင် အနည်းဆုံးတော့ လုံးလုံးစွန့်လွှတ်ပစ်စရာမလိုဘူး"
သူက သက်ပြင်းရှည်ကြီး တစ်ချက်ချရင်း
"ဒါတွေက ဦးအတွေးတွေပဲ ရှိပါသေးတယ်။ ဦးလည်း ဘာဆက်လုပ်ရမလဲ သေချာမသိသေးဘူး။"
သူက အလေးအနက်ပြောနေတဲ့ လေသံနဲ့
"မပြောကောင်းမဆိုကောင်း မင်းနဲ့ခွဲရခဲ့ရင်တောင် ဦးကွာရှင်းဖြစ်တော့မယ် ထင်တယ်။ ဦး သူနဲ့နေရတာမပျော်ဘူး။ တစ်ခုခုမှားနေသလို အမြဲခံစားရတယ်"
နောက်ထပ်လက်တစ်ဖက်နဲ့ပါ ဦးရဲ့လက်ချောင်းတွေကို လက်ဝါးနှစ်ဖက်ကြားထဲအုပ်ပြီး ကိုင်လိုက်တယ်။
"ကျွန်တော်ကတော့ အိမ်တွင်းရေးအဆင်မပြေတဲ့ မိဘတွေဆီကနေမွေးလာတဲ့ သားသမီးတွေက ပိုဒုက္ခရောက်မယ်လို့ထင်တယ်။ အဲဒိအစား အဖေနဲ့ အမေက သပ်သပ်စီဖြစ်နေတောင် နှစ်ယောက်လုံးက အလှည့်ကျနဲ့ချစ်ပေးတာက ပြသနာတွေနဲ့လုံးပမ်းပြီး ကလေးကိုဂရုမစိုက်အားတဲ့မိဘတွေထက် သာမယ်ထင်တယ်။ ကိုယ့်ဘက်ကိုယ်ယက်သလိုဖြစ်နေပေမဲ့ စိတ်ရင်းနဲ့ပြောတာပါ"
သူက ကျွန်တော့ကို ပြုံးကြည့်ပြီး ဘေးချင်းကပ်ယှဉ်ထိုင်နေရာကနေ သူ့ပခုံးနဲ့ ကျွန်တော့်ပခုံးကို လှမ်းတိုက်တယ်။ ကျွန်တော်လည်း ပြန်တိုက်ရင်း ရယ်မိတယ်။ သူကလည်းရယ်တယ်။ ဒီခဏအတွင်း စိတ်အပေါ့ပါးဆုံးနဲ့ ရယ်မိတာဖြစ်မယ်။ သူ့ရဲ့ရယ်သံတွေက ချိုမြိန်လွန်းပြီး သူ့အပြုံးတွေက လှပလွန်းနေတယ်။ ဘာလို့ဒီလောက်တောင် ဆွဲဆောင်မှုရှိနေရတာလဲလို့ တွေးနေတုန်း သူ့နှုတ်ခမ်းတွေက ကျွန်တော့နှုတ်ခမ်းတွေပေါ် ပြိုဆင်းကျလာတယ်။
သူ့နှုတ်ခမ်းတွေက သွားတိုက်ဆေးအရသာယောင်ယောင်လေးရနေပြီး လေးညှင်းနံ့မွှေးနေတယ်။ တစ်ယောက်ကိုတစ်ယောက် တင်းကျပ်စွာဖက်ထားရင်း ကန္တာရထဲကလူတွေ အိုအေစစ်တွေ့သလို၊ သူ့ရဲ့နှုတ်ခမ်းတွေက အောက်ဆီဂျင်အရင်းအမြစ်တွေလို အငမ်းမရနမ်းရှုတ်နေမိတယ်။ သူက နမ်းနေရာကနေ ခဏခွာပြီး
"အခန်းထဲသွားရအောင်"
ပြန်ဖြေချိန်မရခင်မှာပဲ ဆက်နမ်းပြန်တယ်။ လက်နှစ်ဖက်နဲ့ သူ့မျက်နှာကိုတွန်းထုတ်ပြီး
"အခန်းမှ မယူရသေးတာ မဟုတ်ဘူးလား။"
သူက သူ့နဖူးသူရိုက်ပြီး
"ဟုတ်သားပဲ။ ဟိုဘက်ဟိုတယ်က အခန်းထဲမှာ ပစ္စည်းတွေအကုန်ထုပ်ပိုးပြီး ထားခဲ့တာ။ check in အချိန်မတိုင်ခင် သွားယူရမှာ။"
ကျွန်တော်က စပ်ဖြီးဖြီးကြည့်နေတော့
"ရယ်မနေနဲ့။ ညကျ အခန်းထဲလာခဲ့။ စောလေ ကောင်းလေပဲ"
သူ့နှုတ်ခမ်းတွေက နောက်တစ်ကြိမ်ကျွန်တော့်ကိုယ်ပေါ်ရောက်လာပြန်တယ်။ ဒီတစ်ခါတော့ နှုတ်ခမ်းတွေဆီမဟုတ်တော့။
မတ်တပ်ရပ်၊ ဒူးနှစ်ဖက်ပေါ် လက်တင်ပြီး ဟောဟဲ၊ ဟောဟဲနဲ့ မောနေတဲ့သူ့ကို ကြည့်ပြီး
"ဘာလဲ။ မလျှောက်နိုင်တော့ဘူးလား"
သူကတစ်ချက်မော့ကြည့်ပြီး ကျောမှာလွယ်ထားတဲ့ကျောပိုးအိတ်ထဲက ရေဘူးကိုထုတ်ပြီး တစ်ငုံသောက်လိုက်တယ်။ အမောဆို့နေတဲ့ အသံနဲ့
"လျှောက်နိုင်ပါတယ် အေးဆေး။ ဘယ်လောက်လိုသေးလဲ။"
"အလွန်ဆုံး နာရီဝက်ပေါ့"
မြက်ရိုင်းပင်ရှည်ရှည်တွေကြား လူတွေနင်းရာကနေ ဖြစ်လာတဲ့ လမ်းကြောင်းလေးပေါ်မှာ ကျွန်တော်တို့နှစ်ယောက်ပဲ ရှိတယ်။ ပုံမှန်ဆို ဒီလမ်းတွေက ရွာခံလူတစ်ယောက်ရယ်၊ ဧည့်သည်တွေရယ် အုပ်စုဖွဲ့ပြီးသွားနေကျ။ ကျွန်တော်တို့အတွက်ကတော့ လူပိုမှမလိုတာ။
"ခုနကလည်း လျှိုလိုဟာကနေ ဖြတ်တတ်ရသေးတယ်။ အခုလည်း လမ်းလျှောက်ရတာ အကြာကြီးပဲ"
"တောင်ပေါ်ရောက်ရင် အမောပြေသွားလိမ့်မယ်"
"သေချာလို့လား"
"သေချာတာပေါ့။ လာပါ" လို့ပြောရင်း သူ့ကိုလက်မောင်းကနေဆွဲခေါ်လိုက်တယ်။
သစ်ပင်ကြီးတွေ ဟိုတစ်ပင်၊ ဒီတစ်ပင်ရှိနေပြီး လူတစ်ယောက်ခါးလောက်ရှိတဲ့မြက်ရိုင်းပင်အုပ်တွေက လမ်းဘေးဝဲယာတစ်လျှောက်ပြည့်နေတယ်။ တစ်ချို့ကလည်း အဝါရောင်ဘက်ကို သမ်းနေကြတယ်။ နေက အခုမှထွက်စပဲရှိသေးတာဆိုတော့ သိပ်မပူသေးလို့ တော်သေးတယ်။ နေပူတဲ့အချိန်ဆို ဒီလမ်းတွေက တော်တော်ပူတယ်။ သူ့ကိုဆွဲရင်း လျှောက်ရင်းနဲ့ပဲ တဖြည်းဖြည်း တောင်ကုန်းလေးတွေဆီ ရောက်လာတယ်။ ဂေါ်ရင်ဂျီကျွန်းပေါ်က တောင်တန်းဒေသတွေကလို တောင်အမြင့်ကြီးတွေမဟုတ်ကြဘူး။ ခပ်ပြေပြေတောင်ကုန်းလေးတွေပဲ များတယ်။ တောင်တက်လမ်းလေးတစ်လျှောက် တက်သွားရင်း တောင်ကုန်းထိပ်ကိုရောက်တော့ လေကတဖြူးဖြူးတိုက်ခတ်နေတယ်။ မြို့ပြရဲ့ ညစ်ညမ်းတဲ့လေမျိုး မဟုတ်ဘဲ တစ်ချက်ရှုလိုက်တာနဲ့ စိတ်တွေပေါ့ပါးလန်းဆန်းသွားစေမယ့် အောက်ဆီဂျင်အပြည့်နဲ့ လေကောင်းလေသန့်တွေချည်းပဲ။ ပင်လယ်နံ့သင်းသင်းလေးကလည်း မဆိုသလောက်လေး ပါနေတယ်။
တောင်ကုန်းပေါ်ကနေ ကြည့်လိုက်ရင် ပင်လယ်ကြီးကတစ်ဖက်၊ အပေါ်စီးကမြင်နေရတဲ့ ကုန်းမြေတွေကတစ်ဖက်။ ပင်လယ်ပြင်နဲ့ ထိစပ်နေတဲ့ကုန်းမြင့်တွေရဲ့အောက်ခြေနားမှာ ကျောက်ဆောင်ကြီးတွေ၊ အတွန့်အခုံးအဖုအထစ်တွေနဲ့ ကျောက်ဖြစ်နေတဲ့ ကျောက်သားထုကြီးတွေကို ရေလှိုင်းတွေကတစ်ဖုန်းဖုန်းရိုက်ခတ်နေကြတာ်။ ဟိုတယ်အစုစုလေးတွေ၊ စိုက်ခင်းတွေ၊ သစ်ပင်တွေကို အပေါ်စီးကမြင်နေရတယ်။ နောက်ပြီးဒီနေရာမှာ လက်ရှိရောက်နေတဲ့ တောင်ကုန်းတစ်ခုတည်းရှိတာမဟုတ်ဘဲ ဘေးမှာလည်း တောင်ကုန်းလေးတွေဆက်နေကြတယ်။ တောင်ကုန်းတွေအားလုံးတူတာတစ်ခုက ဖက်ဖူးစိမ်းရောင်တောက်နေတဲ့ မြက်ပင်တိုလေးတွေ လူသွားလမ်းတွေကလွဲပြီး တောင်ကုန်းအပြည့်နီးပါး ဖုံးထားတာပဲ။
အနိမ့်အမြင့်မကွာလှတဲ့ တောင်ကုန်းတစ်ခုကနေ အခြားတောင်ကုန်းတစ်ခုကို လှမ်းကြည့်လိုက်ရင် စိမ်းစိုနေတဲ့ကုန်းမြေလျှောကြီးတွေကို ကြည့်နေရသလိုပဲ။ အစိမ်းရောင်အပြည့် ပန်းချီတစ်ချပ်လိုလို၊ ဓါတ်ပုံကားချပ်တစ်ခုခုလိုလို ပုံစံမျိုး။ အဓိကကွာခြားချက်ကတော့ ကျွန်တော့်မျက်စိရှေ့မှာမြင်နေရတဲ့ အစိမ်းရောင်မြင်ကွင်းကျယ်ကြီးက ထိတွေ့ခံစားလို့ရတဲ့ ကားချပ်ကြီးတစ်ခုဖြစ်နေတာပဲ။ ငှက်ကလေးတွေရဲ့ တောင်ပံခတ်သံ၊ လှိုင်းနဲ့ လေတို့ ရန်ဖြစ်နေတဲ့အသံ၊ ရွေ့လျားနေတဲ့ ရောင်စုံလိပ်ပြာလေးတွေရဲ့ ကလူကျီစယ်သံ၊ ပန်းပွင့်တွေနဲ့အတူလေပြေတွေ ကခုန်နေသံတွေကို လက်ရာမြောက်လှပါတယ်ဆိုတဲ့ ဘယ်ပန်းချီဆီကမှ ထိတွေ့ခံစားကြားယောင်နိုင်ဖို့ မဖြစ်နိုင်ဘူး။
သူက လက်နှစ်ဖက်ကိုဆန့်ထုတ်ပြီး လေတွေကိုတစ်ဝကြီးရှူနေတယ်။ ကျွန်တော်က သူ့ကို တစ်ချက်ကြည့်ပြီး
"ပင်ပန်းတာ တန်တယ်မလား"
လို့ မေးခွန်းထုတ်လိုက်တယ်။
သူက ပြုံးစိစိပဲလုပ်နေတယ်။ ပြန်မဖြေဘူး။ ပြန်မဖြေတဲ့အပြင် ကျွန်တော့်ဘက်ကိုတောင်လှည့်ပြီး နောက်တစ်ခါပြီတီတီလုပ်ပြသေးတယ်။
တောင်ကုန်းအစွန်နားလေးကို လက်ညိုးထိုးပြပြီး
"ဟိုအစွန်နားလေးမှာ ခဏထိုင်နားရအောင်"
လတ်ဆတ်တဲ့လေတွေက ကျွန်တော်တို့နှစ်ယောက်လုံးကို ဖြတ်သန်းတိုက်ခတ်နေတယ်။ သူက အပျင်းကြောဆန့်တဲ့အသံမျိုးနဲ့
"အားးးးးးလှလိုက်တာ"
ကျွန်တော်ကပြုံးရင်း ခပ်ဝေးဝေးက ဂငယ်ပုံ ခပ်ရှည်ရှည် ကျောက်ဆောင်ကမ်းခြေအတွင်းပိုင်းထဲ ပင်လယ်လှိုင်းတွေမဝင်နိုင်ဘဲ အတွင်းထဲက ရေပြင်ကညိမ်ညိမ်သွဲ့သွဲ့လေးလှုပ်ရှားနေပုံကို သတိထားကြည့်နေမိတယ်။
သူက ကျွန်တော့်ပုခုံးပေါ် လက်တင်ပြီး
"လူ့အသိုင်းအဝိုင်းကြီးထဲ ပြန်မဝင်တော့ဘဲ ဒီမှာပဲ အချိန်တွေ ဒီလိုကုန်သွားရင် ကောင်းမယ်ကွာ"
သူ့ပုခုံးပေါ်မှီရင်း ပြုံးရုံသာပြုံးမိတယ်။
"ကဲ...ဆက်လျှောက်ရအောင်"
လို့ ကျွန်တော်ကပြောပြီးထတော့မှ သူက နောက်ကလိုက်ထတယ်။
"ဒီကနေဆက်သွားရင် နောက်ကမ်းခြေတစ်နေရာကို ထပ်ရောက်အုံးမယ်။ ကျွန်တော့နောက်ကသာ လိုက်ခဲ့"
သူ့ရဲ့ညာဘက်လက်ထဲ ကျွန်တော့ရဲ့ဘယ်ဘက်လက်ကိုလျှိုသွင်းပြီး ဆုပ်ကိုင်လိုက်တယ်။ ပြီးတော့နှစ်ယောက်အတူ တောင်ကုန်းတွေကိုဖြတ်ပြီး တဖြည်းဖြည်းဆင်းလာကြတယ်။ ခြုံနွယ်တစ်ချို့နဲ့ မြက်ရိုင်းပင်တစ်ချို့ကျော်လာပြီးတဲ့အခါမှာတော့ လှေလေးတွေကမ်းစပ်မှာအစီအရီကပ်ထားတဲ့ ကမ်းခြေလေးကိုရောက်လာတယ်။ ကမ်းခြေတစ်ခုလုံး ခရုခွံအကွဲစလေးတွေနဲ့ပြည့်နေတယ်။ ခရုခွံအကောင်းလေးတွေလည်းပါပေမဲ့ နည်းတော့နည်းတယ်။ သဲတွေမမြင်ရလောက်အောင်ကို ခရုခွံတွေက ကမ်းစပ်တစ်လျှောက်ဖုံးအုပ်ထားတယ်။ ကမ်းစပ်နားမရောက်ခင်တစ်လျှောက်မှာ အုန်းပင်တွေစီတန်းပြီး ပေါက်နေကြတယ်။ အုန်းသီးတွေအပုံလိုက်ပုံထားပြီး အုန်းရေခွဲရောင်းနေကြတဲ့ ဈေးသည်တစ်ချို့လည်းရှိတယ်။
ကျွန်တော်ကသူ့ကို ကမ်းစပ်နားကဂူကြီးတစ်ခုအောက်ဆွဲခေါ်သွားတယ်။ ဂူကကျောက်ဂူကြီးလိုပုံစံမျိုးကိုမှ မျက်နှာပြင်ကကျောက်သားပြင် ပြောင်ချောချောကြီးလိုမျိုးခုံးပြီး ခပ်ဝိုက်ဝိုက်ကျနေတယ်။ လှိုင်းနဲ့အတူပါလာတဲ့ခရုခွံတွေ အများဆုံးသောင်တင်နေတဲ့နေရာမို့လို့ ကြမ်းပြင်မှာခရုခွံလှလှလေးတွေဖွေးဖွေးလှုပ်ပြီး အပုံလိုက်ဖြစ်နေတယ်။
ကျောက်စိမ်းရောင် အရစ်အရစ်နဲ့ ခပ်ချွန်ချွန် မရွတ်ခွံလေးတွေရယ်၊ ဇာတ်လမ်းတွေထဲမှာ နှဲမှုတ်သလိုမှုတ်လို့ရတဲ့ ခရုခွံပုံစံမျိုးအသေးစားလေးတွေရယ်၊ ကမာပုံစံအဖြူရောင်ခရုခွံလေးတွေကတော့ အရွယ်စုံဆိုဒ်စုံ။ ကြွေခုတ်ရင်သုံးတဲ့ ငုံးဥခြမ်းပုံအလယ်ကအကွဲလေးနဲ့ ခရုလေးတွေရောပဲ။ အခွံလေးတွေကလည်း အညိုရောင်အရောင်စပ်လေးတွေရော၊ အဖြူရောင်သက်သက်ပဲပါတာလေးတွေရော အစုံပဲ။ သူက ပါတ်ဝန်းကျင်ကိုအကဲခတ်ရင်း အပျော်ကြီးပျော်နေတာကို သူ့မျက်နှာပေါ်ကအပြုံးက သက်သေပြနေတယ်။
"လှတယ်မလား"
"အင်း။ တကယ်လှတယ်"
သူ့ခြေထောက်နားက ယပ်တောင်ပုံခရုခွံလေးကို ကောက်ယူလိုက်တယ်။ ခရုခွံလေးက ကွမ်းသီးလုံးအကျယ်လောက် ရှိမယ်ထင်တယ်။ အခွံတစ်ခုလုံး ဆွတ်ဆွတ်ဖြူနေတာပဲ။ သဲတွေပေနေတာကြောင့် ကမ်းစပ်ကိုပြေးသွားပြီး ရေထဲနှစ်ပြီးဆေးလိုက်တယ်။ ပြောင်သွားတော့မှ ပြန်ယူလာပြီး အင်္ကျီနဲ့သုတ်လိုက်တယ်။ ခြောက်ပြီဆိုတော့မှ မတ်တပ်ရပ်ကြည့်နေတဲ့ သူ့ရဲ့ဘောင်းဘီအိတ်ထဲထည့်၊ အိတ်ကိုနှစ်ချက်လောက်ပုတ်ပြီး
"သေချာသိမ်းထား။ မပျောက်စေနဲ့"
သူကရယ်သံသဲ့သဲ့လေးနဲ့
"ဟုတ်ကဲ့ပါ။ အမိန့်တော်အတိုင်းပါ" တဲ့။
သူ့နှုတ်ခမ်းတွေကို ဖျက်ခနဲနမ်းလိုက်ချင်ပေမဲ့ လူတွေအများကြီးမို့လို့ ကိုယ့်စိတ်ကိုယ် ထိန်းထားရတယ်။
"ဟိုဘက် သွားရအောင်။ ဟိုးက ကျောက်ဆောင်ကြီးကို မြင်လား။ အဒေါ်ကြီးတွေ ကျောက်ဆောင်ပေါ်မှာ ခြင်းတောင်းတစ်လုံးစီနဲ့ သံချွန်လေးတွေသုံးပြီး ပေါက်ပေါက်နေကြတာတွေ့လား"
"အင်း။ သူတို့ ဘာလုပ်နေကြတာလဲ"
"သွားကြည့်မယ်လေ။ လိုက်ခဲ့"
ကျောက်ဆောင်က အရင်ခေတ်က ကိုလာဖန်ပုလင်းတွေရဲ့အဖုံးလိုမျိုးခရုလေးတွေ အများကြီးစုနေရာကနေ ကျောက်ဆိုင်ကျောက်ခဲကြီး ဖြစ်လာတဲ့ပုံစံမျိုး။ အမဲရောင်နဲ့ အညိုရောင်ခပ်မှိုင်းမှိုင်းက ကျောက်ဆောင်တစ်ခုလုံးဖုံးလွှမ်းနေတယ်။ မြေပြင်ပေါ်မှာ မုန့်လင်မယားကြော်တဲ့ခွက်ချထားသလိုမျိုး အခွက်အခွက်တွေနဲ့ပြည့်နေတယ်။ လမျက်နှာပြင်လို ချိုင့်ခွက်တွေဖြစ်နေကြတဲ့ဆီမှာမှ အဲဒိအခွက်သေးလေးတွေနဲ့ ထပ်ပြီးဖွဲ့စည်းထားကြတယ်။ ပင်လယ်ဘက်မှာတော့ ကျောက်ဆောင်က လူနှစ်ရပ်လောက်မြင့်တဲ့အထိ အပေါ်ကိုထောင်တက်သွားတယ်။ ခရုတွေရဲ့ စောင်းတွေက ဓါးတွေလိုခပ်ထက်ထက်လေးတွေမို့ ကျောက်ဆောင်တစ်ခုလုံး အချွန်အတက်လေးတွေနဲ့ပြည့်နေတယ်။
"သတိထားနော်။ အဲ့ဒါတွေက ရှတတ်တယ်"
သူ့ကို သတိပေးရင်း ချိုင့်ခွက်နှုတ်ခမ်းသားတွေကနေ ဟန်ချက်ညီအောင်ထိန်းပြီး သန်ချွန်တူလေးတွေနဲ့ပေါက်နေတဲ့ အဒေါ်ကြီးတစ်ယောက်ဆီရှေးရှုပြီး လျှောက်သွားလိုက်တယ်။
သူကနောက်က ကပ်ရက်ပါလာတယ်။ အနားရောက်တော့ ကျောက်ဆောင်ပေါ်မှာ ကျောက်တွေနဲ့တွဲပြီးကျောက်ဖြစ်နေတဲ့ ခရုလေးတွေကို ပေါက်ခွဲပြီး အထဲကအကောင်လေးတွေကို ယူနေတာတွေ့ရတယ်။ သူကအထူးအဆန်းလို ကြည့်နေတုန်း
"အဲဒါလေးတွေက အစိမ်းစားလည်းရတယ်။ စားကြည့်မလား"
လန့်သွားသလိုပုံစံမျိုးနဲ့ ခေါင်းခါပြတယ်။
"ဒါဆိုဒီကျောက်ဆောင်ကြီးက ဒီအကောင်လေးတွေပေါ့။ ဟုတ်လား"
"အင်း။ ဟုတ်တယ်။ ဒါလေးတွေက ချက်စားလည်းရတယ်။ သုပ်စားလည်း ရတယ်။ မဟုတ်လည်း အခုပဲရေဆေးစားလို့လည်း ရတယ်"
"ဘယ်ရေနဲ့လဲ"
"ဟိုမှာလေ။ ချိုင့်ခွက်လေးတွေထဲက ရေတွေကကြည်နေတာပဲ။ အောက်ထိတောင် မြင်နေရတာကို"
"ပင်လယ်ရေတွေ မဟုတ်ဘူးလား။ ငန်မှာပေါ့"
"အင်းးး။ နည်းနည်းတော့ ငန်တယ်။ နည်းနည်းလည်း ညှီတယ်။ ချက်စားတာပဲ ကြိုက်ရင်တော့ ချက်မှပဲမြည်းကြည့်ပါတော့"
"ဒါဆို ဒီပေါ်က ဆင်းရအောင်။ ဟိုဘက်ပြန်သွားမယ်လေ"
သူ့ကြည့်ရတာ သဘောကျပုံမရဘူး။ သရဲကားကြည့်မိတဲ့ကလေးတစ်ယောက်လိုပဲ။ ချစ်စရာလည်းကောင်းတယ်၊ ဒါပေမဲ့ရယ်စရာတော့ ပိုကောင်းတယ်။
"အင်း။ လာပြီ။ သွားရအောင်"
အချွန်လေးတွေနဲ့မြေ့နေတဲ့ ကျောက်ဆောင်ပေါ်ကနေ သတိထားဆင်းလာပြီး ကမ်းစပ်ရောက်တော့
"အသဲယားစရာကြီး"
လို့ပြောပြီး ငြီး... ဆိုတဲ့အသံနဲ့အတူ ပုခုံးနှစ်ဖက်ကိုတွန့်ပြီး တစ်ကိုယ်လုံးကျဥ်တက်သွားသလိုမျိုး လုပ်ပြတယ်။
ကျွန်တော်က အမြင်ကတ်ကတ်နဲ့
"ဒါရိုက်တာကြီးကလည်း။ ဘာလို့ ခရုသေးသေးလေးကို လာကြောက်ပြနေတာလဲ"
ဆိုတော့ ကျွန်တော့်ဘက်ကိုလှည့်ပြီး
"မကြောက်ပါဘူး။ ဒီတိုင်း အသဲယားလို့"
"အဲဒါဆို စားရဲလား"
"မစားရဲဘူး။ အသဲယားလို့"
"ကြောက်လို့ မဟုတ်ဘူးပေါ့"
သူကခေါင်းတစ်ဖက်ကိုစောင်းပြီး ကျွန်တော့ကို တော်ပီလားဆိုတဲ့အကြည့်မျိုးနဲ့ လှမ်းကြည့်တယ်။ ကျွန်တော်က နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြတော့ သူကလက်တစ်ဖက်ကိုကျွန်တော့်ပခုံးပေါ်တင်ပြီး လည်မောင်းနဲ့လက်ဖျံရိုးကြားကနေ လည်ပင်းကိုဆွဲပြီး သူ့ရင်ဘတ်ထဲထိုးထည့်တယ်။ ကျန်တဲ့လက်တစ်ဖက်နဲ့ ကျွန်တော့ဆံပင်တွေကို ခပ်မြန်မြန်ဖွရင်း ရယ်နေတယ်။ ချိုသာလိုက်တဲ့အသံလေး။ ပင်လယ်ကြီးသာ သူ့ရယ်သံတွေအမြဲကြားရင် ငန်နေတဲ့ရေတွေပါ ချိုကုန်မယ်ထင်တယ်။
ကျွန်တော်ကအောက်ကနေ
"အခုတည်းက အနိုင်ကျင့်နေပြီလား"
ဆိုပြီး ရယ်ရင်းအော်တော့ သူကပိုသဘောကျသွားတဲ့ပုံနဲ့ ရယ်သံလွင်လွင် ခပ်ကျယ်ကျယ်လေးထွက်လာတယ်။ ကမ်းခြေမှာ အားရအောင်လည်ပါတ်ပြီးတော့ ကျွန်တော်က လှေတစ်စီးဆီဦးဆောင်လျှောက်သွားပြီး သူကထုံးစံအတိုင်း နောက်ကတကောက်ကောက်လိုက်လာတယ်။ လှေသမားဆီရောက်တော့
"ဟိုဘက်အခြမ်းက Mermaid Hotel ကိုသွားချင်လို့"
လှေသမားဦးလေးကြီးက
"ဪ။ အင်း။ ရတယ်လေ။ တက်ကြ။ နှစ်ယောက်ပဲလား။"
"ဟုတ်တယ်။ နှစ်ယောက်ပဲ"
ကျွန်တော်ကသူ့ဘက်လှမ်းကြည့်ပြီး
"ပိုက်ဆံပေးလိုက်အုံးလေ" လို့ပြောတော့ သူကပိုက်ဆံအိတ်ကိုထုတ်ပြီး ဦးလေးကြီးနဲ့စကားပြောရင်းအပေးအယူလုပ်နေကြတယ်။
ခဏနေတော့ နှစ်ယောက်လုံးလှေပေါ်တက်ပြီး ရှေ့ဆင့်နောက်ဆင့်ထိုင်လိုက်တယ်။ လှေက စက်လှေဆိုတော့ စက်မောင်းတဲ့အသံက တော်တော်ကျယ်တယ်။ ကမ်းစပ်ကနေ လှေကတဖြည်းဖြည်းဝေးလာပြီး ပင်လယ်ထဲကိုရောက်လာတယ်။ လှေက ကျွန်းကိုပါတ်ပြီး ကျွန်တော်တို့ဟိုတယ်ရှိတဲ့ ကမ်းခြေဘက်သွားရမှာ။ လှေကဝေးလာတော့ ဂေါ်ရင်ဂျီကျွန်းကိုခပ်လှမ်းလှမ်းကကြည့်ရတဲ့အလှကို တစ်မျိုးခံစားရပြန်တယ်။ သစ်ပင်တွေနဲ့စိမ်းစိုနေတဲ့ ကျွန်းလေး။ ကောင်းကင်ကြီးက ပြာနှမ်းနေပြီး နေပူပူအောက်မှာ လေပူတွေကပင်လယ်ကိုရှပ်တိုက်နေတယ်။ ကျွန်တော့်နောက်မှာ ထိုင်နေတဲ့သူ့ကို လှည့်ကြည့်နေစရာမလိုတော့ပါဘူး။ သူပြုံးနေမယ်ဆိုတာ သေချာနေပြီပဲလေ။
"သား...မင်းဆုံးဖြတ်တာ ဖေဖေတို့ မစောင့်နိုင်တော့ဘူး။ ဖေဖေတို့ဖာ့သာပဲ ရွေးလိုက်တော့မယ်။ မင်း အိမ်ထောင်ပြုလိုက်တော့"
ဖေဖေနဲ့ မေမေနှစ်ယောက်အတူရှိနေတုန်း ခေါ်တယ်ဆိုကတည်းက မကောင်းတာတစ်ခုခုဖြစ်တော့မယ်ဆိုတာ ရိပ်မိတယ်။ ဒါပေမဲ့ ဒီလောက်ဖြစ်မယ်လို့ မထင်လိုက်မိဘူး။ မေမေက
"ဟုတ်သားပဲ သားရယ်။ သားလည်း အချိန်ယူတာ အရမ်းကြာနေပြီ မဟုတ်လား။ မေမေတို့စီစဉ်တာပဲ လက်ခံလိုက်ပါလား သားရဲ့"
ကျွန်တော်ဘာမှပြန်မပြောနိုင်ဘဲ မျက်လုံးအဝိုင်းသားနဲ့ပဲ သူတို့နှစ်ယောက်ကိုကြည့်နေမိတယ်။ ဖေဖေက ကျွန်တော်တုန့်ပြန်တာကို မစောင့်တော့ဘဲ
"အေး။ အေး။ အဲ့ဒါပြောပြတာ။ ဖေဖေတို့ဖာ့သာပဲ စီစဉ်လိုက်တော့မယ် ဆိုတာကို။ ဟုတ်ပြီလား။ ဖေဖေတို့လည်း သားအတွက် စိတ်ချသွားချင်ပြီလေ။ ဖေဖေနဲ့ မေမေလည်း အသက်ကငယ်တော့တာမှ မဟုတ်တာ။ ဟုတ်တယ်မလား"
ကျွန်တော်ခေါင်းသာငြှိမ့်ရင်း မွန်းကျပ်မှုကြောင့် ဝဲတက်လာတဲ့မျက်ရည်တွေကို ကျမသွားအောင်ထိန်းထားမိတယ်။ တစ်ခါတစ်လေလည်း ပျော့ညံ့တဲ့ကျွန်တော့်ကိုယ်ကျွန်တော် မုန်းတယ်။ ဘာဆိုဘာမှ ဆက်မလုပ်တတ် တော့ဘူး။စဉ်းလည်း မစဉ်းစားတတ်တော့ဘူး။
------
ဂေါ်ရင်ဂျီကျွန်းကနေ အနောက်ဘက်စူးစူးကို လှမ်းကြည့်လိုက်ရင် ကျွန်းသေးသေးလေးတွေ တွေ့ရတယ်။ အဲဒိကျွန်းတွေထဲကမှ ဂေါ်ရင်ဂျီကျွန်းနဲ့အနီးဆုံးမှာရှိတဲ့ ကျွန်းသေးသေးလေး တစ်ကျွန်းပေါ်မှာ သူနဲ့ ကျွန်တော်နဲ့နှစ်ယောက်တည်း။
သီချင်းတွေထဲက ကျွန်းကလေးပေါ်မှာ နှစ်ယောက်တည်းဆိုတာမျိုး လို့တောင်တွေးမိလိုက်သေးတယ်။ များသောအားဖြင့်တော့ ဒီကျွန်းတွေဆီ စက်လှေနဲ့ အဖွဲ့လိုက် လာကြတာများတယ်။ ကျွန်တော်တို့ကတော့ အဖွဲ့လိုက်လာစရာမလိုဘူးလေ။ ကျွန်တော်တို့ဟိုတယ်အတွက် လှေဆွဲပေးနေကျ ဦးလေးကြီးနဲ့အတူ လမ်းကြုံလိုက်လာပြီး ဒီကျွန်းပေါ်မှာ ကျွန်တော်တို့နှစ်ယောက်ကို ချခဲ့ခိုင်းလိုက်ရုံပဲ။ ညနေ သူအပြန်မှ ကျွန်တော်တို့ကိုဝင်ခေါ်လိမ့်မယ်။
ကျွန်းလေးက သေးသေးလေး။ ကမ်းစပ်တစ်လျှောက် ကျောက်စရစ်ခဲတွေ ပြည့်နေပြီး ကမ်းပေါ်မှာတော့ ကျောက်တုံးအကြီးကြီးတွေလို ကျောက်ဆောင်၊ ကျောက်ခဲတွေက နေရာအနှံ့ယူထားတယ်။ ကျောက်တုံးတွေက အရွယ်အစားမတူဘဲ နိမ့်သွားလိုက်၊ မြင့်သွားလိုက်နဲ့။ ကျောက်တုံးတွေကြားမှာတော့ ဝင်ကစွပ်ကောင်လေးတွေ ရွရွရွရွပြေးလွှားနေကြတယ်။
ကျွန်တော်က ကျောက်တုံးတစ်တုံးပေါ်မှာထိုင်ရင်း သူ့ကိုကြည့်နေတယ်။ သူက အင်္ကျီကိုကြယ်သီးအကုန်ဖြုတ်ထားပြီး ခါးထောက်ကာ ဟိုဟိုဒီဒီကြည့်နေတယ်။ ခါးကဘောင်းဘီတိုလေးက ပေါင်ရင်းလောက်ပဲရှိမယ်။ သူ့ကိုကျွန်တော့်အိမ်အကြောင်း မပြောရသေးဘူး။ ပြောပြဖို့အတွက် ခက်ခဲလွန်းနေတယ်။ သူ့ကို ဝန်ထုပ်ဝန်ပိုးလည်း မဖြစ်စေချင်သလို ချက်ချင်းအဖြေတစ်ခုပေးဖို့ တွန်းအားပေးရမှာကိုလည်း မလုပ်ရက်ဖြစ်နေတယ်။ ခေါင်းထဲကအတွေးတွေကို ရှင်းထုတ်ပြီး သူ့ကို လှမ်းအော်ပြောလိုက်တယ်။
"ရေငုပ်မယ်လေ။ ဒီကျွန်းအောက်မှာ သန္တာကျောက်တန်းတွေရှိတယ်။"
သူက တစ်ချက်စဉ်းစားပြီး
"ရေမငုပ်တတ်ဘူး"
ဆိုပြီးခေါင်းခါပြတယ်။
"ရေမငုပ်တတ်ရင် ကျွန်တော်သင်ပေးမယ်။ အရင်ဆုံး ဒီဟာကို ပါးစပ်ကနေကိုက်ပြီး ဒါကို မျက်မှန်တပ်သလိုတပ်လိုက်"
ရေငုပ်တဲ့အခါသုံးတဲ့ပိုက်လိုအလုံးမျိုးကို ပါးစပ်မှာကိုက်ပြီး ရေပေါ်ထောင်တားတဲ့ ပိုက်ကနေတစ်ဆင့် အသက်ရှုရတဲ့ဟာလေးကို တပ်ပေးလိုက်တာ။ ရေငုပ်တဲ့မျက်မှန်ပါ တွဲရက်ပါပြီးသားမို့ အဆင်ပြေတယ်။ သူက ပါးစပ်ထဲကပြန်ထုတ်ပြီး
"ဒါတွေကဝယ်ထားတာလား"
"မဟုတ်ဘူး။ ငှားလာတာ။"
မျက်လုံးပြူးပြီး
"ဒါဆို ဒါက လူတိုင်း ဒီလိုပဲကိုက်ထားတာပေါ့"
ဆိုပြီး လက်ညှိုးထိုးပြတယ်။
ကျွန်တော်ကရယ်ရင်း
"အင်း။ ဟုတ်တယ်လေ"
ဆိုတော့ သူ့မျက်နှာက အီလည်လည်ဖြစ်သွားတယ်။
"ကဲ့ပါ။ အင်္ကျီချွတ်လိုက်။ ရေငုပ်ဖို့ ဘောင်းဘီလေးပဲဝတ်ပြီး လိုက်ခဲ့။ သန္တာကျောက်တွေကို မဖဲ့ရဘူးနော်"
သူကမဲ့ပြီး
"သိပါတယ်။ ဆရာလေးရဲ့" ဆိုပြီးအငေါ့တူးလိုက်သေးတယ်။
သူ့ကိုယ်ပေါ်မှာတလှပ်လှပ်လွင့်နေတဲ့ အင်္ကျီကိုချွတ်ချပြီး ဘောင်းဘီပါချွတ်ချလိုက်တယ်။ အတွင်းခံလေးတစ်ခုပဲပါတယ်။ ကျွန်တော်လည်း အင်္ကျီချွတ်လိုက်ပြီး ဘောင်းဘီတိုလေးနဲ့ ကမ်းစပ်ကနေ သတိထားရင်းရေထဲဆင်းလိုက်တယ်။ အောက်ခြေကရေက ပြန်ပြန်ကန်ထုတ်နေတာကြောင့် မငုပ်တတ်ရင် ရေထဲငုပ်မိဖို့မလွယ်။ ဒီကြားထဲ သူ့ကိုပါ ဆွဲခေါ်ရသေးတယ်။ ကျွန်းအောက်ခြေက ကျောက်သားတွေကိုကိုင်ဖို့ လက်နဲ့ပုတ်ပြပြီး ရှေ့ကဆင်းသွားတဲ့နောက်ကို သူကနောက်ကနေ ခဲရာခဲဆစ်လိုက်လာတယ်။
ရေအနက်ကြီးထိ ဝင်စရာမလိုဘဲ တစ်ကိုယ်လုံးမြှုပ်ရုံလောက်ရောက်တာနဲ့ ကြည်လင်နေတဲ့ရေအောက်က သန္တာကျောက်တန်းတွေကို စမြင်နေရပြီ။ သူ့ကိုလက်ညှိုးထိုးပြတော့ သူက ကြိုးစားပြီးလိုက်ကြည့်တယ်။ အပွင့်အခက် အသွယ်သွယ်နဲ့ သန္တာကျောက်တွေက အစိမ်းရောင်ရေတွေထဲမှာ လှပစွာသွယ်တန်းနေကြတယ်။ ကျွန်းအောက်ခြေကို ပါတ်ထားတဲ့ ကျောက်ခတ်တွေက သဘာဝတရားဟာ အနုပညာရှင်တစ်ယောက်များလားလို့ မေးခွန်းထုတ်နေသယောင်ယောင်။ သူ့ကိုလှမ်းကြည့်လိုက်တော့ ကျောက်သားတွေနဲ့ အတင်းကုတ်ပြီး မနဲငုပ်နေရတယ်။ သနားတာနဲ့ သူ့ရဲ့ပခုံးကိုလက်နဲ့ပုတ်ပြီး အပေါ်တက်မယ်ဆိုတဲ့သဘောနဲ့ ခေါင်းမော့ပြလိုက်တယ်။ သူက ကျွန်တော့ကိုတောင် မစောင့်တော့ဘဲ ဗွမ်းခနဲရေပေါ်တက်သွားတယ်။
ရေပေါ်ရောက်တော့ မျက်နှာပေါ်ကဟာတွေ အကုန်ချွတ်ချ၊ ခြေပစ်လက်ပစ်ထိုင်ပြီး အသက်ကိုပြင်းပြင်းရှူနေတယ်။ သူ့မျက်နှာဆီ မျက်နှာမူရင်း သူ့ရဲ့ပေါင်တွေပေါ်မှာထိုင်လိုက်ပြီး ကျွန်တော့်ခြေထောက်နှစ်ဖက်ကြားထဲ သူ့ရဲ့ခါးကိုညှပ်ထားလိုက်တယ်။ လက်တစ်ဖက်က သူ့ရဲ့လည်ပင်းကိုကိုင်ပြီး၊ နောက်ထပ်လက်တစ်ဖက်က သူ့ရဲ့နောက်စေ့မှာနေရာယူကာ သူ့ရဲ့နှုတ်ခမ်းတွေကို အပြည့်အဝနမ်းယူလိုက်တယ်။ သူ့ရဲ့လက်တွေက ကျွန်တော့်ရဲ့ ခါးသေးသေးလေးပေါ်မှာ။ ပြီးတော့ တင်ပါးတွေဆီကို။
ကျွန်တော့်ရဲ့မော့နေတဲ့ခေါင်းအောက်က လည်တိုင်ကို သူက အပြင်းအထန်နမ်းနေတယ်။ နောက်တော့ရင်ဘတ်တွေဆီကို သူ့ရဲ့အနမ်းတွေက လျှောဆင်းလာတယ်။ နှစ်ယောက်လုံး ကိုယ်ပေါ်က အဝတ်အစားတွေအကုန်ချွတ်ချပစ်လိုက်တယ်။ အဲဒိကနေမှ တစ်ဆင့်ပြီး တစ်ဆင့်၊ တစ်ဆင့်ပြီး တစ်ဆင့်နဲ့ အချိန်တစ်ခုကြာသွားခဲ့တယ်။ အချိန်တွေ ဘယ်လိုကုန်သွားသလဲ သူရောကျွန်တော်ပါ သတိမထားမိခဲ့။ အချိန်မရှိတဲ့ ဟင်းလင်းပြင်ကြီးမှာ နှစ်ယောက်အတူ မျောလွင့်နေခဲ့တယ်။
_____
အသင့်ပါလာတဲ့ ပျော်ပွဲစားထွက်ရင်ခင်းတဲ့အခင်းမျိုးကိုဖြန်ခင်းထားပြီး သူ့ခန္ဓာကိုယ်က ဘေးတစ်စောင်းလှဲကာ တံတောင်ထောက်ထားတဲ့ လက်ဖဝါးပေါ် နားထင်ကိုတင်ပြီး ကျွန်တော့်ကို ကြည့်နေတယ်။ မှောက်ယက်မှောက်ပြီးဝတ္ထုဖတ်နေတဲ့ ကျွန်တော့်ရဲ့ခန္ဓာကိုယ်ပေါ်မှာ သူ့ရဲ့လက်ညှိုးထိပ်လေးနဲ့ အပေါ်အောက်ပွတ်သပ်နေတယ်။ နှစ်ယောက်လုံး အဝတ်မပါဘဲ အခင်းလေးပေါ်မှာလှဲနေတုန်း သူ့လက်ညှိုးထိပ်လေးက ကျွန်တော့်ရဲ့ပခုံးဆီကနေကျောပြင်။ ကျောပြင်ကနေ ခါး။ ခါးကနေမှတစ်ဆင့် ကောက်ကွေ့နေတဲ့ တင်ပါးတွေ၊ ပြီးတော့ ပေါင်တွေဆီကိုပွတ်သပ်ဆွဲငင်နေတယ်။
အစအဆုံးပြီးသွားရင် နောက်တစ်ခါ အောက်ကနေအပေါ်ကိုပြန်တက်ပြီး ဖွဖွလေးပွတ်ဆွဲရင်း ကျီစယ်သလိုကစားပြန်တယ်။ ခဏနေတော့ သူ့ရဲ့အသံက ပင်လယ်ပြင်ကြီးကို ဖုံးလွှမ်းပြီးထွက်ပေါ်လာတယ်။
"Sylvia Plath ရဲ့ကဗျာတွေထဲမှာ ဘယ်ကဗျာ အကြိုက်ဆုံးလဲ"
ကျွန်တော်က တစ်ချက်စဉ်းစားလိုက်ပြီး
"Daddy ဆိုတဲ့ကဗျာ"
"အဲ့ကဗျာက ဘာအကြောင်းလဲ"
ကျွန်တော့မျက်နှာကို စူးစူးရဲရဲကြည့်နေတယ်။
"တစ်ချို့ကလည်း Sylvia ရဲ့ဘဝတစ်စိတ်တစ်ပိုင်းပါနေတယ် လို့ပြောတယ်။ သူက သူ့အဖေနဲ့ အဆင်မပြေဘူးလေ။ အဲ့ကဗျာထဲမှာ သူ့ကိုယ်သူ ဂျူးအနေနဲ့နှိုင်းထားပြီး သူ့အဖေကိုတော့ နာဇီအနေနဲ့နှိုင်းထားတယ်"
"တော်တော် bold ဖြစ်တာပဲ။ ဒါပေမဲ့ နည်းနည်း red flag လို့တောင် ခံစားရသလိုပဲ။ မိဘနဲ့ သား၊ သမီး ဆက်ဆံရေးကို နာဇီ၊ ဂျူးတွေနဲ့အထိ နှိုင်းထားတာဆိုတော့လေ"
"အင်း။ ဒါပေမဲ့ သူ့အဖေကို လုံးလုံးမုန်းတာလည်းမဟုတ်ဘူး။ သဘောကျနေတာတွေလည်း ရှိတယ်။ နောက်ဆုံးသူယူမယ့်ယောက်ျားကိုတောင် သူ့အဖေပုံစံမျိုးဖြစ်စေချင်သလိုလို ပုံစံမျိုး။ နည်းနည်းတော့ ရှုပ်ထွေးတယ်။ ကျွန်တော်ဘာသာပြန်ထားတာတော့ ရှိတယ်။ နောက်မှပြမယ်လေ"
"အခုတော့ ဦးကို မင်းရဲ့အစိတ်အပိုင်းတွေထုတ်ပြဖို့အထိ ရင်းနှီးသွားပြီပေါ့ ဟုတ်လား"
သူကပြုံးရင်း မေးတယ်။ ကျွန်တော်က ပြုံးနေတဲ့သူ့ရဲ့နှုတ်ခမ်းတွေကို ဖျက်ခနဲတစ်ချက်နမ်းလိုက်တယ်။ နှုတ်ခမ်းပေါ်က တိတ်ဆိတ်စွာဖြေကြားနေတဲ့အဖြေက ထောင်ပေါင်းများစွာသော စကားသံတွေထက် အဓိပ္ပါယ်ပိုရှိတယ်လေ။
ညရဲ့အလှက ကမ်းခြေပေါ်က ကျွန်တော်တို့နှစ်ယောက်ဆီ အခစားဝင်နေတယ်။ သူ့ရဲ့ပေါင်ပေါ်မှာ ခေါင်းတင်ပြီး တုံးလုံးလှဲကာ လမင်းကြီးကို လှမ်းကြည့်နေမိတယ်။ သူက ကျွန်တော့်ဆံပင်တွေကို ဖွဖွလေးထိုးမွှေရင်း
"ဦး ဒီရက်ထဲ ပြန်ဖြစ်မယ် ထင်တယ်"
ဆတ်ခနဲ ကောက်ထလိုက်ပြီး
"ဟင်"
သူက အားနာသလိုပြုံးရင်း
"ဟိုမှာ လုပ်စရာရှိတာလေးတွေ လုပ်ရအုံးမယ်လေ။ ပြီးရင် ဘယ်လို ရှေ့ဆက်ကြမလဲ။ ဘာလုပ်ကြမလဲ ဆိုတာတွေလည်း တိုင်ပင်ဖို့လိုသေးတယ်။ ဦးတို့ရှေ့ဆက်လျှောက်ရမှာ အဝေးကြီး ရှိသေးတယ်လေ"
ကျွန်တော်က ခေါင်းငိုက်စိုက်ချကာ ဝေ့တက်လာတဲ့မျက်ရည်တွေကို ထိန်းနေတုန်း သူက ဆက်ပြီး
"အမြဲတမ်း မဟုတ်ပါဘူးကွာ။ ဦးတို့ ရှေ့ဆက်ဖို့ လိုအပ်တာတွေ ပြင်ဖို့လိုတယ်လေ"
ကျွန်တော့်ကျောကို သူ့လက်ဝါးလေးနဲ့ပွတ်ပြီး နှစ်သိမ့်တယ်။
"စိတ်မကောင်းမဖြစ်နဲ့ ဟုတ်ပြီလား။ ဦးကို ခဏပဲစောင့်"
"ကျွန်တော် စောင့်နေမယ်ဆိုတာ ဦးသိပါတယ်။ ဦးကရပ်ဖို့မပြောမချင်း ကျွန်တော်စောင့်နေမယ်ဆိုတာ ဦး သိပါတယ်"
သူက သူ့ရဲ့ရင်ခွင်ထဲ ဆွဲသွင်းပြီး
"မင်းကို ဦးရဲ့ ဖုန်းနံပါတ်ကော၊ email၊ facebook၊ အိမ်လိပ်စာကအစ အကုန်ပေးထားတာပဲ။ အရင်ခေတ်တုန်းကလို ပျောက်သွားစရာ အကြောင်းမရှိပါဘူး။ စိတ်မပူပါနဲ့"
သူက ကျွန်တော့ကျောပြင်ကို ပွတ်သပ်ရင်း
"မင်း ကျောင်းတက်မယ်ဆိုရင် ဘာဆက်လုပ်မှာလဲဆိုတာတွေလည်း စဉ်းစားရအုံးမယ်လေ။ နောက်ပြီး မင်းရဲ့အိမ်ကိစ္စတွေလည်း ဖြေရှင်းရအုံးမယ်။ ဦးက မင်းလိုတာအကုန်လုပ်ပေးမှာပါ။ ဒါပေမဲ့ အကောင်းဆုံး၊ အထိအခိုက်အနည်းဆုံးနည်းလမ်းကိုတော့ ဦးတို့သေချာစဉ်းစားဖို့ လိုတယ်လေ"
"ကျွန်တော် ကျောင်းမတက်ချင်ဘူး။ ကျောင်းတက်ပြီး ဘာလုပ်ရမှာလဲ"
ကျွန်တော့်ပေါးပေါ် မျက်ရည်တွေစီးကျလာတယ်။
"မင်းက ဒီလောက် ဉာဏ်ကောင်းတာပဲ။ ကျောင်းဆက်တက်ရအုံးမှာပေါ့။ ဘာလို့နှစ်နှစ်ကျပြီးမှ ဂုဏ်ထူးတွေပါလဲဆိုတာတောင် အခုထိ ဦးနားမလည်သေးဘူး"
"ကျွန်တော်ပထမနှစ်နှစ်က ဘယ်လိုမှ အာရုံစိုက်လို့မရဘူး။ တစ်သက်လုံး အဆင်ပြေပြေနဲ့ ဂရုစိုက်ခံလာရတဲ့မိသားစုကနေ တစ်ခဏလေးအတွင်း ကျွန်တော့်ကိုစွန့်ပစ်ရက်ကြတာ နားမလည်နိုင်ခဲ့ဘူး။ အဲ့နှစ်နှစ်မှာ ကျွန်တော်စာအုပ်တွေ ဖတ်တယ်။ တတ်နိုင်သမျှ လူတွေအများကြီးနဲ့" တိမ်ဝင်သွားတဲ့အသံလေးနဲ့အတူ တိုးတိုးလေး "အိပ်တယ်" ဆိုပြီး အဆုံးသတ်လိုက်မိတယ်။
ကျောပေါ်မှာသပ်နေတဲ့ သူ့ရဲ့လက်တွေ ခဏရပ်သွားပြီး "တစ်ခြား ကျောင်းသားတွေနဲ့လား"
"မဟုတ်ဘူး။ အကုန်လုံးက ကျွန်တော့်ထက် အသက်ကြီးကြတယ်။ များသောအားဖြင့် ၃၀ကျော်၊ ၄၀ကျော်။ တစ်ခါတစ်လေလည်း ၄၀ကျော်လို့ပြောပေမဲ့ ၅၀ကျော်လောက်ဖြစ်မယ်ထင်တယ်"
တစ်ခဏအတွင်း အရာအားလုံးတိတ်ဆိတ်သွားသလို ခံစားရတယ်။ သူက ဘာမှမပြောဘဲ တွေတွေကြီးပင်လယ်ပြင်ကို ကြည့်နေတယ်။ သူ့ကိုကြည့်နေရင်း ကြောက်ရွံ့မှုကို စတင်ခံစားမိလာတယ်။ ဖိန်းတိန်းရှိန်းတိန်း ဖြစ်လာတယ်။ တစ်ခုခုမှားသွားပြီဆိုတာ ကျွန်တော်သိတယ်။ ဘာဆိုတာ လက်ထောက်မချနိုင်ပေမဲ့ ဆိုးဆိုးဝါးဝါးတစ်ခုခုကို ကျွန်တော်စလိုက်မိပြီတာ သိလိုက်တယ်။ ရင်တွေ တဒိုင်းဒိုင်းခုန်လာတယ်။ သူက သူ့ရင်ခွင်နားက ကျွန်တော့်ကို လက်နှစ်ဖက်နဲ့ဆွဲဖယ်ပြီး မတ်တပ်ထရပ်တယ်။ ပြီးတော့ အနားမှာပဲခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေတယ်။ လက်မကို ပါးစပ်နဲ့ကိုက်လိုက်၊ မြေကြီးပေါ်ခေါင်းငိုက်စိုက်ချ စဉ်းစားလိုက်နဲ့။ သူ့ကို ဒီလိုမျိုးပုံစံမျိုးနဲ့ တစ်ခါမှမတွေ့ဖူးဘူး။ ကျွန်တော့်လက်တွေ အေးစက်လာတယ်။ သူ့မျက်လုံးက ဖြည်းဖြည်းချင်းနာကျင်လာတာကို ကျွန်တော်မြင်နေရတယ်။ စိတ်ထင်လို့များလား။ မဟုတ်ဘူး။ ဒီမျက်လုံးတွေက နာကျင်မှုကိုစည်းလွယ်ထားတဲ့ အရိပ်အရောင်တွေအများကြီးပါနေတယ်။ shit...shit...shit...shit...ဘာတွေဖြစ်ကုန်တာလဲ။ သူလမ်းလျှောက်နေတာ ရပ်လိုက်ပြီး ခြေပစ်လက်ပစ်ထိုင်ချလိုက်တယ်။ ကျွန်တော့်ကို မကြည့်ဘဲ သူတစ်ယောက်တည်း စကားတွေပြောနေတယ်။
"အခုမှ အကုန်လုံး အဓိပ္ပါယ်ရှိသွားတာ။ ငါဘာလို့များ ဒီလောက်တောင် တုံးခဲ့ရတာလဲ"
သူ့အသံက ခြောက်သွေ့အက်ကွဲနေတယ်။ နာကျင်စွာအက်ကွဲထွက်နေတဲ့အသံက ကျွန်တော့နားကနေတစ်ဆင့် ရင်ထဲကို စူးခနဲနစ်ဝင်သွားတယ်။
ကျွန်တော်က အနည်းငယ်တုန်နေတဲ့အသံနဲ့
"ဘာဖြစ်လို့လဲ"
သူက ကျွန်တော့်ကိုမော့မကြည့်ဘဲ
"မင်းက တစ်သက်လုံး အိမ်က ချစ်တာခံလာရတဲ့တစ်ဦးတည်းသောသား။ တစ်နေ့မှာ ရုတ်တရက်ကြီး အဲ့လိုဂရုစိုက်တာတွေကိုရပ်လိုက်တော့ မင်းက တစ်ခြားလူတွေဆီကနေ...."
အက်ကွဲနေတဲ့အသံက တိမ်ဝင်လာတယ်။
"Sylvia Plath ကို မင်းကြိုက်တာတွေ။ Daddy က မင်းအကြိုက်ဆုံးကဗျာ ဖြစ်နေတာတွေ။ တကယ်တော့ မင်းက ငါ့ကိုချစ်တာ မဟုတ်ဘူး။"
ကျွန်တော့်ကို ဂရုဏာတွေပြည့်နေတဲ့မျက်လုံးတွေနဲ့ လှမ်းကြည့်ပြီး
"မင်းရဲ့အဖေနေရာမှာ အစားထိုးဖို့ လူတစ်ယောက်ကို မင်းအမြဲရှာနေခဲ့တာ"
မဟုတ်ဘူး။ မဟုတ်ဘူး ဆိုပြီး ရင်ထဲမှာအော်ဟစ်ပြီးဗလောင်ဆူလာပေမဲ့ ဘာအသံမှထွက်မလာဘဲ ဆွံ့အနေတယ်။ သူကဆက်ပြီး
"ငါကတော့ တကယ်ချစ်တယ်ထင်ပြီး အကုန်အစီအစဉ်တွေချ....။ ငါ့လောက် ရူးတဲ့သူ ရှိသေးရဲ့လား"
ဆိုပြီး ခါးသီးစွာပြုံးရင်း မျက်ရည်တွေစီးကျလာတယ်။
"မဟုတ်ဘူး ဦး။ ဦး ဘာတွေပြောနေတာလဲ။ ဦး ထင်တာ အမှန်တွေ မဟုတ်ဘူး။ ဦးရဲ့အတွေးတွေ သက်သက်ပဲ"
"ကိုယ့်ကိုယ်ကိုတောင် နားမလည်သေးတဲ့ ကလေးတစ်ယောက်ကို ငါဘာတွေစဉ်းစားပြီး ဆုံးဖြတ်ခဲ့တာလဲ"
"ကျွန်တော်ပြောတာ နားထောင်အုံး ဦး။ ကျွန်တော်မရင့်ကြတ်သေးတာ၊ ဦးပြောချင်တာ နားလည်တယ်။ ဒါပေမဲ့ ကျွန်တော့်ရင်ထဲမှာ ဘယ်လိုခံစားရလဲဆိုတာတော့ ကျွန်တော်နားလည်တယ်လေ။ ဦး"
ကျွန်တော့်ရင်ဘတ်ကိုပုတ်ပြီး ဦး လက်ခံအောင်ပြောပြဖို့ကြိုးစားနေပေမဲ့ ဦးက မော့တောင်ကြည့်မနေဘူး။
"ငါ့အရွယ်နဲ့ အသက် ၂၀တောင် မပြည့်သေးတဲ့ကောင်လေးတစ်ယောက်ရဲ့စကားကိုပဲ ဘယ်လိုယုံကြည်ခဲ့တာလဲ။ တကယ်စိတ်လွတ်နေတာပဲ"
"မဟုတ်ဘူး။ ဦး"
"ရွေးချယ်စရာမရှိတဲ့ ကျွန်းပေါ်မှာ ငါက ရွေးချယ်စရာတစ်ခုသက်သက်ပဲ ဖြစ်ခဲ့တာလား။ တစ်ကယ်လို့ တစ်ခြားတစ်ယောက်သာ ရှိခဲ့ရင်ရော။ ငါသာ ဂရုမစိုက်ခဲ့ရင်ရော။ ငါ့အမှားတွေ ချည်းပဲ။"
ကျွန်တော့်လက်သီးတစ်ဖက်က ခေါင်းငိုက်စိုက်ချကာ မန္တာန်ရွတ်သလိုရွတ်နေတဲ့ သူ့ရဲ့ပါးပေါ်ဖြတ်ချသွားတယ်။ သူကမယုံကြည်နိုင်သလို ကျွန်တော့်ကိုကြည့်ရင်း ကြက်သေသေနေတယ်။ ကျွန်တော့်မျက်နှာတစ်ခုလုံး မျက်ရည်တွေ ဖြိုင်ဖြိုင်ကျနေတယ်။ ကိုယ့်လက်သီးကို အံ့ဩစွာကြည့်ပြီး သူ့ဘက်လှည့်ကာ
"ကျွန်တော် ခင်ဗျားကို စောက်ရမ်းချစ်တာ။ ခင်ဗျားရူးနေလား။ ခင်ဗျားရူးနေလား"
အဆုတ်ထဲကနေ ထွက်လာတဲ့အသံနဲ့ သူ့ကိုအော်ဟစ်ပြောပလိုက်တယ်။ ကမ်းခြေတစ်လျှောက် ကျွန်တော့်အသံက ကြမ်းတန်းစွာ ဖြတ်တိုက်သွားတယ်။
"ကျွန်တော် ခင်ဗျားကို စတွေ့မိတည်းက ကိုယ့်ကိုယ်တောင်သတိမထားမိဘဲ ခင်ဗျားက ကျွန်တော့်စိတ်ထဲမှာဖြေးဖြေးချင်း နေရာယူနေတာ။ ခင်ဗျားကျွန်တော်တို့ဟိုတယ်ကို စရောက်လာတဲ့နေ့က ကျွန်တော်ဘယ်လောက်ပျော်ခဲ့လဲ ခင်ဗျားသိလား။ ခင်ဗျားမျက်နှာလွှဲသွားတဲ့နေ့က"
ရင်ထဲမှာ ဆို့နင့်တက်လာကာ အသံတွေဗလုံးဗထွေးဖြစ်လာတယ်။
"ကျွန်တော့်ခေါင်းထဲ အတွေးပေါင်းစုံနဲ့ ဘယ်လောက်ဆောက်တည်ရာမရ ဖြစ်ခဲ့လဲ ခက်ဗျားသိလား။ ခင်ဗျားကျွန်တော့်ခါးကိုပထမဆုံး ကမ်းစပ်မှာဖက်လိုက်တဲ့နေ့ကဆို ကျွန်တော့်ဘဝမှာလိုချင်တာ ဘာမှထပ်မရှိတော့အောင်ပဲ"
ဆို့နစ်ကြေကွဲစွာ ကျွန်တော်ထိုင်ငိုချလိုက်တယ်။ ဒါပေမဲ့ကျွန်တော်ပြောချင်တာတွေက အဆုံးမသတ်သေးဘူး။ အားတင်းပြီး ဆက်ပြောရအုံးမယ်။
"ခင်ဗျားထားခဲ့တဲ့နေ့တွေမှာ ကျွန်တော်ဘယ်လောက်အထီးကျန်လဲ ခင်ဗျားဘယ်တော့မှ နားလည်မှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်က ခင်ဗျားဘဝအတွက်တော့ အစိတ်အပိုင်းတစ်ခုပဲပေမဲ့၊ ကျွန်တော့်အတွက်တော့ ခင်ဗျားကဘဝတစ်ခုလုံးမို့လို့ပဲ။ ခင်များသွားတော့မယ်လို့ တစ်ခါပြောတိုင်း ကျွန်တော့်ရင်ထဲဘယ်လောက်တောင် မီးတောက်နေမှန်း ခင်ဗျားနားလည်လား။"
ခုနလက်သီးက လက်ညှိုးတစ်ချောင်းအဖြစ်နဲ့ သူ့ဆီကိုအော်ဟစ်ရင်း အကြိမ်ပေါင်းများစွာထိုးမိတယ်။ သူကကျွန်တော်ပြောလိုက်သမျှ မကြားလိုက်သလို လေသံအေးအေးလေးနဲ့
"ဦးကို ချစ်တယ်လို့ မင်းထင်နေတာ။ မင်းတစ်ချိန်လုံး ထင်နေခဲ့တာ။ တကယ်တော့ မင်းကိုယ်မင်း နားမလည်သေးတာပါ"
လက်နှစ်ဖက်နဲ့ သူ့ရင်ဘတ်ကို တွန်းထုတ်လိုက်ပြီး "မဟုတ်ဘူး။ မဟုတ်ဘူး။ ခင်ဗျားထင်ရာမြင်ရာပေါက်ကရတွေ ပြောနေတာ။ ကျွန်တော့်စိတ်ထဲမှာဘာဖြစ်နေလဲ ခင်ဗျားဘယ်လိုလုပ်သိမှာလဲ။ ခင်ဗျားတို့စောက်လူကြီးတွေရဲ့ပြသနာက အရာရာကိုခွဲခြမ်းစိတ်ဖျာပြီး အဆုံးမှာ လူတိုင်းလက်ခံနိုင်မယ့်အဖြေတစ်ခုရှိနေတယ်လို့ ယုံကြည်နေတာပဲ။ ကျွန်တော်တို့နှစ်ယောက်ကြားမှာ အဲ့လိုအလုပ်မလုပ်ဘူး။ ကျွန်တော်တို့နှစ်ယောက်ကြားတင်မဟုတ်ဘူး၊ တကယ်ချစ်နေကြတဲ့လူတွေတိုင်းရဲ့ကြားမှာ အဲ့ဒါတွေကအရေးပါနေသေးတယ် ထင်သေးလား။ စဉ်းစားချင့်ချိန်တာတွေ၊ ဆင်ခြင်တုံတရားတွေ ရှိသေးတယ် ခင်ဗျားထင်လား။ ခင်ဗျားအဲ့လိုထင်တယ်ဆိုရင်တော့ ခင်ဗျားကတကယ်မချစ်သေးလို့ ဒါမှမဟုတ် ခင်ဗျားသတ္တိမရှိသေးလို့ပဲ။ ခင်များ သတ္တိကြောင်နေလို့ပဲ။ မချစ်ရဲသေးလို့ပဲ။ အဲ့ဒါကြောင့် ခင်ဗျားက ခင်ဗျားမပျော်တဲ့အိမ်ထောင်ရေးထဲမှာ ပိတ်မိနေတာ။"
ရင်ထဲရှိသမျှဖွင့်ထုတ်ချပြီး မြေပြင်ပေါ်လူးလှိမ့်ကာ သဲသောင်ပြင်ကို လက်သီးနဲ့တစ်ချက်ပြီးတစ်ချက်ဘယ်ဘက်တစ်ခါ၊ ညာဘက်တစ်ခါ အချက်ပေါင်းများစွာထိုးမိတယ်။ သူက သတိဝင်လာပြီး သောင်ပြင်ပေါ်မှာ ထွန့်ထွန့်လူးနေတဲ့ ကျွန်တော့်ရဲ့လက်မောင်းနှစ်ဖက်ကိုချုပ်ပြီး အနောက်ကနေဖက်ထားတယ်။ ကျွန်တော်ကရုန်းတယ်။ ပါးစပ်ကလည်း
"ခင်ဗျား စောက်ရူး။ စောက်ရူး။ စောက်ရူး"
ဆိုပြီး အော်ဟစ်နေတယ်။ သူက ကျွန်တော့်ကို စိတ်လျှော့ဖို့ပဲ နားနားကပ်ပြီး တတီတီပြောရင်း ပိုပိုပြီးတင်းတင်းကျပ်ကျပ် ချုပ်ထားတယ်။
ကျွန်တော့်အတွင်းစိတ်ထဲမှာ သူ့ကိုဆုံးရှုံးနေရပြီဆိုတာ ဝန်မခံချင်ပေမဲ့ သိနေတယ်။ အဲဒိအတွေးတွေက ကျွန်တော့်ကိုပိုပြီး ခွေးရူးတစ်ကောင်လို တုန့်ပြန်စေတယ်။ သူက နောက်ကနေ ကျွန်တော့်ကိုပစ်လှဲချပြီး အပေါ်ကနေသူ့ကိုယ်နဲ့တက်ဖိကာ လက်တွေကိုချုပ်ထားပြီး ဖြောင်းခနဲကျွန်တော့်ပါးပြင်ကို တစ်ချက်ရိုက်ချလိုက်တယ်။ ကျွန်တော့်တစ်ကိုယ်လုံး အရုပ်ကြိုးပြတ်သလို ပျော့ခွေကျသွားတယ်။ မျက်လုံးတွေက ပွင့်လျက်သား။ သူ့ကိုမြင်နေရတယ်။ ဒါပေမဲ့ သူရှိမနေတော့ဘူး။ ကျွန်တော့်နားမှာ သူရှိမနေတော့ဘူး။ ကျွန်တော့်မျက်လုံးတွေက သူ့ကို ထင်ထင်ရှားရှားမြင်နေရတယ်။ ဒါပေမဲ့ သူမရှိတော့ဘူး ဆိုတာကိုလည်း ကျွန်တော့်နှလုံးသားက သေသေချာချာသိနေတယ်။
သူ့မျက်လုံးကနေ မျက်ရည်တွေ အဆက်မပြတ်စီးကျနေရင်း
"မင်းသာ ကိုယ့်ကိုမပြောပြခဲ့ရင် ကောင်းမှာပဲ။ ဒါဆိုကိုယ်တို့ အခုလိုဖြစ်လာစရာ အကြောင်းမရှိဘူး။ အခုတော့ အက်ကြောင်းထင်သွားပြီ"
ကျွန်တော်က အနိမ့်အမြင်အတက်အကျကင်းသောလေသံဖြင့် လမင်းကြီးကိုကြည့်ရင်း
"ဦး ယုံယုံ၊ မယုံယုံ။ ကျွန်တော်ဦးကို သိပ်ချစ်တယ်။ ဦးပြောသလို ကျွန်တော့်ကိုယ် ကျွန်တော်နားမလည်တာလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ ဒီခံစားချက်တွေက ကျွန်တော့်ရင်ထဲမှာ စစ်မှန်လွန်းတယ်။ ကျွန်တော်ဒါတွေကို ခွဲခြမ်းစိတ်ဖျာကြည့်စရာမလိုလောက်အောင် ယုံတယ်။ ကျွန်တော် ဦးနဲ့ဖြတ်သန်းခဲ့ရတဲ့ အချိန်တိုင်းကို တန်ဖိုးထားတယ်ဆိုတာ ဦးသိပါတယ်။ ဦးမသိတာက အဲဒိအချိန်တွေက ကျွန်တော့်ဘဝမှာ နောက်တစ်ခါပြန်မရနိုင်တဲ့ အကောင်းဆုံးအချိန်တွေပဲ။ အချစ်ဆိုတာ ဒါမျိုးပါလားဆိုပြီး ခံစားမိတဲ့နေရက်တွေပဲ။ ကျွန်တော်ဘယ်လောက်ပဲ နာကျင်ရ၊ နာကျင်ရ နောက်တစ်ခါ ဦးနဲ့ ပထမဆုံးအနေနဲ့ တွေ့အုံးမလားမေးရင်၊ တွေ့အုံးမယ်လို့ပဲ ဖြေအုံးမှာပဲ။ ဒီလိုပဲ ကျွန်တော့်အတိတ်ကို ဖုံးကွယ်ထားမလားမေးရင်လည်း၊ မဖုံးကွယ်ထားဘဲ ထပ်ပြီးပြောပြမိအုံးမှာပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်မဟုတ်တဲ့ ကျွန်တော့်ရဲ့ပုံရိပ်ယောင်ကို ဦးချစ်သွားမှာကြောက်လို့ပဲ။ ဦးနဲ့ ဖြတ်သန်းခဲ့ရတဲ့နေ့ရက်တွေအတွက် နောက်ပိုင်းမှာ ကျွန်တော်ဘယ်လောက်ပဲ နာကျင်ရပါစေ ကျွန်တော့်အတွက်တော့တန်တယ်။"
ပင်လယ်ဆားငန်နံ့တစ်ချို့သယ်လာတဲ့ လေထုကိုတစ်ချက်ရှူရှိုက်လိုက်ပြီး ကျွန်တော့်ရဲ့မပြီးဆုံးသေးတဲ့ စကားတွေကိုဆက်တယ်။
"ကျွန်တော်လက်ခံထားတာတော့ အချစ်ဆိုတာ တစ်ယောက်အကြောင်း တစ်ယောက်သိပြီးတာတောင် လက်ခံပြီး၊ အနည်းဆုံးတော့ နားလည်ဖို့ကြိုးစားပြီး ဆက်ချစ်နေကြတာမျိုး။ မဟုတ်ရင် တစ်စုံတစ်ယောက်ကို တစ်ကယ်ချစ်တာမဟုတ်ဘဲ သူတို့ခေါင်းထဲကဖန်တီးထားတဲ့ သူတို့အတွက် ပြီးပြည့်စုံနေတဲ့ပုံရိပ်ယောင်သက်သက်ကို ချစ်နေတာပဲ။ သိပ်ကိုတစ်ကိုယ်ကောင်းဆန်တယ်။"
နာကျင်စွာနဲ့ တစ်ချက်တုန်ခါသွားတဲ့ အသံနဲ့အတူ
"ဦးလည်း အတူတူပဲ"
စိတ်ကိုလျှော့ချလိုက်တယ်။ သူက တွေတွေကြီးငေးကာ မျက်ရည်တွေစီးကျနေတယ်။ သူ့ခေါင်းထဲမှာ ဘာတွေဖြစ်နေလဲ ကျွန်တော်မသိချင်တော့။ သူမှန်လား၊ ကျွန်တော်မှန်လားလည်း မသိချင်တော့။ ဘာလို့လဲဆိုတော့ ကျွန်တော်သူ့ကိုဆုံးရှုံးရပြီဆိုတာ သေချာနေပြီမို့လို့ပဲ။
သူ့ကို မျက်နှာလွဲကာ သဲသောင်ပြင်ပေါ် တစ်စောင်းအိပ်လိုက်တယ်။ ဒူးကိုကွေးထားကာ ရင်ဘတ်ဆီဆွဲတင်ရင်း မျက်ရည်တွေက နောက်တစ်ကြိမ်ပြန်ကျလာပြန်တယ်။ ခဏတာတည်ငြိမ်သွားတဲ့ ဝေဒနာတွေကရင်ထဲမှာ အရှိန်အဟုန်နဲ့ တစ်ကျော့ပြန်ပြန်တက်လာတယ်။ အားတင်းစရာ နတ္တိဖြစ်နေတဲ့ ဗလာနယ်မြေထဲမှာ ဆွဲခိုစရာကောက်ရိုးမျှင်အယောင်ဆောင်ထားတဲ့ သဘာဝလွန်တန်ခိုးရှင်တွေကို တမ်းတမိတယ်။ အဲဒိတန်ခိုးရှင်တွေထဲက တစ်ယောက်ယောက်ကများ ကျွန်တော့်ကိုကယ်မပေးနိုင်ကြတော့ဘူးလား။
ဒီအချိန်က ကျွန်တော်အကြောက်ဆုံး အချိန်ပဲလေ။ တစ်ယောက်ယောက်ကယ်ပါ။ please….ကျေးဇူးပြုပြီး….။ တောင်းပန်ပါတယ်။ ကျွန်တော့်ရင်ထဲမှာ နာကျင်လွန်းလို့ ခံစားရသက်သာအောင် လုပ်ပေးကြပါတော့။ ကျွန်တော်ဘာပဲ ပေးရ၊ ပေးရ ပေးပါမယ်။ ဒီပူလောင်မှုကို တစ်ယောက်ယောက် ငြှိမ်းသက်ပေးကြပါတော့။ ကျွန်တော် မခံစားနိုင်လို့ပါ။ မျက်ရည်တွေ...မျက်ရည်တွေ….။ ကျွန်တော် ဘယ်လောက်ငိုရင် ဒဏ်ရာသက်သာမှာလဲ။ အတိုင်းအတာတစ်ခုထိ ငိုချလိုက်ရင် သက်သာသွားမှာလားဟင်။ ဒါမှမဟုတ် ဆက်ပြီးနာကျင်နေရအုံးမှာပဲလား။ ဒီခံစားချက်ကြီးက အမြဲတမ်း ကျွန်တော့်ကိုယ်ထဲကနေ လှိုက်စားထိုးဆွနေတော့မှာလား။ တောင်းပန်ပါတယ်။ ကျွန်တော့်ကို ဆက်မခံစားခိုင်းပါနဲ့တော့။ ကျွန်တော့်မှာ ဒီဒဏ်ရာကို တင်းခံနိုင်ဖို့အားအင်တွေ လုံးဝမရှိတော့လို့ပါ။ တောင်းပန်ပါတယ်။
အိမ်မက်က ကျွန်တော့်ဆီမှ လန့်နိုးလာတယ်။ ဆပ်ပြာပူဘောင်းလေး ပေါက်သွားသလိုမျိုး။ ပင်လယ်ပြင်ကြီးက အာရုံဦး နေရောင်အောက်မှာ စိမ်းကားသယောင်ဆောင်နေတယ်။ အိပ်ရာကနိုးလာတည်းက ပါးတစ်ဖက်ကနာနေတာကို ခံစားမိတယ်။ နာနေတဲ့ပါးပြင်က ရင်ထဲမှာတစ်ဆစ်ဆစ်နာနေတဲ့ဒါဏ်ရာကို အချိန်ပြည့်သတိပေးနေတယ်။ မိုးလင်းခါနီးမှ မှေးခနဲတစ်ရေးပဲ အိပ်ပျော်သေးတာကြောင့် ခေါင်းတစ်ခုလုံး နောက်ကျိနေတယ်။ နှလုံးခုန်နှုန်းတွေ မြန်ပြီး၊ ငြီးစီစီကြီး ဖြစ်နေတယ်။ အစားစားချင်စိတ်လည်းမရှိဘဲ အန်ချင်သလိုလိုဖြစ်နေတဲ့စိတ်ကို အံ့တုရင်း အိမ်အပြင်ထွက်လိုက်တယ်။ ဖြူးခနဲတိုက်လိုက်တဲ့လေကြောင့် နည်းနည်းစိတ်သက်သာရာရသွားသလို ခံစားရပေမဲ့ နှလုံးတွေက မရပ်မနားတစ်ဒုတ်ဒုတ်ခုန်နေတုန်းပဲ။ ရင်ဘတ်ကို လက်နဲ့ဖိထားကြည့်တယ်။ ဘယ်လိုမှ နှေးမသွားဘူး။ တစ်ချက်၊ တစ်ချက် ရင်ဘတ်က အောင့်တက်လာတယ်။ စိတ်ကို ခန္ဓာကိုယ်မှာရှိတဲ့ တစ်ခြားအစိတ်အပိုင်းတွေဆီတွန်းပို့ပြီး ခြေဦးတည့်ရာ လျှောက်သွားကြည့်တယ်။ ကျွန်တော်ဘုရားစူး ခြေဦးတည့်ရာ သွားတာပါဗျာ။ ကျိန်ဆိုကျိန်ရဲပါတယ်။ ဒါပေမဲ့ သူ့ရဲ့ဘန်ဂလိုရှေ့ရောက်မှ ဝင်လာတဲ့သတိနဲ့အတူ နောက်ကြောင်းပြန်လှည့်ဖို့ကြိုးစားလိုက်ပေမဲ့ ဘန်ဂလိုအပြင်ကိုအထုပ်တွေသယ်ထုတ်လာတဲ့ သူရဲ့အကြည့်တွေအောက်က ရုန်းမထွက်နိုင်ခဲ့ဘူး။ နောက်ကိုဆုတ်ဖို့စဉ်းစားလိုက်ပေမဲ့ ခြေလှမ်းတွေက ထိန်းချုပ်လို့မရတော့သလိုမျိုး နေရာမှာပဲ ကျောက်ချထားတာခံနေရတယ်။
ဒီလူ၊ မင်းကို စွန့်လွှတ်လိုက်ပြီ။ သူက သွားတော့မယ့်လူ။ တောင်းပန်ပါတယ်။ လှည့်ပြန်ပါတော့လို့ ကျွန်တော့်ခြေထောက်တွေ၊ ကျွန်တော့်ခန္ဓာကိုယ်တစ်ခုလုံးကို အော်ဟစ်တောင်းဆိုပါတယ်။ ဒါပေမဲ့ သူတို့ကတုပ်တုပ်မျှမလှုပ်ဘဲ ရပ်မြဲတိုင်းရပ်နေကြတယ်။ ကျွန်တော်ဆိုတာ ရှိမနေတဲ့အတိုင်းပဲ။ ဟုတ်တယ်။ ကျွန်တော်ဆိုတာ ရှိမနေတဲ့အတိုင်းပဲ။
သူက အထုပ်တစ်ထုပ်ကိုပိုက်ထားရာကနေ ကျွန်တော့်ကိုစေ့စေ့ကြည့်ပြီး ခဏနေတော့မှ
"ဒီနေ့ နေ့လည်မတိုင်ခင် ဦးပြန်တော့မယ်။ လိုက်ပို့မယ်မလား" လို့ပြုံးရင်း ပြောတယ်။
ကျွန်တော်စိတ်ကူးယဉ်နေတာ မဟုတ်ပါဘူး။ သူ့မျက်လုံးတွေ နာကျင်နေတာ ကျွန်တော် သေသေချာချာမြင်နေရတယ်။ သူ့အပြုံးက အရာအားလုံးကို ဖုံးကွယ်ဖို့ကြိုးစားနေမှန်း သိသာလွန်းတယ်။ သူ့ရဲ့ ပုတ်ခတ်ပုတ်ခတ်ဖြစ်နေတဲ့ မျက်တောင်တွေ၊ ဂဏှာမငြိမ်တဲ့ မျက်လုံးညိုညိုတွေ၊ ပြိုလဲတော့မလိုဖြစ်နေတဲ့ ခြေတိုင်တွေ၊ တဆတ်ဆတ်တုန်နေတဲ့ လက်ချောင်းလေးတွေ။ ဒါတွေအားလုံးကို ဦးက အပြုံးလေးတစ်ခုနဲ့ဖုံးကွယ်ချင်တာတဲ့လား။
ဦး ဖုံးကွယ်ထားချင်ရင် ကျွန်တော်ကမမြင်ချင်ယောင်ဆောင်ပေးမှာပါ။ ဦး သိပါတယ်။ ကျွန်တော်က ဦးထားခဲ့ရင် ဦးစိတ်တိုင်းကျနေခဲ့ပေးမယ့် သူဆိုတာ။
"အင်း" လို့ပြောပြီး မချိပြုံးလေးပြုံးပြလိုက်တယ်။
"ဆယ်နာရီပါတ်ဝန်းကျင်လောက်။ ဒီဘက် ဆိပ်ကမ်းကပဲသွားမှာ"
ကျွန်တော် ခေါင်းငြှိမ့်ပြတယ်။ ဖြေးဖြေးချင်း နောက်ကိုလှည့်တယ်။ ကျွန်တော့်ခန္ဓာကိုယ်က ကျွန်တော်ပြောတာတွေကို ဖြည်းဖြည်းချင်းနားထောင်ပေးလာပြီ။ ဦးနဲ့ ဝေးရာဆီကို တစ်လှမ်းချင်း၊ တစ်လှမ်းချင်း...။ အဲဒိအချိန်မှာ ကျွန်တော်အမျှော်လင့်မိဆုံးက နောက်ကနေ နွေးနွေးလေးသိုင်းဖက်လာမယ့် ဦးကိုပဲ။ ဒါမှမဟုတ် သူ့ရဲ့တဒိတ်ဒိတ်ခုန်နေတဲ့ ရင်ဘတ်ထဲထည့်ထားပေးမယ့် ဦးကို ပေါ့။ ဒါမှမဟုတ်ရင်လည်း ကျွန်တော့်ခေါင်းထဲမှာရှိတဲ့ သန်းပေါင်းများစွာသော ကျွန်တော့်ကိုဖမ်းဆွဲထားမယ့် ဦးရဲပုံရိပ်တွေထဲက တစ်ခုခုပေါ့။ ဝမ်းနည်းစွာပဲ ကျွန်တော့်ခေါင်းထဲက ဘယ်စိတ်ကူးယဉ်မှုမျိုးကမှ လက်တွေ့ဘဝထဲ ဝင်မလာခဲ့ဘူး။ ဒီလိုနဲ့ပဲ အိမ်မက်ကကျွန်တော့်ဆီကနေ ကြောက်လန့်တကြား နိုးထလာခဲ့တယ်။
------
အထုပ်အပိုးတွေကို လှေပေါ်တင်နေတဲ့ သူ့ကို ကြည့်ရင်းမျက်ရည်တွေ ဝိုင်းလာတယ်။ အထုပ်တွေ အကုန်တင်ပြီးတော့ သူက လှေပေါ်မတက်သေးဘဲ ကျွန်တော်ရပ်ကြည့်နေတဲ့ဆီကို လျှောက်လာပြီး သူ့ဘောင်းဘီအိတ်ထဲကခရုခွံလေးကို ထုတ်ပြတယ်။
"ဦးတို့ကြားမှာ ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ဦးရဲ့ဘဝထဲမှာ မင်းက အမြဲတမ်းရှိနေမှာပါ။ မင်းကိုသတိရတိုင်း ဒါလေးကအဖော်လုပ်ပေးမယ် ထင်တာပဲ"
သူကနာကျင်စွာ ရယ်တယ်။ သူ့ရယ်သံထဲမှာ နာကျင်မှုတွေ ပြည့်သိပ်လျှံကျနေတာ ခံစားမိတယ်။ ကျွန်တော့်နှုတ်က ပြောစရာစကားလုံးတို့ ကင်းမဲ့နေတယ်။ အပြီးတိုင်ပျောက်ဆုံးသွားတဲ့ ဘာသာစကားတစ်ခုကို စဉ်းစားနေရသလိုပဲ။ နောက်ဆုံးအနေနဲ့ သူ့ကိုတစ်ချက်ပြေးဖက်လိုက်ပြီး ချက်ချင်းပဲ လူချင်းခွာလိုက်တယ်။ ကျွန်တော့်နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်နေပြီး ကျလာတဲ့မျက်ရည်တစ်ချို့ကို ချက်ချင်းလက်နဲ့အမြန်သုတ်လိုက်တယ်။ မျက်ရည်တွေကြားက ပြုံးရင်း ခေါင်းငြှိမ့်ပြလိုက်တယ်။ ကျွန်တော့်ကို စိတ်ချပြီးသွားဖို့ဆိုတဲ့သဘောနဲ့။ သူက ဖြည်းဖြည်းချင်း စက်လှေပေါ်တက်သွားပြီး စက်လှေပေါ်ကနေ ကျွန်တော့်ကို လှမ်းကြည့်နေတယ်။ သူကြည့်နေတုန်းမှာပဲ လှေက ကမ်းစပ်ကခွာပြီး တစ်ဖြေးဖြေး ပင်လယ်ကြီးထဲကို ပျောက်ကွယ်သွားတယ်။ ကျွန်တော့်ရဲ့တစ်ချိန်လုံး မရပ်မနားခုန်နေခဲ့တဲ့နှလုံးက ဖြည်းဖြည်းချင်းတည်ငြိမ်လာတယ်။ နောက်ဆုံး လုံးဝရပ်တန့်သွားတယ်။
---------
ပါတ်ဝန်းကျင်တစ်ခုလုံးကို သိစိတ်က လျစ်လျူရှုထားရင်း ခြေထောက်တွေလမ်းညွှန်တဲ့နောက်ကိုသာ တကောက်ကောက်လိုက်လာရာကနေ အိမ်ကိုဘယ်လိုရောက်လာလို့ ရောက်လာမှန်းတောင်မသိလိုက်ဘူး။ အိမ်ထဲဝင်လာတော့ ဖေဖေရော၊ မေမေရော အိမ်ခန်းထဲမှာစောင့်နေကြတယ်။ ဖေဖေ့မျက်နှာက ဒေါသကြောင့်နီရဲနေတယ်။ မေမေ့မျက်နှာက စိုးရိမ်စိတ်တစ်ဝက် ဒေါသတစ်ဝက်လွန်ဆွဲနေတယ်။
ဖေဖေက ဒေါသနဲ့ ပြေးဝှေ့တော့မယ့် ကျွဲတစ်ကောင်လိုကျွန်တော်ဆီလျှောက်လာပြီး ပါးကိုဖြန်းခနဲရိုက်ချလိုက်တယ်။ အားပြင်းလွန်းတာကြောင့် ကြမ်းပြင်ပေါ်ပုံရက်သားလဲကျသွားတယ်။ မေမေက အံ့ဩနေတဲ့ မျက်နှာပေးနဲ့ ရပ်ကြည့်နေတယ်။
ဖေဖေက
"ငါတို့ကတော့ မင်းကြောင့် ရုန်းကန်လိုက်ရတာ။ မင်းကြောင့် စောက်ပြသနာတွေ တက်လိုက်ရတာ။ လူကြားထဲ မတိုးရဲအောင် စောက်ရှက်မရှိတဲ့ကိစ္စတွေ မင်းအမြဲလုပ်ပြီး ငါတို့က ကြားထဲက မျက်နှာပူရတယ်။ မင်းမရှက်ပေမဲ့ ငါတို့ရှက်တယ်။ မင်း စောက်ရှက်မရှိပေမဲ့ ငါတို့စောက်ရှက်ရှိတယ်ကွ။ ခွေးသား"
ဆိုပြီးလဲကျနေတဲ့ ကျွန်တော့်ကိုခြေထောက်နဲ့ ဆောင့်ကန်တယ်။
မေမေက
"သားရယ် မေမေတို့ ဘာတွေများ သားအပေါ် အပြစ်တွေလုပ်မိလို့ မေမေတို့အပေါ် ဒီလိုလုပ်ရက်ရတာလဲ။"
ပြောရင်းငိုတယ်။ ကျွန်တော် ဘာမှမခံစားရပါ။ အံ့ဩစိတ်လည်း မရှိသလို၊ ထိတ်လန့်တဲ့ စိတ်လည်းဖြစ်မလာ။ အရာအားလုံး ဟာလာဟင်းလင်း ဖြစ်နေတယ်။
ဖေဖေက
"မင်း နောက်ဆုံးတော့ ကိုယ့်ဆီလာတည်းတဲ့ ဧည့်သည်ကိုပါ မြူစွယ်ပြီး ဘုရားမကြိုက်၊ နတ်မကြိုက်တဲ့ကိစ္စတွေ လုပ်ထားတယ်ဆိုတာ ငါတို့သိတယ်ကွ"
ကျွန်တော့်မှာ ပြန်ဖြေစရာစကားမရှိသလို ဖြေရှင်းစရာအကြောင်းလည်းမရှိ။ ဖေဖေက အိမ်ပေါက်ဝနားက တံမြက်စည်းကို ပြောင်းပြန်လှန်ကိုင်ပြီး တစ်ကိုယ်လုံးအားရပါးရရိုက်ရင်း
"မင်းကို ညှာနေလို့။ ကောင်းကောင်း မဆုံးမလို့ ဒီလိုဖြစ်ရတာ။ ငါတို့ အပြစ်တွေလည်း မကင်းဘူး။ နောက်ဆုံးတော့လည်း သား၊ သမီးမကောင်း မိဘခေါင်းဘဲ။ ငါတို့ပဲ အသုံးမကျတာ။"
ကျွန်တော့်တစ်ကိုယ်လုံး ဖွဲအိတ်တစ်ခုလို ခံစားနေရတယ်။ လက်ဝှေ့သမားတွေ လက်ဝှေ့ထိုးတဲ့ ဖွဲအိတ်ကြီးတွေလည်း ဒီလိုပဲနေမယ်လို့တွေးရင်း နားခေါင်းဆီကနေစီးကျလာတဲ့သွေးတွေက ပါးစပ်ထဲညှီစို့စို့နဲ့ဝင်လာကြတယ်။ အရာအားလုံး ဝေဝါးကာ လူတွေအားလုံးကို တီဗွီတွေထဲမှာ အမြန်ရစ်နေသလိုမျိုး မြင်နေရတယ်။ ဗိုက်ကအင့်ခနဲ ဖြစ်သွားတယ်။ တစ်ခါတစ်လေတော့ မျက်နှာတစ်ခြမ်းဆုတ်သွားသလို ခံစားရတယ်။ တစ်ကိုယ်လုံးနာကျင်နေတာကြောင့် ပိုနာတဲ့နေရာကိုပဲ ဦးနှောက်ကသတိထားမိတော့တယ်။ ကျန်တဲ့နေရာတွေက ထုံနေတယ်။ နောက်ထပ် ဘာတွေဆက်ဖြစ်လဲ မမှတ်မိတော့ဘူး။ နောက်ဆုံးမှာ မေမေပဲ ဝင်တားလိုက်သလား၊ ဘာတွေဖြစ်သွားလဲ သေချာမသိဘူး။
သတိရတော့ ကုတင်ပေါ်မှာ တစ်ယောက်တည်းတုံးလုံးလှဲရင်း နှုတ်ခမ်းနားမှာခြောက်ကပ်နေတဲ့သွေးဖတ်တွေကို ခံစားမိတယ်။ တစ်ကိုယ်လုံး နာကျင်နေပြီး လမ်းလည်းမလျှောက်နိုင်ဘူး။ ထလည်း မထနိုင်ဘူး။ ဝမ်းနည်းတဲ့စိတ်လည်း မရှိသလို ပျော်ရွှင်တဲ့စိတ်လည်းမရှိဘဲ မှောင်ထဲကပျပျလေးမြင်နေရတဲ့ နံရံကိုငေးရင်း အချိန်တွေတစ်နာရီပြီး တစ်နာရီကုန်လွန်သွားတယ်။ ကျွန်တော့်ဆီကို အရောက်လာဖို့ ခြေလှမ်းတွေကတော့ ပျောက်ဆုံးနေခဲ့ဆဲပဲ။
ဒီနေရာလေးမှာစခဲ့တဲ့ ကျွန်တော်တို့ဇာတ်လမ်းကို ဒီနေရာမှာပဲ အဆုံးသတ်လိုက်ချင်တယ်။ ထူးထူးဆန်းဆန်းပဲ ကျွန်တော့်စိတ်တွေထဲ ပေါ့ပါးနေတယ်။ တကယ်တော့အဆုံးသတ်တွေဟာ ထင်သလောက်လည်း ကြောက်ဖို့မကောင်းပါလား။
လေအဝှေ့မှာ ကျွန်တော်ဝတ်ထားတဲ့ သူ့ရဲ့ဟာဝိုင်အီရှပ်ပါးပါးလေးက ကျွန်တော့်ကိုယ်ပေါ်ကနေ ထွက်ပြေးချင်နေတယ်။ တော်မှမတော်ဘဲကိုး။ ကျွန်တော်တို့အချစ်တွေလိုပါပဲလား။
ဒါပေမဲ့ကျွန်တော်ရဲ့နောက်ဆုံးခရီးမှာ ဒါလေးကိုမထားခဲ့နိုင်ဘူး။ သူ့ရဲ့အငွေ့အသက်တွေကို ကျွန်တော်နဲ့အတူယူသွားချင်တယ်။ ပခုံးဘက်ကို ခေါင်းလေးလှည့်ပြီး အင်္ကျီလေးကိုတစ်ချက်နမ်းရှုပ်လိုက်တယ်။ သစ်တောထဲမှာ သူ့ကိုတင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားရတဲ့ အနံ့မျိုး။
ကျွန်တော့်ရဲ့နောက်ဆုံးကဗျာလေးကို စာရွက်အဝါလေးပေါ်မှာရေးပြီး အခန်းထဲမှာ စာအိတ်လေးထဲထည့်ပြီး စားပွဲပေါ်တင်ထားခဲ့တယ်။ ဒီကဗျာလေးကိုပဲ ကျွန်တော့်ဖုန်းထဲမှာ အချိန်သတ်မှတ်ပြီး သူ့ဆီကိုပို့ထားခဲ့တယ်။ နက်ဖြန်လောက်ဆို သူ့ဆီရောက်မှာပါ။
ကျွန်တော့်စိတ်ထဲမှာ ဘာကိုမှ အပြစ်တင်ချင်စိတ်လည်းမရှိသလို၊ ဘာကိုမှတောင့်တမိတဲ့စိတ်လည်း မရှိတော့ဘူး။ အရာအားလုံးဟာ အေးချမ်းစွာ၊ ပျော်ရွှင်စွာနဲ့ပဲ ဦးရဲ့အငွေ့အသက်တွေကို တမ်းတရင်းနဲ့ ဖိနပ်နှစ်ဖက်လုံးကိုကမ်းစပ်မှာ ချွတ်ချထားခဲ့လိုက်တယ်။ ခြေဗလာနဲ့ ပင်လယ်ကြီးဆီကို တစ်လှမ်းချင်းတစ်လှမ်းချင်း လျှောက်သွားလိုက်တယ်။ ပင်လယ်ကြီးကတော့ ကျွန်တော့်ကိုလက်ခံပေးမှာပါ။ ကမ်းစပ်ပေါ်မှာတော့ ဖိနပ်လေးတစ်ရံကို ကျွန်တော် ဒီကမ္ဘာကြီးပေါ်မှာ တည်ရှိခဲ့ဖူးတယ်ဆိုတဲ့ အမှတ်တရအနေနဲ့ ချန်ထားပေးခဲ့လိမ့်မယ်။
---------
မင်းအတွက်ထားခဲ့တဲ့ဖိနပ်တစ်ရံ
ကမ်းခြေပေါ်မှာ ဖိနပ်တစ်ရံထားခဲ့တယ်။
တကယ်လို့များ မင်းလိုက်လာခဲ့ရင်။
ကိုယ့်ကိုလိုက်ရှာရတာ ပင်ပန်းနေမှာစိုးလို့ပါ။
အုန်းပင်တွေကို ငေးကြည့်ရင်း။
ပင်လယ်ရေရိုက်ခက်သံကို နားထောင်ကောင်းနားထောင်နေမယ့် မင်းအနားမှာ၊
ကိုယ်ရှိနေချင်ပါသေးတယ်။
ကြယ်သီးအကုန်ဖြုတ်ထားတဲ့ ဟာဝိုင်အီရှပ်က လေထဲမှာဝဲနေတယ်။
မင်းရဲ့အနောက်မှာ ကျိုးနေတဲ့အတောင်ပံတွေလိုပဲ။
တစ်နည်းပြောရရင် ကိုယ့်လိုပေါ့။
ပေါင်ရင်းနားရောက်နေတဲ့ အဝါရောင်ဘောင်းဘီတိုနဲ့၊
ကမ္ဘာကြီးကို ပိုင်သလိုပြုံးတတ်တဲ့ မင်းရဲ့နှုတ်ခမ်းတွေကို၊
ကိုယ့်ရဲ့ လက်ချောင်းလေးတွေနဲ့ စမ်းသပ်ကြည့်ချင်တယ်၊
မနာပါဘူး။
လိပ်ပြာလေးနားသွားသလိုပဲ ခံစားရမှာပါ။
ခဏကြာရင်တော့ ပျောက်ကွယ်သွားမှာပေါ့။
ကိုယ်ဟာ ကိုယ့်ထဲမှာ ပိတ်မိနေတယ်။
ကိုယ့်ကို လက်တစ်ဖက်ကမ်းပေးမယ့်သူကို စောင့်နေမိတယ်။
ပိတ်လှောင် သိမ်းဆည်းထားတဲ့အချစ်တွေ အများကြီးရှိနေတယ်။
အကုန်လုံးဟာ မင်းအတွက်ပဲ။
ဘာကြောင့်ရောက် မလာခဲ့တာလဲ။
မနက် ၃နာရီလောက်။
ဂျေဒီတစ်ပုလင်းနဲ့ လှိုင်းသံတွေကို နားထောင်ရင်း၊
လေအတိုက်မှာ ယိမ်းခါနေတဲ့ ထန်းပင်တွေကို မှတ်မိလား၊
ကိုယ်မှတ်မိသလောက်တော့ အပူရှိန်ရှိတာဆိုလို့ ဂျေဒီရယ်၊
ကိုယ့်ကျောပေါ်မှာ ဖွဖွလေးသိုင်းဖက်ထားတဲ့မင်းရယ်၊
တကယ်တော့ မင်းက မပူပါဘူး ခပ်နွေးနွေးလေးရယ်ပါ၊
မင်းမသိခဲ့တာက မင်းရဲ့ကိုယ်အပူချိန်နဲ့တင် ကိုယ်ဟာအရည်ပျော်သွားနိုင်တယ် ဆိုတာပါပဲ။
တစ်ဒိုင်းဒိုင်းခုန်နေခဲ့တဲ့နှလုံးဟာ မင်းကြောင့်လို့ထင်ခဲ့တာ တစ်စိတ်တစ်ပိုင်းတော့မှန်နေတုန်းပါပဲ။
လူတွေ အော်ဟစ်ကြမယ်။
အထူးအဆန်းအနေနဲ့ ဝိုင်းကြည့်ကြမယ်။
ပြီးရင်တော့ သူ့အလုပ်သူ ဆက်လုပ်ကြလိမ့်မယ်။
မင်း မတွေ့တာ ကိုယ်ဝမ်းသာပါတယ်။
မင်းပြန်တော့ မျက်ရည်တွေ စီးကျနေခဲ့တဲ့ကိုယ်ဟာ အမှတ်ရဖို့ပိုကောင်းမှာပါ။
ကိုယ် မင်းကို အမြဲတမ်းမှတ်မိသွားစေချင်တာတစ်ခုက အဖြစ်အပျက်တွေဟာ မင်းနဲ့မဆိုင်ပါဘူး။
ဒါဟာ ကိုယ်မလိမ်တဲ့ အမှန်တရားပါ။
မင်းဘဝမှာ ခဏတစ်ဖြုတ်ပဲဖြစ်ဖြစ် နည်းနည်းလေးတောင် မင်းကြောင့်လားဆိုတဲ့အတွေးကို မတွေးမိပါစေနဲ့။
အဲဒါက ကိုယ်အကြောက်ဆုံးတွေထဲက တစ်ခုပါ။
မပူပါနဲ့။
မင်းကြိုက်တဲ့ alternative သီချင်းတွေရယ်။
ဗင်းတေ့ဆန်ဆန်ဂျင်းဘောင်းဘီက ဒေစီတွေရယ်နဲ့။
မင်းစွဲလန်းတဲ့အီလီယိုရဲ့ကကွက်တချို့ကို မင်းနှလုံးသားထဲမှာ ကြိုးစားကနေတာ မင်းတွေ့ရအုံးမှာပါ။
မင်းရဲ့ ဘယ်ဘက်ရင်ဘတ်လေးကို ခဏလောက်ငုံ့ကြည့်လိုက်ဖို့ပဲလိုတာပါ။